စိတ်ရှုပ်တာတွေပျောက်အောင်ဆိုပြီး ဒီတပတ်အတွင်း တနေ့တနေ့စီအတွက် ကန်ဒီ့ကိုပျော်စေတဲ့အရာတွေကို ဓာတ်ပုံရိုက်မယ်လို့ ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ်ချက်ချဖြစ်တယ်။ အခုရေးနေတဲ့ပိုစ့်အတွက် အိုင်ဒီယာအသစ်လည်း ဖြစ်မယ်ပေါ့။ ကန်ဒီ့အကြံအစည်က တ၀က်ပဲအောင်မြင်တယ် ပြောရမယ်...
► Tuesday
Vivo City နားက Sentosa Boardwalk မှာ လမ်းလျှောက်ဖြစ်တယ်။ ကန်ဒီတို့ ထိုင်မယ်ဆိုပြီး ရွေးလိုက်တဲ့နေရာက မရည်ရွယ်ဘဲ စံပယ်ရုံဘေးဖြစ်နေတယ်။ သူတို့ဘယ်လိုစိုက်ထားတယ် မသိဘူး၊ စံပယ်ရုံက တော်တော်ကြီးတယ်။ ကန်ဒီစင်္ကာပူမှာ အဲ့လိုစံပယ်ရုံမမြင်ဖူးသေးဘူး။ မွှေးးးနေတာပဲ။ စံပယ်နဲ့ ခရေက ကန်ဒီအကြိုက်ဆုံးပန်းလို့ ပြောဖူးတယ်နော်။ ကန်ဒီ Facebook မှာ ဖတ်ဖူးတဲ့စာလေးကို အမှတ်ရသွားလို့တောင် ပြောပြဖြစ်သေးတယ်။ ပန်းတွေက အရောင်ပါလာလေ အနံ့ပြယ်လေပဲတဲ့။ အဲ့ဒါမှန်တယ်နော်။ များသောအားဖြင့် အဖြူရောင်ပန်းတွေက ပိုမွှေးတတ်ကြတယ်။
ည(၉)နာရီလောက်ကြတော့ ကန်ဒီတို့ထိုင်နေတဲ့နေရာနဲ့ နီးနီးလေးမှာပဲ Sentosa ဘက်က မီးပန်းတွေဖောက်တယ်။ အဲ့အချိန်မီးပန်းတွေဖောက်တတ်တာ သိပေမယ့် ကန်ဒီတို့ထိုင်နေတဲ့နေရာနဲ့ ဒီလောက်နီးလိမ့်မယ့်လို့ မထင်မိဘူး။ အရမ်းးးးလှတယ်။ ကန်ဒီပျော်လို့ ပါးစပ်မပိတ်တော့ဘူး၊ ပြုံးနေတာ ဟဟဟ :D
► Wednesday
► Wednesday
အဲ့ဒီနေ့ညစာကို အိမ်မှာပဲ စားဖြစ်တယ်။ ကိုလေးရန်ကုန်ခဏပြန်တော့ အမေက ကိုလေးနဲ့ဟင်းတွေ ပြန်ထည့်ပေးလိုက်တယ်။ ကန်ဒီ့ညီမ ကိုလေးတို့အိမ်ကနေ သွားယူလာတာ တနင်္ဂနွေနေ့လောက်ကတည်းက... ဒါပေမယ့် မအားတာရော၊ အိမ်မှာမစားဖြစ်တာရောနဲ့ပေါင်းပြီး ဖွင့်မကြည့်မိဘူး (အမေသိရင်ဆူမှာ :P)။ အိမ်မှာထမင်းစားမယ်ဆိုမှ ဖွင့်ဖြစ်တယ်ဆိုပါတော့။ ဟိုတခေါက်က ထည့်ပေးလိုက်တဲ့ ငါးပတ်မွှေကို ကြိုက်တယ်လို့ ပြောထားတော့ အမေကမမေ့မလျော့ ဒီတခေါက်လည်း ငါးပတ်မွှေကြော်ထည့်ပေးလိုက်တယ်။ သတင်းစာစက္ကူလေးနဲ့ထုပ်ထားတဲ့ အထုပ်သေးသေးလေးကို ဘာလဲဆိုပြီး ဖွင့်ကြည့်မိတော့ ငရုတ်သီးတောင့်တွေ ဟဟ(xD)။ ထင်တော့ ထင်ပါတယ်၊ အမေက ရန်ကုန်က သံပရာသီးတွေ၊ ငရုတ်သီးတွေ၊ တခါတလေဂျင်းတွေကိုလည်း အဲ့လိုသတင်းစာနဲ့ထုတ် ထည့်ပေးတတ်တယ်။ ငါးပတ်မွှေနဲ့ အဲ့ဒီငရုတ်သီးထုပ်လေးမြင်တော့ ပြုံးမိတယ်။ မိဘမေတ္တာဆိုတာ ဘယ်အရာနဲ့မှ အစားထိုးလို့မရပါဘူး။
► Thursday
ဘုရားပန်းအသစ်လဲထားတော့ စိတ်ထဲအလိုလိုနေရင်း ကြည်နူးတယ်...
ဆံပင်ညှပ်လိုက်တယ်။ အချွန်ညှပ်ထားတော့ အရှေ့ကကြည့်ရင် အဲ့လောက်တိုသွားတယ်။ အနောက်ကတော့ နည်းနည်းရှည်ရှည်ကျန်သေးတယ်။ ခေါင်းတော်တော်ပေါ့သွားတယ် :D
သောကြာနေ့ကြတော့ ဘာမှထူးထူးခြားခြား ပျော်စရာမရှိဘူး။ စနေနေ့ကြတော့ Stock Take OT ဆင်းပြီး အလုပ်ကပြန်လာတော့ ခေါင်းကိုက်လို့ဘာမှမလုပ်နိုင်ဘူး။ ဒီနေ့ကတော့ စိတ်မကောင်းအဖြစ်ဆုံးနေ့ပဲ။ ကန်ဒီ့ဟမ်းစတားလေးတစ်ကောင် သေသွားတယ်(T_T)။ ဟိုနေ့ကတင် အကောင်းကြီးရှိသေးတယ်။ ကန်ဒီအချစ်ဆုံးအကောင်လေး... သူကအ၀ဆုံးနဲ့ အကျန်းမာဆုံး... ဘာလို့သေသွားလဲ စဉ်းစားလို့မရဘူး။ ဒီနေ့သူတို့အိမ်သန့်ရှင်းရေးလုပ်ပေးမယ်ဆိုတော့ သူကမလှုပ်တော့ဘူး။ အစကအိပ်နေတာထင်လို့ အစာတွေဘာတွေနဲ့ နိုးလာအောင် စ,နေသေးတယ်။ ဘယ်လိုစ,စ,မလှုပ်တော့မှ သေနေမှန်းသိတာ။ နေမကောင်းဖြစ်ပြီး သေတာဆိုလည်း ဟုတ်တုတ်တုတ်... ခုဟာက အကောင်းကြီးကနေ ဗြုန်းဆိုသေသွားတာ။ ကန်ဒီတစ်ခုခုအမှားလုပ်မိလို့ သေသွားတာမျိုး ဖြစ်မှာစိုးတယ်။ သူကတစ်နှစ်ခွဲဆိုတော့ သက်တမ်းကတော့ ပြည့်နေပါပြီ :(
Mommy "Butter" နဲ့ သူငယ်ငယ်ကပုံ (March 2013)
Rest In Peace Baby Cookie...
You will always be in my heart :(
Good Night^^
6 comments:
cookie အတွက် တကယ်စိတ်မကောင်းပါဘူး...။ ကန်ဒီ့ဆံပင်ရှည်ကြီး နှမြောစရာကွယ်..။
ဆုံးပါးသွားတဲ့ ဟန်စတာလေး ကောင်းမွန်ရာရောက်ပါတယ်။ ဖြစ်နိုင်ရင် လူ့ဘ၀ရောက်လာပါစေ။ လူ့ဘ၀ ရောက်ပြီး ပိစိလေးကို မှတ်မိနို်င်ပါစေ။ ချစ်လဲ ချစ်နိုင်ပါစေ။
ဆံပင်ရှည်ရှည် ရင်ဖုံးအင်္ကျီ လုံချည်လေးနဲ့ဆို ပိစိက ကျက်သရေ အလွန်ရှိပါသည်။ အခုပုံစံအတိုင်းလဲ လှပါသည်။
ကွင်ကပြောနေတယ် ကန်ဒီတို့များငါ့လာတောင်မတွေ့ဘူးတဲ့ :P
တနှစ်ခွဲဆိုတော့သံယောစဉ်ဖြစ်နေပြီပေါ့နော်။
တိရစ္ဆာန်လေးတွေမွေးရင်အဲလိုခံစားရလွန်းလို့ နောက်ပိုင်းလုံးဝမမွေးတော့ဘူး။
ပျော်ရွှင်ပါစေ။
အိုင်အိုရာ
Thank you for sharing idea by taking picture that make us happy for a day. So sorry for your lost cookie lay.
-J
ဒီတစ်ခေါက် အိုင်ဒီယာ တစ်ဝက်အောင်မြင်ရင် နောက်တစ်ခေါက် ရာနှုံးပြည့် အောင်မြင်မှာပါ....
စပယ်နဲ့ခရေ.. တီတင့်လဲနှစ်သက်တယ်...
ဆံပင်ပုံစံပြောင်းသွားလဲ သကြားလုံးလေးက ချစ်စရာကောင်းနေဆဲပါ ... ဘယ်တော့မဆို သွက်လက်ပြီး ချစ်ဖို့ကောင်းတယ်...
လူ့သဘောသဘာဝ သံယောဇဉ်တွယ်ညိတတ်ပေမယ့် အရာရာမှာ ရှိသင့်တဲ့ သံယောဇဉ် ထားနိုင်ရင် အကောင်းဆုံးပဲ သကြားလုံးလေးရေ....
Post a Comment