Tuesday, September 9, 2014

Sorrow

ည(၁၀)နာရီ...
အလုပ်ကပြန်လာကတည်းက ကုတင်ပေါ်မှာအိပ်ပျော်သွားတာ ခုနကမှနိုးတယ်။ ရေချိုး၊ ထမင်းစားပြီး လူကပြူးကြောင်ကြောင်လေး ဖြစ်နေတယ်။ တနည်းအားဖြင့် စာရေးလို့ကောင်းတဲ့ အချိန်ပေါ့။ သူကြီးမင်းရော၊ အစ်မမိုးငွေ့ရောက Challenge လုပ်ထားတယ်။ ဘာပိုစ့်တင်တင်၊ နှစ်ပတ်အတွင်းပိုစ့်တစ်ပုဒ် တက်ရင်ပြီးရော ဆိုလို့ကတော့ ကန်ဒီ့အတွက် ပူစရာမလိုပါဘူး ဟီးဟီး(:D :D)။ အဲ့လိုမဟုတ်ဘဲ ဒီခေါင်းစဉ်နဲ့ရေးပါ ဆိုတာမျိုး ဆိုရင်တော့ ကန်ဒီတို့ ဦးနှောက်ခြောက်ပြီ(:D)။ ကန်ဒီက ပိုစ့်လည်းတင်တယ်၊ အလှူငွေလည်း ထည့်ပြီးသွားပြီနော် ^_~


စနေနေ့ကချက်တဲ့ ကြက်သားကာလသားဟင်း၊ ငရုတ်သီးထောင်းနဲ့ အရွက်ကြော်။ ငရုတ်သီးထောင်းထက် ငပိထောင်းနဲ့ဆို ပိုလိုက်တယ်။ တပတ်မှာ တစ်ခါလောက်ပဲ ချက်ဖြစ်တယ်။ ကျန်တဲ့ရက်တွေက အပြင်မှာစားရင်စား၊ ဒါမှမဟုတ်ရင် ဖြစ်သလို ကြက်ဥကြော်စားတယ်။ အမေ့ကို သတိရတယ်။ သူလာလည်မယ်ဆိုပြီး ခုထိမလာသေးဘူး။ တချို့က ကန်ဒီ့ကိုတစ်နှစ်တစ်ခါ ရန်ကုန်မပြန်ဘဲ နေနိုင်တယ်နော်တဲ့။ စဉ်းစားကြည့်ရင် ရန်ကုန်မှာ အမေတို့ကလွဲလို့ ဘယ်သူမှမရှိဘူး။



"Teacher Day" အမှတ်တရ ဘုန်းကြီးကျောင်းက ကလေးလေးပေးတာ။ ကန်ဒီ့သူငယ်ချင်းတစ်ယောက်က ပြောတယ်။ တစ်ပတ်မှာ (၇)ရက်ရှိတာ တစ်ရက်မှ အိမ်မှာမနားဘူးတဲ့။ သူပြောမှ ကိုယ့်ကိုကိုယ်သတိထားမိတယ်။ သူက ကန်ဒီ့ကို အနားယူဖို့ လိုတယ်တဲ့။ ကန်ဒီ့အတွက်တော့ အပတ်တိုင်းတနင်္ဂနွေဆို ကလေးတွေနဲ့ စကားပြောရရင် အမောတ၀က်ပြေပါတယ် ^_^

တော်တော်များများက ကန်ဒီ့ကို အရာအားလုံးပြီးပြည့်စုံပြီး Perfect ဖြစ်တဲ့ မိန်းကလေးတစ်ယောက်လို့ မြင်ကြတယ်။ ကန်ဒီ့မှောင်နေတဲ့ ကမ္ဘာတစ်ခြမ်းကို မြင်ရင်ရော အဲ့လိုတွေးကြဦးမှာလား... ဒီအမှောင်ထုကိုခွင်းမယ့်အလင်းဆိုတာ ရှိမယ်လို့ ကန်ဒီမထင်ဘူး။ ဒီရက်ပိုင်းအတွင်းမှာပဲရတဲ့ မှတ်ချက်လေးတစ်ခုကို သဘောကျတယ်... ကန်ဒီက ပွင်းလင်းသလိုလိုနဲ့ လျှို့ဝှက်တယ်တဲ့။ သူကဘာကိုကြည့်ပြီး ပြောမှန်းသေချာမသိပေမယ့်... အရမ်းမှန်တဲ့ မှတ်ချက်တစ်ခုပါ။

ကန်ဒီ့မှာ ကိုယ်ရထားတဲ့ဘွဲ့နဲ့ကိုက်ညီပြီး ကိုယ်ပျော်ရွှင်ကျေနပ်တဲ့ အလုပ်တစ်ခုရှိတယ်။ ကိုယ်ဝါသနာပါတဲ့ ဆရာမအလုပ်လည်း ဘုန်းကြီးကျောင်းမှာ Volunteer လုပ်ခွင့်ရတယ်။ ခုဆို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အပြင် အမေတို့ကိုတောင် ပြန်ကန်တော့နိုင်ပြီ။ အရာရာပြီးပြည့်စုံနေရဲ့သားနဲ့ ဘာလို့စိတ်ဓာတ်ကျစရာတွေ စဉ်းစားနေတာလဲဆိုပြီး တခါတလေ တွေးမိတယ်။ ကန်ဒီကိုယ့်ကိုကိုယ် အမြဲအလုပ်ရှုပ်နေစေတာ အဲ့လိုအတွေးတွေမ၀င်မိအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ်။



ကန်ဒီအရမ်းသဘောကျတဲ့ပုံ... သူ့မျက်နှာပေါ်မှာ စကားလုံးတွေရှိတယ်။ အဲ့ဒီပန်းချီကားကို ကန်ဒီ "Sorrow" လို့ နာမည်ပေးထားတယ်။ လက်ဆောင်ပေးတဲ့သူကို ကျေးဇူးတင်တယ်။

သူကြီးမင်းက Challenge ပိုစ့်တင်ပြီးရင် Facebook Group မှာ ရှယ်ဖို့ရေးထားပေမယ့် ကန်ဒီကတော့ မရှယ်တော့ပါဘူး။ ကန်ဒီ့စာတွေက ရှယ်လို့ကောင်းတဲ့ ပိုစ့်ကောင်းကောင်းတွေလည်း မဟုတ်တော့ တိုးတိုးတိတ်တိတ်ပဲ ဖတ်ကြပေါ့ ဟဟ(xD)။ ဘလော့ဂါ(၁၀)ယောက်ကို Challenge ထပ်လုပ်ရမယ်တဲ့ Humm... (၁) မိုးသက် (၂) မြတ်ကြည် (၃) မမအိုင်အိုရာ (၄) နန်းရွှေမှုံ (၅) မဗေဒါ (၆) အသူ (၇) မကြီးလွမ်း (၈) မပူပူး (၉) မေသင်း (၁၀) သမီးစံ...

အားရင် ပိုစ့်လေးတွေ တင်ကြပါ...
Good Night^^

9 comments:

နန်းရွှေမှုံ said...

အိ နန်းလည်းပါတယ်လား။ နန်းက စာရေးတတ်တာမဟုတ်ဘူးလေ။ တူညားကိုရင်ထုန်အောင်လုပ်တယ်...။ ဟင့် ဟင့် ^_^

မြတ်ကြည် said...

Challenge accepted :P

Ma Tint said...

သကြားလုံးလေးက အလှူငွေလဲထည့် စိန်ခေါ်တာလဲရေး.. တော်တယ်။ MBCD မှာပြန်ရှယ်တော့ ဘလော့ဂါအားလုံး ဖတ်ဖြစ်တာပေါ့ သကြားလုံးလေးရယ် ပို့စ်တိုင်းသူ့အရည်အချင်းနဲ့သူတော့ ရှိတာချည်းပါပဲ... တီတင့်ထဲမှာ လင့်ခ်မရှိသေးတဲ့ ဘလော့ဂါတွေ ထပ်ချိတ်ခွင့်ရလို့ ကျေးဇူးပါ သကြားလုံးလေးရေ..

Iora said...

ရော်...တနေ့ ကပဲစန်းထွန်းအချွန်နဲ့ မထားလို့ ရေးလိုက်ပြီလေ။
ကိုယ့်စာကကန်ဒီ့စာထက်စာရင်ပိုအနှစ်သာရမဲ့တယ်။
မမအို်င်အိုရာ၊ တီတီအိုင်အိုရာ

မဒမ်ကိုး said...

ချဲလင့်ခေါ်မလို့ဘဲ သွသူတောင်လျှာထွက်နေတာ အနည်းဆုံးငါ့ထက်တော့ သူကမှရေးသေးတယ်ဆိုပြီးမရေးတဲ့သူတွေလှိမ့်ပိတ်ခေါ်ရတာ ဟဟ :P

မိုးငွေ့........ said...

ကျေးဇူးတင်ပါတယ် သမီး....။ ဘာပဲဖြစ်ဖြစ် မှတ်တမ်းပုံစံမျိုးနဲ့ရေးတဲ့သူ ရှားတယ်လေ သမီးဘလော့လေးက မိုက်ဖေးဘရိတ်ထဲမှာပါတယ်သိလား...။ ပန်းချီကားလေးကို သိပ်ကြိုက်တယ်..။

ကိုကိုမောင်(ပန်းရနံ့) said...

အင်းးးးးး ဒီချဲလင့်ကို တုန့်ပြန်ပြီးပြီဆိုတော့ နောက်ထပ် ချဲလင့်လုပ်ရ ရပြန်ပြီပေါ့။း)

ပိစိဘလော့လေးက စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ပြောတာပြောရတယ်။
ပိစိကမှ ဘကုန်းချစ်သူအစစ်။ ဖဘမှာ သိပ်မတွေ့ရပေမဲ့ ဘကုန်းရွာမှာတော့ ပုံမှန်လေး လည်ပတ်နေတယ်။

များများရေး များများတင်တော့ မြန်မြန်ဖတ်ရတာပေါ့။း)

မိုးသက် said...

အခန်းဆက်ရေးနေတဲ့ကြားက တဂ်ပေးတော့လည်း ငါကိုယ်တော်မြတ် ရေးပေးရသေးတာပေါ့..။
ညနေ ဘောပွဲအပြီး ရေးမည် B|
ခိခိ :D

May Thinn said...

မေသင်း ပြန်လာပြီ မမကန်ဒီ. ဟီးဟီးး