Tuesday, October 14, 2014

Follow the Light

သီတင်းကျွတ်ဆိုတော့ ထုံးစံအတိုင်း အစ်မတို့အိမ်သွားပြီး ကန်တော့တယ်။ စင်္ကာပူမှာ မိသားစုလိုခင်တာ ဒီအစ်မမိသားစုပဲရှိတာဆိုတော့ တစ်ခုခုဆို သူတို့ကိုပဲ သတိရတယ်။ ကန်ဒီဖျားရင် ဂရုတစိုက်ဆေးခန်းလိုက်ပို့ပေးတတ်တာလည်း သူတို့ပဲလေ။ အလုပ်မလုပ်ခင်ကဆိုလည်း တချိန်လုံးအစ်မတို့အိမ် သွားသွားရှုပ်တတ်တာ။ ကိုယ်ဝယ်တဲ့လက်ဆောင်တွေ ကိုယ့်ဟာကိုယ်စိတ်တိုင်းကျတယ်။ အစ်မအတွက် နှုတ်ခမ်းနီ... အစ်ကို့အတွက် Massager... မီးမီးလေးအတွက်က လက်သည်းဆိုးဆေး ^_^


"Tarte Amazonian Clay" အဲ့ဒီ Brand ကို သုံးကြည့်ချင်နေတာ ကြာပြီ။ အဓိက,က တိရိစ္ဆာန်နဲ့ စမ်းသပ်ထုတ်ထားတာ မဟုတ်တော့ အရမ်းပြင်းတဲ့ Chemical တွေမပါဘူး။ နောက် တိရိစ္ဆာန်ညှင်းပန်းမှုကိုလည်း တားဆီးရာရောက်တယ်။ အစ်မအတွက် နှုတ်ခမ်းနီကလည်း အဲ့ကပဲဝယ်ပေးလိုက်တာ။ ကိုယ့်အတွက်ကိုယ်က BB Tinted Moisturizer :D

Foundation လည်း ရှိတယ်။ နေ့စဉ်အလုပ်သွားတာကျတော့ အမြဲ Foundation ထူထူကြီး မလိမ်းနိုင်ဘူးလေ။ အဲ့ဒါနဲ့ ပေါ့ပေါ့ပါးပါး Tinted Moisturizer လေးပဲ ၀ယ်လိုက်တာ။ မဆိုးပါဘူး။ Moisturizer လိမ်းရသလိုပဲ။ ဘာမှထွေထွေထူးထူး Cover မလုပ်ပေးဘူး။ အစက်အပြောက်တွေ ဘာတွေလည်း မဖုံးပေးနိုင်ဘူး။ လိမ်းထားရင် လိမ်းထားမှန်း လုံးဝမသိအောင်ကို Light ဖြစ်တယ်။ တွေးကြည့်မယ်ဆို မတန်ဘူးလို့တော့ ပြောလို့ရတယ် ဟဟ။ ဟုတ်တယ်လေ... ဈေးကြီးကြီးပေးဝယ်ပြီး ဘာမှထူးထူးခြားခြား မလုပ်နိုင်ဘူးဆိုတော့။ ဒါပေမယ့် တဖက်ကကြည့်မယ်ဆိုလည်း ပေါ့ပေါ့ပါးပါးလေးမို့ အသားအရည်အတွက် အကျိုးရှိတာပေါ့။


လာမယ့်အပတ်တနင်္ဂနွေနေ့ Topayoh ဘုန်းကြီးကျောင်းမှာ စတုဒီသာရှိတယ်။ အစားအသောက်တွေမှ အများးးးးကြီးးးးပဲ။ သွားချင်တယ်။ ဒါပေမယ့် လောလောဆယ်အဖော်မရှိသေးဘူး။ ကိုလေးကို မေးကြည့်ဦးမယ်။ သူသွားရင် ကပ်လိုက်သွားလို့ရတယ် (ခေါ်ရင်ပေါ့)။ ကိုယ့်မခေါ်ဘဲ သူ့ကောင်မလေးနဲ့ သွားရင်တော့ :(

အလုပ်နားက ပါစီမာလန်းက ၀ယ်လာတာ။ "Putu Piring" လို့ခေါ်တဲ့မုန့်။ ကန်ဒီ့သူငယ်ချင်း Recommend လုပ်တာ။ မြန်မာပြည်က မုန်စိမ်းပေါင်းအသားနဲ့တူတယ်။ အထဲက ထန်းညက်လိုမျိုး... ချိုတော့အရမ်းချိုတယ် (ကန်ဒီက အချိုမကြိုက်ဘူး)။ ဒါပေမယ့် စားလို့ကောင်းတယ်။ ငါးခု နှစ်ဒေါ်လာ... အလုပ်က အန်တီကြီးကိုပါ ကျွေးတယ်။


တခါတလေ ဘယ်သူ့ကိုပေးမယ်ဆိုတာ မစဉ်းစားရသေးဘဲ ပိုပိုဝယ်တတ်တဲ့ အကျင့်ရှိတယ်။ တခါတလေကျတော့ သူများကြိုက်တယ်လို့ပြောဖူးတဲ့အရာက ကိုယ်မျက်စိရှေ့ရောက်နေရင် ၀ယ်တယ်။ ပြီးရင် သူ့ကိုလက်ဆောင်ပေးလိုက်တယ်။ အဲ... မကောင်းတဲ့အကျင့်က ဘာဝယ်ရမလဲစဉ်းစားမရရင် မွေးနေ့တွေဘာတွေဖြစ်နေလဲ ဘာဆိုဘာမှမပေးတတ်ဘူး။ ကန်ဒီ့စိတ်က ခန့်မှန်းရခက်တယ်။

ကန်ဒီ့ကို ဒီတစ်နှစ်အတွင်းမှာ နေတာထိုင်တာ ပြောတာဆိုတာကအစ ပိုရင့်ကျက်လာတယ်တဲ့။ ဟိုးးဟိုးးးးအရင်နှစ်တွေနဲ့ယှဉ်ရင် ပိုရင့်ကျက်လာတာတော့ ကိုယ့်ကိုကိုယ်သိတယ်။ ဒါပေမယ့် ဒီတစ်နှစ်အတွင်းမှလား ဆိုတာတော့... Humm... 


လူတစ်ယောက်ကပြောတယ်။ မျက်လုံးစုံမှိတ်ထားသ၍တော့ အလင်းဆီရောက်မှာ မဟုတ်ဘူးတဲ့။ အမှောင်ထဲကလွတ်မြောက်ချင်ရင် မျက်လုံးအစုံကိုအရင်ဖွင့်ပြီး အလင်းနောက်ကိုလိုက်ပါတဲ့။ သူပြောတာ မှန်တယ်။ ကန်ဒီက မျက်လုံးစုံမှိတ်ပြီး ဘာမှမမြင်ရဘူး မှောင်တယ်မှောင်တယ်လို့ ညည်းနေတဲ့သူ...

 စုတ်တံကိုင်မိတော့ စာရွက်ပေါ်မှာ အမှောင်ထဲက ဖယောင်းတိုင်တစ်တိုင်...

Good Night^^

5 comments:

Ma Tint said...

စုတ်ချက်နဲ့အမှောင်ကိုခွင်း
အလင်းရောင် ဆောင်နိုင်ပြီပေါ့ သကြားလုံးလေးရေ...

မဒမ်ကိုး said...

အဲဒါမုန့်ပေါင်း ငပိန်းရ .
တိုပါးရိုးသွားမယ် သွားစားမယ်ဘိုလဲ :P

Anonymous said...

ကိုယ်ကြိုက်တဲ့မုန့် လေးလည်းပြောထားအုန်းမှ။
ဒါမှကြုံတဲ့အခါဝယ်ကျွေးလို့ ရအောင်။း)
အိုင်အိုရာ

မြတ်ကြည် said...

လက်ရာတွေ တိုးတက်လာတယ်။ ရင့်ကျက်လာတာ ဟုတ်လိမ့်မယ်။ စာအရေးအသားပြောင်းလာတယ်။

Kyaw Zaw said...

အမှောင်ထဲက ဖယောင်းတိုင်တစ်တိုင်က ကန်ဒီ့အတွက်လုံလောက်တဲ့အလင်းရောင်ရနိုင်ပါ့မလား