Monday, October 6, 2014

Holiday

It's Holiday...
အလုပ်မသွားရဘူးဆို လူကအစောကြီး သူ့ဟာသူနိုးတယ်။ ဒီလိုလုပ်လို့ဘယ်ရမလဲ?! မျက်စိစုံမှိတ်ပြီး အတင်းအကြပ် ပြန်အိပ်တာပေါ့။ (၉)နာရီလောက်ကျမှ ဟိုလူးဒီလိမ့်နဲ့ ပြန်နိုးလာတယ်။ မနက်စာအတွက် ဟိုနေ့က ကြိုဝယ်ထားတဲ့ ပေါင်မုန့်ရှိတယ်။ ထုံးစံအတိုင်း ပေါင်မုန့်နဲ့ ကော်ဖီပေါ့။ စားရင်း မပြီးသေးတဲ့ စာအုပ်ဆက်ဖတ်တယ်။ ဒီလိုအေးအေးဆေးဆေးထိုင်ပြီး စာမဖတ်ဖြစ်တာကြာပြီ။


မနက်စာဆိုလို့ အစ်မမိုးငွေ့က "မိုးငွေ့နှင့် သူ၏မနက်စာများ" တဲ့။ အစ်မရေးတဲ့ပိုစ့်သွားဖတ်ပြီး ကန်ဒီသာ "ကန်ဒီနှင့် သူမ၏မနက်စာများ"ဆိုပြီး ရေးရင် တော်တော်ရီရမယ်လို့ ကိုယ့်ဟာကိုယ်တွေးပြီး ပြုံးမိတယ်။ ပေါင်မုန့်၊ ပေါက်စီ၊ အီကြာကွေး၊ ကော်ဖီ၊ လ္ဘက်ရည်... အဲ့ဒီ ငါးမျိုးနဲ့တင် လည်နေမှာ ဟဟဟ xD

စနေနေ့က "Annabelle" သွားကြည့်တယ်။ ကြည့်ဖို့ရည်ရွယ်တာက "Maze Runner"... သူငယ်ချင်းတွေက "Annabelle" ကြည့်ဖို့ စိတ်အားပိုသန်ကြတော့ သူတို့ကြည့်ချင်တဲ့သရဲကားပဲ ကြည့်ဖြစ်တယ်။ ကန်ဒီက Horror ကားတွေလည်း ကြည့်တတ်တော့ ကိစ္စသိပ်မရှိပါဘူး။ ကြောက်ဖို့တော့ တော်တော်ကောင်းတယ်။ "Conjuring" ကိုတော့ မမှီဘူး။


ရုပ်ရှင်ကြည့်ပြီး ဟိုလျှောက်ဒီလျှောက်နဲ့ Sasa က ဈေးချနေတာတွေ့တော့ ဒီမျက်နှာသစ်တဲ့ Sponge လေးတွေ ၀ယ်လာတယ်။ သုံးလို့ကောင်းတယ်။ ကြမ်းကြမ်းကြီးမဟုတ်ဘူး။ အဲ့လိုမျိုးလေးတွေ ကြိုက်တတ်တဲ့ သူငယ်ချင်းအတွက်ပါ သတိရတာနဲ့ တစ်ခုပိုဝယ်လာတယ်။ ဟီးဟီး... သဲလေးလို့ ရေးထားပေမယ့် သူကမြန်မာမဟုတ်ဘူး။ ကန်ဒီသင်ပေးထားလို့ အခုဆိုမြန်မာလို တော်တော်များများသိနေပြီ ဟဟ :D


တနင်္ဂနွေနေ့ကတော့ ဆရာကန်တော့ပွဲပေါ့။ ခုဆို ကျောင်း(၃)လပိတ်သွားပြီလေ။ နောက်နှစ် ဇန်န၀ါရီလမှ ပြန်ဖွင့်မယ်။ ဆရာမတစ်ယောက်အနေနဲ့ ကန်တော့ခံရတာ ဒါပထမဆုံးဆိုတော့ ပြောမပြတတ်အောင်ဝမ်းသာတယ်။ ကလေးတွေကန်တော့ပြီးတာနဲ့ ကန်ဒီကဗိုက်ဆာတော့ ထမင်းကြော်စားဖို့ နောက်ဖက်မှာသွားတန်းစီတယ်။ ဆရာမတစ်ယောက်က "ဆရာမ... ကန်တော့ခံပစ္စည်းယူသွားဦးလေ" ဆိုပြီး အပြေးကလေးလိုက်လာပြီး လာပေးတယ်။ အနားတ၀ိုက်က ဘုန်းကြီးကျောင်းမှာ ကုသိုလ်ယူချက်ပြုတ်ပေးတဲ့ လူငယ်တစ်စုဆီက စ,နောက်တဲ့သဘောနဲ့ "နည်းသွားလား မသိဘူး"ဆိုတဲ့ အသံထွက်လာတယ်။ အဲ့ဒီစကားက ရင်ကိုတစ်ချက်ပြေးဆောင့်တယ်။ သူတို့ စနောက်ပြီးပြောတဲ့စကားဆိုတာ သိပေမယ့် ဒါပြောသင့်တဲ့စကားမဟုတ်ဘူး။ ဒီအထုတ်ကြီးကို အဲ့ဒီပြောတဲ့သူဆီပေးခဲ့ပြီး ထွက်ပြေးချင်လောက်အောင် စိတ်ထဲမကောင်းဘူး။ အပြင်မှာ တကယ်လုပ်ရဲတဲ့ သတ္တိလည်းမရှိပါဘူး ဟဟ... လက်ကိုင်အိတ်နဲ့ ချောကလတ်လေး။ ကန်ဒီသုံးဖြစ်မယ်မထင်ဘူး။


ဒီပိတ်ရက်မှာ "Dolphin Tale" ဆိုတဲ့ကားလေးကြည့်တယ်။ အဲ့လို အကောင်လေးတွေပါတဲ့ ဇာတ်လမ်းလေးတွေ သဘောကျတယ်။ Canon ကထုတ်တဲ့ Photo Printer လေး လိုချင်လို့... ၀ယ်ရင်ကောင်းမလား မ၀ယ်ရင်ကောင်းမလား စိတ်ထဲဒွိဟဖြစ်နေတယ်။ SGD 199... သေးသေးလေးမို့ ပိုသဘောကျတယ်။ အလုပ်က Workgroup Poster အတွက် ဓာတ်ပုံထုတ်ဖို့လိုတော့ ဘာရယ်မဟုတ်ဘူး Printer ဈေးဘယ်လောက်ရှိလဲဆိုပြီး Google ကြည့်မိတာ... အဲ့ဒါလိုချင်တဲ့ ရောဂါရသွားတယ် >.<


ဒီလို Digital World မှာ ဟိုးးးအရင်တုန်းကလို ဓာတ်ပုံအယ်လ်ဘမ်လေးတွေ သိပ်မရှိတော့ဘူး။ ကန်ဒီငယ်ငယ်ကပုံလေးတွေဆို အမေက အယ်လ်ဘမ်လေးနဲ့ ထည့်ပေးထားတယ်။ ကန်ဒီလည်း ကိုယ်ကြိုက်တဲ့ပုံလေးတွေကိုစုပြီး ဓာတ်ပုံအယ်လ်ဘမ်လေးတစ်ခုလုပ်မယ်လို့တော့ စိတ်ကူးရှိခဲ့ဖူးတယ်။ ဒီ Printer လေးမြင်တော့ အဲ့ဒီစိတ်ကူးက ပြန်ထလာပြန်တယ်။

သူငယ်ချင်းတစ်ယောက်ရှယ်ထားတဲ့ ဒီဗွီဒီယိုလေးကို သဘောကျလွန်းလို့ ဒီမှာလည်းပြန်ရှယ်ချင်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဟိုနေ့က ကလေးသေးသေးလေးတစ်ယောက်၊ တွန်းလှည်းပေါ်တွန်းတဲ့အရွယ်ပဲ ရှိသေးတယ်... Ipad ကို ကြည့်တတ်နေပြီ။ ငြိမ်နေတာပဲ။ အဲ့ဒီကလေးလေးကိုကြည့်ပြီး ဒီခေတ်ကြီးမှာ  Technology တွေ ဘယ်လောက်တိုးတက်လာပြီး ဘယ်လောက်တောင်လူတွေကို စိုးမိုးနေလဲဆိုတဲ့ အတွေးတပိုင်းတစ၀င်မိတယ်။ 


အမှန်အတိုင်းဝန်ခံရရင် ကန်ဒီလည်း အဲ့လိုလူတွေထဲက တစ်ယောက်ပါပဲ။ ဒါပေမယ့် ကိုယ့်ဟာကိုယ်တတ်နိုင်သလောက် ထိန်းတယ်။ ကွန်ပျူတာမဟုတ်ဘဲ တခြားဟာတွေလုပ်နေရင် စိတ်ထဲပိုကြည်သလို ခံစားရတယ်။

Okie... ရေချိုးပြီး ညစာသွားစားတော့မယ်...
တာ့တာ^^

8 comments:

cool emerald said...

အလုပ်တွေ များတဲ့ကြားက တန်ဖိုးရှိတဲ့ အချိန်တွေကို ဖဲ့ပြီး ကလေးတွေကို စာသင်ပေးတာ လေးစားပါတယ်... ကျေးဇူးလည်းတင်ပါတယ်...

မဒမ်ကိုး said...

ပရင်တာလေးသဘောကျတယ်ဘယ်လောက်လဲဝေ ဟိဟိ

Thu said...

မနက်စာကတော့အသူလဲထမင်းဆီဆမ်းပဲပြုတ်လောက်စားမှဝတယ်။ကျန်တာလဲသိပ်မစားတတ်ဘူး။ဟိုလူတွေစတဲ့စကားက အမရင်ထဲလဲထိတယ်။အခုနောက်ပိုင်းလူတွေက အဲ့လိုအတွေးတွေရှိကြတယ်ထင်တယ်။ကြုံဖူးတယ်။ဆရာမစလုပ်ခါစကတော့ဆပ်ပြာမွှေးလေးတစ်ခဲရလဲပျော်ပြီးသုံးနေမိတယ်။ခုနောက်ပိုင်းတော့ ...... :(
စိတ်ထဲလဲ အရမ်းမထားပါနဲ့။ကလေးတွေက ဆရာမသုံးစေချင်လို့ပေးတာ ပျော်ပျော်ကြီးသုံးလိုက်ပါ။ကလေးတွေပဲမျက်လုံးထဲမြင်လိုက်နော်။

Anonymous said...

ဟုတ်တယ်..
အွန်လိုင်းမှာအချိန်မကုန်ပဲတခြားအလုပ်တွေနဲ့ အချိန်ကုန်ရင်ပိုစိတ်ချမ်းသာသလိုဘဲ။
အိုင်အိုရာ

မြတ်ကြည် said...

ကန်ဒီ လက်ရေး တော်တော်လှတာပဲ။ ကန်ဒီ နေရာမှာ မြတ်ကြည်ဆိုလည်း စိတ်မကောင်းတော့ ဖြစ်မိမှာပဲ။ မြတ်ကြည်တော့ ပိုလာရိုက်လေး တစ်လုံး ဝယ်ထားတယ်။

Ma Tint said...

ပစ္စည်းသစ်တွေကတော့ မက်မောစရာတွေချည်းပဲနော်...
ခေတ်ကြီးတိုးတက်လာတဲ့နဲ့အမျှ ကလေးငယ်တွေရဲ့ အသိဥာဏ်ဖွံ့ဖြိုးလာတွေကတော့ လိုက်မမှီတော့ဘူးကွယ်...
ချစ်စရာ ဆရာမငယ်ငယ်လေးကို မျက်လုံးထဲမြင်ယောင်မိ .. :P

သူကြီးမင်း (တုံးဖလား) said...

သူတို့ဆရာမကို ချစ်လို့ သုံးစေချင်လို့ ကန်တော့တာကို သုံးပေးလိုက်ရင် ကလေးတွေ ၀မ်းသာမဆုံး ဖြစ်မှာ သေချာတယ်။ ကောင်လေးတွေ စနောက်တာကိုတော့ စိတ်ထဲမှာ မထားပါနဲ့။ သူတို့လဲ ခင်လို့ စတာ နေမှာပါ။

စန်းထွန်းရဲ့ အန်းမစ်ရှ်အကြောင်းဖတ်ပြီး တက်ကနော်လော်ဂျီလွမ်းမိုးမှုလေးအကြောင်း တွေ့လိုက်ရတော့ ရိုးရိုးရှင်းရှင်းဘ၀လေးက ပိုစိတ်ချမ်းသာစရာ ကောင်းသလိုလိုပါဘဲ။

Anonymous said...

well not anybody can be a good blogger or even a lousy blogger..you are an awesome blogger, so continue in moderation ..just not over dose..otherwise you might need to swallow activated charcoal , ha ha..I had seen a mom at a shopping mall, the baby was crying and she was checking her smart phone..a young couple at an airport instead of chatting with each other they were looking at their smart phones..they are in fact OD with technology crap..
w