Hello...
ဒီအပတ်အပြင်ထွက်တာတွေ များနေတာနဲ့ စာတောင်မရေးဖြစ်ဘူး။ အခုဟတ်ချိုး ဟတ်ချိုး ဖြစ်နေပြီ။ ကိုယ်တော့ မပူဘူး။ မဖျားပါစေနဲ့ ဆုတောင်းရမယ်။ ရေချိုးခန်းထဲက "စင်"ကျိုးသွားလို့ အသစ်ဝယ်ဖို့ ကန်ဒီ့ညီမနဲ့ IKEA မှာ သွားကြည့်တယ်။ ကိုယ်လိုချင်တဲ့ဟာမျိုး မတွေ့တာနဲ့ မ၀ယ်ခဲ့ရဘူး။
အဲ့ကပစ္စည်းတွေ အကုန်လိုချင်တယ်။ ခက်တာက အိမ်ကကျဉ်းတော့ နေရာမရှိဘူး။ ကန်ဒီ့ကိုယ်ပိုင်အိမ်ဝယ်နိုင်ရင်တော့ စိတ်ကြိုက် Decorate လုပ်မယ် (^_^)။ အပြန်ကျတော့ McDonald စားချင်တယ်ဆိုတာနဲ့ သူနဲ့လိုက်စားပေးတယ်။ ကန်ဒီစားနိုင်မယ်ထင်တဲ့ဟာ မှာတာတောင် မကုန်ဘူး။ Fast Food ထဲမှာ ကန်ဒီကြိုက်တာ "Texas Chicken" တစ်ခုပဲ ရှိတယ်။
ကန်ဒီ့ကွန်ပျူတာ မကောင်းတော့ဘူး။ ဘာဖြစ်နေတာလဲ မသိဘူး။ သူ့ဟာသူ Shut down ဖြစ်ဖြစ်သွားတယ်။ ခုရေးနေရင်းတောင် Shut down ဖြစ်သွားလို့ ပြန်ဖွင့်ထားရတာ။ အရမ်းကြာလို့ပဲလား... ဒါမှမဟုတ် Virus ကိုက်တာလား မသိဘူး (>.<)။ အဂါင်္နေ့က အလုပ်ကသူငယ်ချင်းအိမ်မှာ Deepavali အထိမ်းအမှတ် ညစာစားကြတယ်။ ဗုဒ္ဓဟူးနေ့ကျတော့ Boat Quay က Cat Cafe သွားတယ်။ အဲ့နေရာတွေ မရောက်တာကြာတော့ အရင်ကထက် ပိုလှနေသလိုလို...
Cat Cafe က တစ်ခါဝင်ရင် တစ်နာရီကို SGD 12... ကော်ဖီတွေ ဘာတွေမသောက်လည်း ရတယ်။ တစ်နာရီတည်း အချိန်ရတာကို ကြောင်တွေကိုကြည့်လိုက် ပွတ်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ ကော်ဖီသောက်ဖို့ စိတ်က မရောက်ဘူး။ ကိုယ်ကလည်း ကြောင်ကြည့်ဖို့ပဲ သွားတာကိုး ဟဟ(xD)။ သူတို့ Rule တွေတော့ရှိတယ်... ကြောင်ကိုပွေ့ပြီး"မ"လို့မရဘူး၊ အိပ်နေတဲ့ကြောင်ဆို မနိုးရဘူး။

They are sooo Fluffy....
ကန်ဒီတို့အလုပ်ထဲ အသစ်ဝင်လာတဲ့ Junior တွေရှိတယ်။ သူတို့ကို Train လုပ်တဲ့သူ သက်သက်ရှိပြီးသား။ ဒါပေမယ့် Train လုပ်တဲ့သူမအားရင် ကန်ဒီတို့တွေက သူတို့လုပ်တာဟုတ်မဟုတ် ကြည့်ပေးရတယ်။ ကန်ဒီ့လုပ်ဖော်ကိုင်ဘက်သူငယ်ချင်းတွေက ကြည့်ပေးဆို ကြည့်ပေးလိုက်တာပဲ။ သူတို့လုပ်တာမဟုတ်တာတွေ့မှ ၀င်ပြောတယ်။ ကန်ဒီ့ကိုကြည့်ခိုင်းပြီဆို သူတို့မလွယ်တော့ဘူး။ ကန်ဒီက ဆက်တိုက်ကို မေးခွန်းထုတ်တော့တာ။ ဒါဘာအတွက်သုံးတဲ့ဆေးလဲ၊ ဆရာဝန်ပေးထားတဲ့ Dose က သင့်တော်လား၊ တနေ့ကို ဘယ်လောက်အများဆုံးသောက်နိုင်လဲ စုံစိနေအောင်မေးတာ။ မေးတယ်ဆိုတာ သူတို့ဘာတွေအရေးကြီးတယ်ဆိုတာ သိစေချင်လို့။ ကန်ဒီကြည့်ပေးနေတာ Capturing ပိုင်း၊ Capturing ပိုင်းဆိုတာ ဆေးတွေ Dose မှန်မမှန် စစ်ရတဲ့နေရာ။ ကိုယ်က အဲ့ဒါမှမသိရင် ဘယ်လိုမှ Capture လုပ်လို့မရဘူး။ Clinical Knowledge က အရမ်းအရေးကြီးတယ်။ အဲ့နေ့က ကန်ဒီမေးတိုင်း သူဖြေတဲ့အဖြေတွေက တော်တော်ပေါက်ကွဲဖို့ကောင်းတယ်...
Candy: Dose ok?
New Staff: Seems like ok.
"ကြည့်ရတာမှန်မယ့်ပုံ"ပဲ ဆိုတဲ့အဖြေက တခြားနေရာမှာလုပ်လို့ရရင် ရမယ်။ လူနာသောက်မယ့်ဆေးကို အဲ့လိုမသေချာမရေရာ သွားလုပ်လို့မရဘူး။ ရရင် ရတယ်၊ မရရင် မရဘူး၊ Yes or No ပြတ်ပြတ်သားသားဖြစ်ဖို့လိုတယ်။ ကန်ဒီမကျေနပ်သေးဘူး ဆက်မေးတယ်။
Candy: What is the maximum dose for this medicine?
New Staff: Aww.. I have a list in my book.
နောက်ဆေးတစ်ခုရဲ့ Maximum dose မေးတော့လည်း အဲ့အဖြေပဲ ထွက်တယ်။ အသစ်တစ်ယောက်အနေနဲ့ ဘာမှမသိသေးလို့ Train လုပ်ပေးရမယ်ဆိုတာ မှန်ပေမယ့် Clinical ပိုင်းကျတော့ အရင်ကသင်ဖူးတဲ့စာတွေနဲ့ အလုပ်မှာရှိတဲ့ဆေးတွေနဲ့ ပေါင်းပြီး ကိုယ်ကိုယ်တိုင် စာဖတ်၊ မှတ်မှရမှာလေ။ ကန်ဒီအလုပ်စ၀င်တုန်းကပိုစ့်တွေ ဖတ်ဖူးရင် သိလိမ့်မယ်။ စာဘယ်လောက်ဖတ်ရတယ်ဆိုတာ... (ဘယ်လောက်ညည်းခဲ့လဲဆိုတာ ဟဟ :P)
အလုပ်ဝင်ပြီဆိုကတည်းက ကလေးတွေမဟုတ်တော့ဘူး။ ကိုယ်ဘာတွေကြိုပြင်ဆင်ထားနိုင်လဲဆိုတာသိဖို့နဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့လိုတယ်ဆိုတာ အဓိကပြောချင်တာ။ နောက်ပြီး မသိတာရှိရင်လည်း မေးဖို့လိုတယ်။ ဒီဘလော့ဂ်ကို ကန်ဒီ့ထက်ငယ်တဲ့ကလေးတွေလည်း ဖတ်လေ့ရှိတော့ သူတို့ကိုပြောပြချင်တာ။
OMG!! ကန်ဒီကြွားစရာရှိတာ မေ့နေတယ်။ ဟိုတလောက ကန်ဒီတို့ စာမေးပွဲဖြေတယ်လေ။ အလုပ်မှာ ဖြေရတဲ့ Yearly Competency Test... ကန်ဒီအမှတ်အများဆုံးရတယ် (^_^)။ အမှတ်ပြောပြရင်းနဲ့ ကန်ဒီ့အထက်လူကြီးက မေးတယ်... "You are going for Clinical Path, right?" တဲ့။ ကန်ဒီ့စိတ်ထဲမှာ "ငါဖြစ်ချင်တာကို သူဘယ်လိုသိနေလဲ မသိဘူး"ဆိုပြီး တစ်ချက်တွေဝေသွားပြီးမှ "Yes, I am" ဆိုပြီး အဖြေပေးမိတယ်။ အလုပ်မှာ Clinical ပိုင်းရှိတယ်၊ Inventory ပိုင်းရှိတယ်၊ Quality Improvement ပိုင်းရှိတယ်။ Senior ဖြစ်လာတာနဲ့အမျှ ကိုယ်ကြိုက်တဲ့အပိုင်းကို ရွေးလို့ရတယ်။ ကန်ဒီဆိုတာကလည်း ဆေးကလွဲရင် ကျန်တာဘာမှစိတ်မ၀င်စားဘူး xD
Good Night^^