Tuesday, November 11, 2014

11:11

ဒီနေ့ပိုစ့်ကတော့ ဘာဓာတ်ပုံမှပါမှာမဟုတ်ဘူး။ အပျင်းပိုစ့်ပေါ့ ဟဟ။ တင်စရာလည်း ဘာမှထွေထွေထူးထူး မရှိဘူးလေ။ စနေနေ့က "Ouija" သွားကြည့်တယ်။ အရမ်းးးကြောက်ဖို့ကောင်းတယ်!!! သူငယ်ချင်းက "Interstellar" ကြည့်ချင်တာ ကန်ဒီက Science Movie တွေ မကြည့်ချင်ဘူးဆိုလို့ ကန်ဒီကြည့်ချင်တာပဲ လိုက်ကြည့်ပေးတယ်။ ဒါပေမယ့် နောက်ဆို သရဲကားကြည့်ရင် သူ့ကိုမခေါ်တော့ဘူးလို့ ဆုံးဖြတ်ချက်ချထားတယ်။ အရမ်းး အရမ်းးကြောက်တတ်တယ်။ အဲ့လောက်ကြောက်တတ်မှန်းမသိခဲ့လို့ ကြည့်မယ်ပြောမိတာ ဟဟ xD

အိနြေ္ဒကျော်ဇင်က မြန်မာမင်းသမီးတွေထဲမှာ တော်တော်လှတယ်နော်... ရုပ်လည်းလှတယ်... ခန္ဓာကိုယ်လည်း လှတယ် (သူငယ်ချင်းတစ်ယောက် ရှယ်ထားတဲ့ သူ့ပုံကိုကြည့်ပြီး တွေးမိတဲ့အတွေး)။ အားနေတာ ပုံဆွဲဖို့ စိတ်ရှိပေမယ့် ဘာပုံဆွဲရမလဲမသိတော့ မဆွဲဖြစ်ဘူး။ ဒီတစ်ခေါက်တော့ လူပုံမဆွဲဘဲ Landscape ဆွဲကြည့်မလားလို့။ သူငယ်ချင်းက Art Show တစ်ခုရှိတာ သွားရအောင်တဲ့ ခေါ်ထားတယ်။ တခါမှမသွားဖူးတော့ သွားကြည့်ချင်တယ်။ သူနဲ့စကားပြောဖြစ်ရင် ကန်ဒီမသိသေးတာတွေ အများကြီးသိရတယ်။ ဟိုနေ့က ကန်ဒီ့ကို "Surrealism" အကြောင်းပြောပြတယ်။ Google မှာ ရှာကြည့်တော့... Surrealism is a cultural movement that began in the early 1920s, and is best known for its visual artworks and writings. The aim was to "resolve the previously contradictory conditions of dream and reality." 

The Persistence of Memory by Dali

Butterflies Ship by Dali

သူရှင်းပြတာက "Surrealism is all about our subconscious mind, our deep desires and dreams." နားလည်လားမေးရင် အရမ်းကြီးတော့ နားမလည်ဘူး။ ဒါပေမယ့် နည်းနည်းလေးတော့ သိလိုက်တယ်။ ရှင်းလည်းမပြတတ်ဘူး ဟဟ(xD)။ အဲ့လိုပန်းချီကားတွေမှာ တွေးစရာတွေရှိတယ်။ လူတစ်ယောက်နဲ့တစ်ယောက် အတွေးတွေတူမှာမဟုတ်ဘူး။ စိတ်ဝင်စားဖို့တော့ ကောင်းတယ်နော်...

ဟဟဟ... ကန်ဒီကသာ စိတ်ဝင်စားဖို့ ကောင်းတယ်လုပ်နေတာ... ဖတ်တဲ့လူတွေက ခေါင်းမူးပြီး ပျင်းနေပြီလား မသိဘူး(xD)။ OMG!! Now 11:11 (11/11/2014)!!! အိပ်ချိန်တန်ပြီလို့ ပြောမလို့ပါ xD 

Sorry for the very random post this week >_>

4 comments:

Ma Tint said...

မနေ့က ၁၁လ-၁၁ရက်-၁၁နာရီ-၁၁မိနစ်-၁၁စက္ကန့် မှာ တီတင့်ရောက်နေရာအရပ် နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးပေါ် ၁၁၅မိုင်မှာ ဓာတ်ပုံတစ်ပုံရိုက်ဖြစ်လိုက်တယ်။ ဒီနေ့မနက် ဘလော့ထဲဝင်လာရင်း သကြားလုံးလေး ၁၁-၁၁နဲ့ပတ်သက်ပြီး ပို့စ်တစ်ပုဒ်တော့ရေးမယ်ဆိုတာ မမြင်ထဲကကြိုတင်သိနေတယ်.... အမှတ်တရရက်တွေမှာ အမှတ်တရလေးတွေရေးတတ်တဲ့သူမို့ပါ။

Anonymous said...

ပန်းချီပြပွဲသွားရတာဝါသနာပါတယ်။
အဲမှာတော့မသိဘူး။
ယူအက်စ်မှာဆိုအဲလိုပြပွဲတွေမှာ အစားအသောက်တွေလည်းကျွေးတယ်။ ဇိမ္ဘဲ။
မြန်မာပြည်မှာတုန်းကလည်းသွားသွားကြည့်တယ်။
ကားနံမည်လေးဖတ်ပြီးပန်းချီဆရာဘာပေးထားတာလဲဆိုတာစဉ်းစားရတာလည်းပျော်စရာ။း)
အိုင်အိုရာ

Anonymous said...

11-11 (11-Nov) is a day dedicated for the singles...
Trivia to share...
=)
-m

Anonymous said...

ကျောင်းတက်တုန်းက ဒါတွေသင်ခဲ့ရဖူးတယ် ၊ လက်တွေ့လဲလုပ်ခဲ့ရတယ်။ ကန်ဒီပြောသလိုဘဲ ၊ ကိုယ့်ကိုယ်ဘဲနားလည်တယ် ၊ မရှင်းပြတတ်ဘူး။ :P

Best Regards,