Wednesday, November 5, 2014

Dinner

ဒီနေ့ပိုစ့်ကတော့ ဓာတ်ပုံတွေပဲ များလိမ့်မယ်။ ဟိုနေ့က Marina Bay Sands မှာ Dinner သွားထားတော့ အဲ့နေ့ကပုံတွေ တင်စရာရှိတယ်။ ပြီးခဲ့တဲ့ပိုစ့်မှာ Sneak Peek ပြထားတဲ့ ပန်းပွင့်တွေနဲ့ အကျီလေးပဲ ၀တ်သွားတယ်။ အဲ့လို Dress တစ်ထည်မှမရှိလို့ အဲ့ဒီပွဲအတွက်ပဲ သီးသန့်ဝယ်လိုက်တာ။ တဆက်တည်း Dress တွေထက် အပေါ်သက်သက် အောက်သက်သက်ဝတ်ရတာ ပိုကြိုက်တယ် ဟဟ(:D)။ JEM က BlogShopping ဆိုတဲ့ဆိုင်က၀ယ်တာ SGD 27 လားပဲ ပေးရတယ်။ 



လက်ကိုင်အိတ်နဲ့ ခါးပတ်ကလည်း ဘယ်လောက်မှမပေးရဘူး။ အဲ့ပန်းရောင်လက်ကိုင်အိတ်လေးမြင်တော့ စိတ်ထဲမှာ Retro Theme နဲ့လိုက်တယ်ထင်လို့ ၀ယ်လိုက်တာ။ ဘီးကုတ်က ကန်ဒီ့မှာအရင်ကတည်းက ရှိတဲ့ဟာ... ဖြစ်ချင်တော့ အကျီပန်းရောင်နဲ့ လိုက်သွားတယ်။ ကန်ဒီ့ကို ပုံမတင်တာကြာပြီလို့ ပြောတဲ့သူတွေ ဒီနေ့တော့ အမုန်းကြည့်ရမယ် ဟဟ xD




ကားစောင့်နေကြတာ... အလုပ်က သွားဖို့ကား စီစဉ်ပေးတယ်။ Performance တွေ အရမ်းမိုက်တယ်။ Retro သီချင်းတွေနဲ့ ကပြကြတယ်။ MC လုပ်တဲ့လူကလည်း အရမ်းတော်တယ်။ ပွဲအစကနေ အဆုံး သူပဲထိန်းသွားတာ။ အရမ်းလည်း ရီရတယ်။ 



Lucky Draw... First price SGD 1500 ရဖို့မပြောနဲ့ ဆုသေးသေးလေးတွေတောင် မပေါက်ဘူး... ကံကောင်းချက်က (>.<)။ ကန်ဒီတို့ညစာစားဖို့ ဟင်းပွဲတစ်ခုပြီး တစ်ခုလာချပေးပြီး ဟင်းပြင်ပေးတဲ့ကောင်လေးကို တွေ့တော့ ကန်ဒီ့ Memory က လွန်ခဲ့တဲ့ သုံးနှစ်လောက်က နေ့တစ်နေ့ဆီကို ပြန်ရောက်သွားတယ်။


များသောအားဖြင့် အဲ့လိုပွဲတွေ၊ မင်္ဂလာဆောင်တွေမှာ လုပ်ပေးတဲ့လူတွေက ကျောင်းသား၊ ကျောင်းသူတွေများတယ်။ Part Time လာလုပ်ကြတာလေ။ Hotel တွေကလည်း အဲ့လိုပွဲကြီးမျိုးအတွက်ဆို လူမလောက်တော့ Part Time သမားတွေ ရှာရတယ်။ ကန်ဒီကျောင်းတက်နေတုန်းက အဲ့ဒီတစ်ရက်ပဲ (တစ်ရက်ဆိုမှ တစ်ရက်) Sentosa Hotel မှာလုပ်တဲ့ Wedding တစ်ခုမှာ အဲ့လိုပဲ Part Time သွားလုပ်ဖူးတယ်။ Part Time လုပ်နေကျသူငယ်ချင်းတွေက အဲ့တစ်ရက် လူလိုတယ်... လုပ်ကြည့်မလားဆိုတာနဲ့ ကျောင်းလည်းပိတ်နေတော့ ပျင်းလို့သွားလုပ်ကြည့်တာ... ငိုယိုပြီးပြန်လာတယ်လေ ဟဟဟ(xD)။ ပြန်တွေးကြည့်ရင် တော်တော်ပျော့ညံ့တဲ့ ကိုယ့်ကိုကိုယ်လည်း ရှက်မိတယ်။

အမှန်အတိုင်းပြောရရင် အဲ့ဒီဟင်းပွဲပန်းကန်ကြီးတစ်ချပ်ကိုတောင် မသယ်နိုင်တာ ဟဟ(xD)။ ပေါ့ပေါ့လေးလို့ မထင်နဲ့နော်။ ကန်ဒီလုပ်လိုက်တာ ဟင်းပန်းကန်ကြီးမှောက်သွားတယ်လေ။ တော်သေးတာပေါ့ ဧည့်သည်တွေရှေ့မှာ မှောက်တာမဟုတ်လို့။ လျော်လည်းမလျော်ရပါဘူး... ဆူလည်းမဆူဘူး။ ဒါပေမယ့် ကိုယ့်ဟာကိုယ် ဒါလေးတောင်မလုပ်နိုင်ဘူးဆိုပြီး ၀မ်းနည်းတာ။ ဧည့်သည့်တွေကို ဟင်းထည့်ပေးတော့လည်း လက်တွေတုန်နေတာ... လေးလို့(xD)။ အဲ့နေ့ကအတွေ့အကြုံကို ဒီနေ့အထိ မမေ့ဘူး။ မှတ်မိသေးတယ်... အဲ့နေ့ကအိမ်ပြန်ရောက်တော့ ညလယ်ခေါင်ကြီး အိမ်သာထဲဝင်ပြီး ငိုတာ အကြာကြီးပဲ။ သူများတွေလုပ်နိုင်ပြီး ငါဘာလို့မလုပ်နိုင်တာလဲဆိုပြီး။ ကန်ဒီစားဖို့ ဟင်းထည့်ပေးနေတဲ့ ကောင်လေးကိုတွေ့တော့ သူ့အပေါ်ထားတဲ့ စာနာစိတ်နဲ့အတူ အဲ့နေ့ဆီအတွေးက ပြန်ရောက်သွားတယ်။


အလုပ်တိုင်းမှာ သူ့အခက်အခဲနဲ့သူဆိုတာ ရှိတယ်။ ကိုယ်တိုင်မလုပ်ကြည့်ခဲ့မိရင် ဘာဆိုတာသိခဲ့မှာမဟုတ်ဘူး။ သူတို့ကျွမ်းကျင်ရာနဲ့သူတို့ အလုပ်မှန်သမျှ ဂုဏ်ရှိတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အထင်သေးစိတ်နဲ့ မကြည့်မိပါစေနဲ့။


လာမယ့်အပတ် "Ouija" ဆိုတဲ့ သရဲကားသွားကြည့်ဖို့ Plan ထားတယ်။ သူငယ်ချင်း Confirm ဖြစ်ရင် သွားကြည့်မယ်။ ကန်ဒီ့ကို သရဲကားတွေကြည့်တာ မကြောက်ဘူးလားတဲ့။ ကြောက်တယ်လေ... ကြောက်တဲ့အရသာခံစားချင်လို့ သရဲကားကြည့်တာ(^_^)။ ကန်ဒီက ကြည့်တုန်းခဏပဲကြောက်တာ။ ကြည့်ပြီးသွားရင် ပြီးသွားပြီ။ ပြန်ပြန်တွေးပြီး ကြောက်မနေတတ်ဘူး။


Good Night^^

9 comments:

မိုးဇက် said...

ဟင်...............

မိုးဇက် said...

ဟယ်................

မိုးဇက် said...

အို...............ဝ_0

Iora said...

ဟုတ်တယ်နော်။
ပန်းကန်အလေးကြီးနဲ့ ထိန်းပြီးထဲ့ရမှာလွယ်တာမဟုတ်ဘူး။
ပွဲကပျော်စရာကြီးဘဲ။
အိုင်အိုရာ

Ma Tint said...

သကြားလုံးလေးဘ၀က အေးဆေးတယ်...
စာလေးကျက်လိုက် မကျက်ချင်ရင်ဓာတ်ပုံရိုက် အစားတွေလုပ်စား... ပွဲလေးသွား ဈေးဝယ်ထွက် ...
သကြားလုံးလေးရဲ့ တစ်ရက်တာ အလုပ်အတွေ့အကြုံလေးဖတ်ပြီး တီတင့်ရဲ့ သားနှစ်ယောက်ဆီ စိတ်ရောက်သွားတယ်။
စင်္ကာပူနိုင်ငံရောက်ခါစက တီတင့်က သူတို့နှစ်ယောက်ကို ကျောင်းစရိတ်နဲ့ နေစရိတ်ပဲပေးတာ စားစရိတ်နဲ့ ခရီးစရိတ်ကို သူတို့ဘာသာရှာခိုင်းတာ။ ပထမဦးဆုံး မြန်မာပြည်ကို အလည်ပြန်လာတော့ သားငယ်ရဲ့ တင်ပါးမှာ အပူလောင်ကွက်အကြီးကြီး မီးဖိုထဲက ကြော်ချက်လုပ်ရတော့ ဒယ်အိုးပြားနဲ့ ကပ်မိသွားလို့တဲ့ ညီအစ်ကို နှစ်ယောက်လုံး လက်တွေမှာ ဆီပူလောင်ထားကြတယ်.... :)

မိုးငွေ့........ said...

ကိုယ်လဲ အ၀တ်စားဆို အဲလို Flora print တွေသိပ်ကြိုက်တာ အထူးသဖြင့် အဲလို ဂါဝန်လေးတွေက သိပ်ချစ်ဖို့ကောင်းတယ် ကန်ဒီလေးက တကယ့် ဒစ္စနေထဲက အရုပ်မလေးနဲ့တူတယ်...း)

Twinkle Twinkle said...

အစ်မ candy ရေ … sis က အစ်မ post တွေအမြဲ တမ်းဖတ်နေတာပါ .ညီမ က အသက်၁၇ပါ…အစ်မကို ဝက်ခြံနဲ့ပတ်သတ်ပြီး နည်းလမ်းလေးတောင်းချင် လို့ ပါ ။ အစ်မက beauty post တွေလည်းရေးတော့ ပိုသိမယ်ထင် လို့ ပါ .ညီမ ဝက်ခြံက အကြီးတွေတော့မဟုတ်ဘူး …blackheads,pimples လေးတွေများရီဖြစ်နေတာ !!ဘယ်လိုကုရမှန်းလဲ မသိတော့ဘူး …မ ပျောက်တာ over 1month ဖြစ်နေပြီ :( အရမ်းစိတ်ညစ်တာဘဲ blackhead တွေက ပိုဆိုးတယ် . အစ်မ မျက်နှာလေးလို့ ချောနေ အောင် နည်းလမ်းပေးပါအုံး အစ်မ candy ရေ…ဝက်ခြံက ဘယ်လောက်တောင် ကြာအောင် ကုရတာလဲဟင်? T.T

Candy said...

Hi Sis,
ဆားဝက်ခြံက ၀က်ခြံတွေထဲမှာ အရမ်းမဆိုးတဲ့ ၀က်ခြံမျိုးပါ။ နှာခေါင်းမှာဆို Nose Strip လေးတွေ သုံးကြည့်ပေါ့။ မျက်နှာပေါ်က အညစ်အကြေးတွေကို Clay Mask သုံးပြီး ဖယ်ရှားပစ်။ Exfoliate တစ်ပတ်တစ်ခါလောက်လုပ်ပေး။ အစ်မမျက်နှာကို ချောနေလို့ မထင်မကြီးနဲ့ဦးနော်။ အစ်မလည်း ၀က်ခြံအရမ်းပေါက်တတ်လို့ ညီမလိုတောင်မဟုတ်ဘဲ အရမ်းဆိုးရွားလို့ ဆေးခန်းပြနေရတာလေ။ ဆေးသောက်နေလို့ မျက်နှာက အဲ့လိုပြန်ဖြစ်နေတာ။ ဆေးရပ်လိုက်တာနဲ့ ပြန်ပေါက်တော့တာပဲ >.<

Twinkle said...

Thx အစ်မ Candy ^^ အစ်မ ပြောတဲ့အတိုင်း ကြိုးစားကြည့်ပါ့မယ် :)