Wednesday, December 24, 2014

Christmas Party

ပိတ်ရက် ရောက်တော့မယ်။ မနက်ဖြန် Christmas Eve က နေ့တ၀က်ပဲ အလုပ်လုပ်ရမယ်(^_^)။ အလုပ်က Christmas Party ကတော့ လုပ်ပြီးသွားပြီ။ မဲနှိုက်ပြီး ပေါက်တဲ့လူအတွက် လက်ဆောင်ဝယ်ပေးရတယ်။ ဒါက ကန်ဒီဝယ်ပေးတဲ့ လက်ဆောင်...


ကန်ဒီဝယ်ပေးရတဲ့ကောင်မလေးက စာဖတ်တာ ၀ါသနာပါတော့ Inspirational Quotes လေးတွေပါတဲ့ "365 days of Wonder" ဆိုတဲ့ စာအုပ်လေး ၀ယ်ပေးဖြစ်တယ်။ စာမျက်နှာတစ်ရွက်ဆီမှာ Date လေးတွေ ပါတယ်။ တစ်နေ့ကို Quotes တစ်ခု၊ စာရွက်တစ်ရွက်ပဲ ဖတ်ရမှာ... တစ်နှစ်စာပေါ့။ အဲ့ဒီစာအုပ်လေး ကန်ဒီကိုယ်တိုင်တောင် တစ်အုပ်လိုချင်တယ်။ Popular မှာ ၀ယ်လို့ရတယ်။ စာဖတ်ဝါသနာပါတဲ့ သူငယ်ချင်းအတွက်ဆို လက်ဆောင်ကောင်းဖြစ်မှာပဲ။ နောက်ပြီး Calculator နဲ့ Highlighter... အလုပ်မှာကြတော့ အဲ့ဒါတွေက အသုံးဝင်တယ်လေ။





Game တွေ ဆော့ကြ... ဆုပေးကြနဲ့ ပျော်ဖို့တော့ ကောင်းတယ်။ နောက်ပြီး Title တွေနဲ့ Trophy တွေလည်း ပေးသေးတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း မဲပေးရတာ။ အားလုံးထဲမှာ ဘယ်သူက မျက်နှာအချိုဆုံးလဲ... ဘယ်သူက အလုပ်လုပ်တာ အမြန်ဆုံးလဲ... စသဖြင့်။ ကန်ဒီက "Well-groomed" Title နဲ့ Trophy ရတယ်။ ဆိုလိုတာက သူတို့အမြင်မှာ ကန်ဒီကအမြဲ သပ်သပ်ရပ်ရပ်ရှိတယ်ပေါ့ ဟီးဟီး xD


Victoria Secret set ရတယ်ဆိုကတည်းက ကန်ဒီ့ကိုပေးတဲ့ Secret Santa က ကန်ဒီအလှကြိုက်တာသိပုံရတယ် (xD)။ ကန်ဒီ့ညီမနဲ့ အလုပ်ကသူငယ်ချင်းတစ်ယောက်ကလည်း Typo က ပိုက်တပ်ပြီးသောက်ရတဲ့ ခွက်လေးတွေ လက်ဆောင်ပေးတယ်။ ဖြစ်ချင်တော့ နှစ်ယောက်လုံးပေးတဲ့ဟာက Design ပဲကွာပြီး ပုံစံက လာတူနေတယ်... တလှည့်စီ သောက်ရမယ်(:D)။ မနက်ဖြန် အလုပ်ကအပြန် အလုပ်ကလူတွေအတွက် လက်ဆောင်သေးသေးလေးတွေ သွားဝယ်ရင်ကောင်းမလားလို့ စဉ်းစားနေတယ်။ 


ကန်ဒီဆက်နေတဲ့ Puzzle ပြီးသွားပြီ(^_^)။ အမေက ထန်းမြစ်ယူလာတယ်။ ငယ်ငယ်က ထန်းမြစ်အလယ်က အရိုးနဲ့ ယပ်တောင်သေးသေးလေးလုပ်တာကို သွားသတိရတယ်။ ထန်းမြစ်ထက် ပဲမြစ်ကို ပိုကြိုက်တယ်။ အဲ့ဒါလည်း အမေယူလာတယ်။ တ၀က်စားပြီးသွားပြီ... နောက်ထပ်တ၀က် ကျန်သေးတယ်။



ဒီရက်ပိုင်းတွေကတော့ ဇိမ်ပဲပေါ့။ အိမ်ရောက်တာနဲ့ အမေ့ကို ဘာဟင်းချက်လဲမေးပြီး အဆင်သင့်စားလိုက်ရုံပဲ။ သာယာလိုက်တာ... ဒီလိုလေး အမြဲဆိုကောင်းမယ် ဟီးဟီး(xD)။ အလုပ်ကပြန်တာနဲ့ အိမ်မှာတစ်ယောက်ယောက်က ကိုယ့်ကိုစောင့်နေမယ်ဆိုတဲ့ အသိ... အဲ့ဒီဖီလင်မျိုး မခံစားရတာ တော်တော်ကြီးကြာပြီ။

Good Night!!

4 comments:

မိုးငွေ့........ said...

Merry Christmas Candy....

**~ မြတ်ကြည်~** said...

အမေရောက်နေတယ်ဆိုတော့ ဇိမ်ကျနေတာပေါ့။ :)

Anonymous said...

ညီမ​လေးဖြစ်​ချင်​​နေတဲ့ ဆန္ဒ နဲ့ ဘဝ တထပ်​တည်း ကျပါ​စေ လို့ ဆု​တောင်း​ပေးပါတယ်​ :-)
L Y Thu

Anonymous said...

ကန်ဒီတို့ တော့ဇိမ်ကျနေတာ..အားကျလိုက်တာကွာ။း)
အဲဒီအင်္ကျီလေးနဲ့ အရမ်းချစ်စရာကောင်းတယ်။
အိုင်အိုရာ