Helloo Morning sunshine!!
နှုတ်ဆက်သံကိုက Excited ဖြစ်နေတာ သိသာတယ် ဟဟ(xD)... မနေ့ကပဲ အမေရောက်တယ်။ အမေက ဘာမှမချက်ထားနဲ့ ဒံပေါက်ယူလာမယ်ဆိုလို့ နေ့လည်စာတောင်မစားဘဲ ဒံပေါက်ထိုင်စောင့်နေတာ။ (၄)နာရီခွဲလေယာဉ်က စောဆိုက်တော့ အမေကအရင်ရောက်နေတယ်။ သွားကြိုတဲ့လူတွေက နောက်မှရောက်တယ်။ အိမ်ပြန်ရောက်တာနဲ့ အကျီတောင်မလဲဘဲ "ဘယ်ဆိုင်က ဒံပေါက်လဲ" မေးရင်း ဒံပေါက်ဗူးအရင်ဖွင့်တယ်။ အမေက "ကောင်းကြိုက်က ဒံပေါက်"တဲ့။ စိတ်ထဲကျေနပ်သွားတယ်။ နီလာဒံပေါက်ဆို မကြိုက်ဘူး... အဲ့လိုလည်း ချေးကများသေးတယ်။
With Mom and Sis...
ဒံပေါက်စားရတဲ့ မျက်နှာ xD
ညတရေးနိုးတော့ အမေက "ယပ်တောင်ရှိလား" မေးတယ်။ တိန်... သူက Aircon (၂၃)ဒီဂရီ ထားထားတာတောင် အိုက်တုန်း။ အပူချိန်ကို ထပ်လျော့ပေးလိုက်တယ်။ အမေက အဲ့လိုအအေးကြိုက်တာ။ ဒီနေ့မနက်စာကို ကြွားချင်သေးတယ်။ ပဲပြုတ်နဲ့ထမင်းရယ်၊ စမူဆာရယ်၊ မုန့်စိမ်းပေါင်းရယ်....
ကန်ဒီက မနက်စာကို များများစားတတ်တဲ့လူမျိုး။ ရန်ကုန်မှာဆို အဲ့လိုစားတယ်။ ဒီရောက်တော့ ဖြစ်သလိုစားရတဲ့ဘ၀(T_T)။ အမေလာတဲ့တစ်လတော့ အစားကောင်းကောင်းစားရပြီ။ ၀,မလာပါစေနဲ့ ဆုတောင်းရမယ် xD
အမေက တွေ့တွေ့ချင်းဘာပြောလဲဆို "ဟိုတခေါက်လာတုန်းကလည်း ဒီအကျီတွေပဲ... ၀တ်တာ ဘယ်နှစ်နှစ်လောက်ရှိနေပြီလဲ"တဲ့။ ဟဟဟ... သူပြောလဲ ပြောချင်စရာပဲ။ ကန်ဒီအလုပ်စလုပ်ကတည်း Shopping သိပ်မထွက်ဖြစ်ဘူး။ ပင်ပန်းပြီး အပြင်မထွက်ချင်လို့။ နောက်ပြီး ကန်ဒီက တစ်ခုခုကိုကြိုက်ပြီဆို အဲ့ဒါကိုပဲ လှည့်ဝတ်နေတတ်တာ...
ပြီးခဲ့တဲ့အပတ်က စာမရေးဖြစ်တဲ့အကြောင်းရင်းကို Excuse ပေးရရင်... အမေလာမယ်ဆိုတော့ အိပ်ယာခင်းတွေ ဘာတွေအသစ်လဲတယ်။ နောက် သူငယ်ချင်းတစ်ယောက်ဆီက လက်ဆောင်ရတဲ့ Puzzle ကို ဆော့နေတာနဲ့ စာမရေးဖြစ်တော့ဘူး ဟဟဟ(xD)။ ကန်ဒီငယ်ငယ်က အဲ့ဒါတွေ အရမ်းဆော့တယ်။ ငယ်ငယ်တုန်းက ကြိုးခုန်တာတို့ စိန်ပြေးလိုက်တမ်းတို့ထက် အဲ့လိုထိုင်ပြီးဆော့နေရတာမျိုးကို ပိုသဘောကျတယ်။
Thoughtful Gift လို့ ပြောလို့ရတယ်။ အဲ့ဒါပြီးသွားရင် Vincent ရဲ့ (၁၈၈၈)ခုနှစ်ကဆွဲခဲ့တဲ့ "The Bedroom" ဆိုတဲ့ ပန်းချီကားထွက်လာမှာ(^_^)။ ခုထိတော့ မပြီးသေးဘူး။ သူအိမ်ပြောင်းတော့ သူ့ဆီမှာရှိတဲ့ပန်းချီကားတွေ လိုချင်တဲ့သူတွေကို ပေးနေတာနဲ့ ပန်းချီကားတစ်ချပ် ယူထားလိုက်သေးတယ်။
မြန်မာပြည်က ပန်းချီဆရာတစ်ယောက် ဆွဲထားတာပဲ။ ရေဆေးပန်းချီ။ စုတ်တံတချို့လည်း ပေးလိုက်သေးတယ်။ ဒီတစ်ပတ်တော့ ဒီလောက်နဲ့ တော်သင့်ပြီ ထင်တယ်။
Have a Nice Weekend ^_^
5 comments:
ကြွားပါ ကြွားပါရှင်။
ဒီနေ့ မနက်စာသာမက နောက်နေ့ မနက်စာနေ့ လည်စာညစာ ညလည်စာ အဆာပြေ အပျင်းပြေ တွေပါကြွားပါအုန်းနော်။း)
အိုင်အိုရာ
အော်.... ဒါကြောင့် သကြားလုံးလေးပျောက်နေတယ် မှတ်တယ်။ ထင်တော့ထင်သား အရင်ပို့စ်မှာ မေမေလာမယ်ဆိုတာ ပါထားတော့ သူ့မေမေနား ကပ်ချွဲနေလို့ဖြစ်မယ်လို့ ... :D
တီတင့်ရောက်နေတော့ သားတော်မောင်လဲ နေ့တိုင်း ထမင်းဘူးတောင် ထည့်နေလေရဲ့လေ။
မေမေရောက်တော့ ပျော်နေတာပေါ့ ဟုတ်လား ချိုချဉ်လေး
ဖဘမှာတွေ့တယ်။ အမေ ဒံပေါက်ပါမယ်ဆိုလို့ ထမင်း မစားပဲ စောင့်နေတယ်ဆိုတာလေ။ :D ပန်းချီကား ကတော့ တော်တော်လှတယ်။
မမချိုချဉ် မုန့်စိမ်းပေါင်းစားချင်တယ်...
Post a Comment