Happy New Year!!
မနေ့က အိမ်မှာအမေက ငါးကင်လုပ်ကျွေးတယ်။ Mini New Year Party သဘောမျိုးလေးပေါ့။ အဲ... အဲ့လိုလည်း ပြောလို့မရဘူး။ သူများတွေလို Count down တွေ ဘာတွေလည်း လုပ်တာမဟုတ်ဘူး။ ညစာစားပြီး အားလုံးကုတင်ပေါ်နှပ်နေကြတာဆိုတော့ New Year Party လို့ နားထောင်ကောင်းအောင် ပြောမနေတော့ပါဘူး ဟဟဟ(xD)
ပုဇွန်ကင်၊ ရုံးပတီသီးကင်၊ ထမင်းသုပ်လည်း ပါသေးတယ်။ ဒီမှာစားတာတွေကို ဓာတ်ပုံရိုက်ပြီး အဖေနဲ့ညီမလေးဆီ လှမ်းကြွားတယ်။ သူတို့ကလည်း ခြံထဲမှာ ကန်ဒီ့ညီမသူငယ်ချင်းတွေနဲ့ BBQ လုပ်စားကြတယ်လေ။ နှစ်သစ်မှာ အားလုံးလိုအင်ဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ^_^
ရန်ကုန်က New Year BBQ...
အလုပ်ကလူတွေအကုန်လုံးအတွက် လက်ဆောင်သေးသေးလေးတွေ ပေးတယ်။ အယောက်(၃၀)လောက် ရှိမယ်။ ဒီနှစ် Christmas က ထူးထူးခြားခြား Orchard ကို လုံးဝမရောက်လိုက်ဘူး။ အမေနဲ့သွားမယ်လို့တော့ ရည်ရွယ်လိုက်သေးတယ်။ နောက်တော့ ညနေညနေဆို မိုးတွေရွာနေတာနဲ့ မသွားဖြစ်တော့ဘူး။ အမေကလည်း အပြင်ကို လုံးဝမထွက်ချင်တာ...
အပြင်တော့ လျှောက်မလည်ချင်ဘူး။ သူ့သူငယ်ချင်းအလှူတော့ အာလူးဖုတ်ဖို့ ညသွားအိပ်တယ် ဟဟဟ(xD)။ နောက် အိုးတွေခွက်တွေ ၀ယ်မယ်ဆိုပြီး Vivo City က Giant သွားတယ်။ သူဒီရောက်ကတည်းက အပြင်ထွက်တာ အဲ့နှစ်ခါပဲ ရှိသေးတယ်။
(၂၀၁၄)ကို ပြန်ကြည့်ရမယ်ဆို...
► ဘလော့ဂ်နဲ့ပက်သက်ရင် စာရေးတာအရမ်းနည်းသွားတယ်။ နောက်ပြီး Diary ပိုစ့်တွေကလွဲရင် တခြားပိုစ့်တွေ သိပ်မရေးဖြစ်တော့ဘူး။ ဒါပေမယ့် တခါတလေနောက်ကျတာလေးကလွဲရင် တစ်ပတ်တစ်ခါ ပိုစ့်ပုံမှန်တင်ဖြစ်နေတာကိုတော့ ကိုယ့်ကိုကိုယ်ကျေနပ်ပါတယ်။
► အလုပ်နဲ့ပက်သက်ရင် Experience ပိုရလာတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိလာတယ်။ အလုပ်ကြောင့်ပဲ လူကအရင်ကထက် ပိုရင့်ကျက်လာတယ်။
► အပေါင်းအသင်း သူငယ်ချင်းတွေအနေနဲ့ကတော့ များသောအားဖြင့် အလုပ်ကသူတွေနဲ့ပဲ လျှောက်သွားဖြစ်တယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ တခါတလေ တွေ့ဖြစ်တယ်။ ကျောင်းတက်တုန်းကလို Shopping သီးသန့်ထွက်တာမျိုးတွေ မရှိတော့ဘူး။ အမြဲအိမ်မကပ်ရတော့ ပိတ်ရက်ဆို အိမ်မှာပဲနေချင်တယ်။
► (၂၀၁၄)နှစ်အစက စ,ပြီး ကလေးတွေကို စာသင်ဖြစ်တယ်။ တစ်ပတ်တစ်ခါ အပြစ်ကင်းတဲ့ သူတို့လေးတွေကို တွေ့ရတာပဲ ပျော်စရာတစ်ခုဖြစ်လာတယ်။ လာမယ့်အပတ်ဆို ကျောင်းပြန်ဖွင့်ပြီ ^_^
► မပြန်တာကြာပြီဖြစ်တဲ့ ရန်ကုန်ကို ခဏပြန်ဖြစ်တယ်။ ခရီးသွားဖြစ်တယ်။ ဒီနှစ်ထဲမှာ ၀ါသနာပါတဲ့ပန်းချီ ပိုဆွဲဖြစ်တယ်။
► မပြန်တာကြာပြီဖြစ်တဲ့ ရန်ကုန်ကို ခဏပြန်ဖြစ်တယ်။ ခရီးသွားဖြစ်တယ်။ ဒီနှစ်ထဲမှာ ၀ါသနာပါတဲ့ပန်းချီ ပိုဆွဲဖြစ်တယ်။
► သင်္ကြန်တုန်းက အဖွဲ့လိုက် က,ဖြစ်တယ်။ လာမယ့်နှစ်တော့ မက,တော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ပြောသာပြောတာပါ... အနားနီးရင် သင်္ကြန်ပိုးက မနေနိုင်ဘူး >.<
No comments:
Post a Comment