Hello...
ဒီနေ့တော့ ထူးထူးခြားခြားလေးဖြစ်အောင် ကြက်သားဟင်းချက်နည်းလေး တင်မယ်နော်။ ဖတ်တဲ့လူတွေလည်း ကန်ဒီ့အကြောင်းချည်းဖတ်ရတာ ရိုးအီနေလောက်ပြီမလား ဟဟဟ(xD)။ အမေ့ရဲ့ ကြက်သားဆီပြန်ဟင်းချက်နည်းလေးပေါ့။
ကန်ဒီ့ဘလော့ဂ်ကိုဖတ်တဲ့လူတိုင်းတော့ သိချင်မှသိမယ်။ သတိထားမိတဲ့လူတွေလည်း ရှိရင်ရှိမှာပေါ့လေ။ ကန်ဒီ့မှာ ပျင်းရင်ပျင်းသလို တင်ချင်ရာတင်တဲ့ YouTube Channel တစ်ခုရှိတယ်။ ကန်ဒီ့ဗွီဒီယိုတိုင်းကို ဒီမှာပိုစ့်တစ်ခုအဖြစ် တင်လေ့မရှိတော့ သိကြမှာမဟုတ်ဘူး။
ဒီနေ့တော့ ဘာရေးရမလဲမသိတာနဲ့ ကန်ဒီ့အမေချက်တဲ့ ကြက်သားဟင်းဗွီဒီယိုလေးကို ဒီမှာပိုစ့်တစ်ပုဒ်အဖြစ်တင်မလို့ ကြံစည်နေတယ် xD xD
ကြက်သားဟင်းချက်မယ်ဆို ပထမဆုံး ကြက်သားကို နနွင်း၊ ဆား၊ ငရုတ်ကောင်းနည်းနည်း၊ မဆလာများများနဲ့နယ်ပြီး နာရီဝက်လောက် နှပ်ထားပါ။ စ,ချက်တော့မယ်ဆို ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ ဖာလာစေ့နဲ့ လေးညှင်းအနည်းငယ်ကို အရင်ဆီသတ်ရမယ်။ ပြီးရင် ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ကြက်သွန်နီထောင်းထားတာကို ဆက်ဆီသတ်တယ်။ အရောင်အတွက် ငရုတ်သီးဆီချက် (သို့) အရောင်တင်မှုန့်သုံးလို့ရတယ်။
ဆီသတ်ပြီးရင် နယ်ထားတဲ့ ကြက်သားထည့်ပြီး ကြက်သားတင်းတဲ့အထိ မီးနည်းနည်းနဲ့ မွှေပေးရမယ်။ ကြက်သားတင်းပြီဆို ရေထည့်ပြီး ကြက်သားနူးအောင် မီးနည်းနည်းနဲ့ အဖုံးအုပ်တည်တယ်။ ကြက်သားနူးပြီဆို အဖုံးဖွင့်ပြီး ရေခမ်းအောင် တည်ပေးပြီးရင် အနံ့အရသာနဲ့ပြည့်စုံတဲ့ ကြက်သားဟင်းတစ်ပွဲရပါပြီ... ဒန်တန်တန် ^_^
မသိရင် "စားကြမယ်ဟေ့ ကောင်းကောင်း" အစီအစဉ်ကြေငြာသူလိုလို ဟဟ xD
Have a Nice Weekend :)
Have a Nice Weekend :)
4 comments:
ကြက်သားဆီပြန်ဟင်းဆို အရမ်းစားလို့ကောင်းပြီ ထမင်းမိန်ပြီပေါ့ Post တွေလည်းမကြာမကြာတင်ပါဦးဗျ :-)
N N Lay
မေမေ့ပညာတွေလက်ဆင့်ကမ်းယူနေတာပေါ့လေ။
ကြည့်တာနဲ့ စားချင်စရာ။
ဆရာမကသဘောကောင်းတယ်နော်။
စကာင်္ပူထိလာသင်ပေးတယ်။း)
အိုင်အိုရာ
ကန်ဒီ့မေမေကြက်သားဟင်းချက်နည်းလေးယူထားဦးမယ်...မွှေးနေမှာပဲ ထမင်းနဲ့တောင်နယ်စားချင်လာဘီ
သကြားလုံးလေးချက်တဲ့ ကြက်သားဟင်းကို ပလာတာနဲ့စားချင်တယ်။ စားကောင်းမယ့်ပုံလေး။
Post a Comment