ဒီနေ့ ကန်ဒီရေးချင်တဲ့အကြောင်းအရာက နည်းနည်း Serious ဖြစ်တယ်။ နည်းနည်းမဟုတ်ပါဘူး။ တော်တော်ကြီးကျယ်တဲ့အရာ...
ပထမဆုံး ကန်ဒီမေးချင်တာက... ဆိုကြပါစို့။ ကိုယ်အရမ်းချစ်ခင်ရတဲ့ လူတစ်ယောက်က မူးယစ်ဆေးဝါးသုံးစွဲနေတယ်ဆို ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ?? ငယ်ငယ်က တီဗွီကနေလာတဲ့ မူးယစ်ဆေးဝါး ပညာပေးဇာတ်လမ်းလေးတွေ ကြည့်ဖူးတယ်။ မူးယစ်ဆေးဝါးသုံးစွဲလို့ မိဘတွေစိတ်ဆင်းရဲရတာ... မိဘပိုက်ဆံတွေ ခိုးယူတာဘာညာ ဒီလောက်ပဲပြပြီး နောက်ဆုံးကျတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး အောင်မြင်စွာဆေးဖြတ်လိုက်ကြတယ်။
တကယ်တမ်း အပြင်လောကမှာ အဲ့ဒီလောက် မလွယ်ကူဘူး။ ဆေးစွဲသွားတဲ့လူတစ်ယောက်က ကိုယ်အရင်က သိခဲ့တဲ့လူ လုံးဝမဟုတ်တော့ဘဲ နောက်လူတစ်ယောက်အဖြစ် ချက်ချင်းပြောင်းလဲသွားတာ... ကိုယ့်ကိုလည်း သေချာမသိတော့သလို ပြောတဲ့စကားတွေကလည်း ဆက်စပ်မရ နားမလည်နိုင်တဲ့စကားတွေ။ အရမ်း အရမ်းကြောက်ဖို့ကောင်းတယ်။ "ငါ ဘာလုပ်ပေးနိုင်လဲ" စဉ်းစားတဲ့အခါ စိတ်ပျက်ရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။ ကိုယ်ကလည်း အဝေးမှာ ရောက်နေခဲ့တယ်။ ဆေးရုံပို့ပြီး ဆေးဖျက်ခိုင်းဖို့ဆိုတာကလည်း အပြောလွယ်သလောက် တကယ်တမ်းလက်တွေ့မှာ ကာယကံရှင်ဆန္ဒမပါရင် လုံးဝမလွယ်ကူတဲ့အရာ။
အဆိုးဆုံးကတော့ စကားအကောင်းတခွန်းမှ ပြောလို့မရလောက်အောင် အသိဥာဏ်ကင်းမဲ့သွားတာပဲ။ ကိုယ့်ကိုဆဲဆိုတဲ့အဆင့်ထိ ရောက်လာတဲ့အခါ အဝေးဆုံးကို ထွက်သွားဖြစ်ခဲ့တယ်။ တကယ်ဆို ကိုယ်ချစ်ခင်ရတဲ့လူ ဒီလိုအခြေအနေဖြစ်နေချိန်မှာ အနားမှာရှိသင့်ခဲ့ပေမယ့် ပေးဆပ်ရတာတွေအရမ်းများလာတဲ့အခါ နောက်ဆုံးစွန့်ခွာဖြစ်ခဲ့တယ်။ အခုစာဖတ်နေတဲ့သူတွေရော ကန်ဒီ့နေရာမှာဆို ဘယ်လိုလုပ်မလဲ??
ဒီအဖြစ်အပျက်ဟာ ကန်ဒီ့ဘ၀မှာ တော်တော်ကြီးမားတဲ့ ၀မ်းနည်းမှုတစ်ခုဖြစ်ခဲ့သလို ဘယ်တော့မှလည်း မေ့ပစ်လို့ရမှာမဟုတ်တဲ့ သင်ခန်းစာတစ်ခုဖြစ်တယ်။
7 comments:
ကန်ဒီလေးရယ်..
သတ္တ၀ါတစ်ခုကံတစ်ခုဆိုတာကြားဖူးနေကြပေမဲ့ကိုယ်တိုင်လက်ခံရတဲ့အခါတော်တော်ခံစားရပါတယ်။
ကန်ဒီ့ဘ၀အတွက်အောင်မြင်အောင်ကြိုးစားနိုင်တာကိုကတော်တော်တော်တာပါ။
ဝမ်းနည်းစရာကောင်းပေမဲ့ဒီလိုခံစားချက်မျိုးတွေကကန်ဒီ့ ကိုသူများထက်သာတဲ့ရင့်ကျက်မှုတွေပေးခဲ့တာပါ။
ပြီးခဲ့တာတွေသင်ခန်းစာယူမေ့ပစ်ပြီးရှေ့ ဆက်ရမှာပေါ့။
ကန်ဒီ့ လိုမဆုံးဖြတ်မကြိုးစားနိုင်တဲ့သူဆိုခုချိန်ဆိုကန်ဒီလိုကိုယ့်ခြေထောက်ပေါ်တင့်တင့်တယ်တယ်ဘယ်ရပ်နိုင်ပါ့မလဲ။
လူတိုင်းပျော်ရွှင်ဖို့ ထိုက်တန်ပါတယ်။
ကန်ဒီဆုံးဖြတ်တာမှန်တယ်လို့ ထင်ပါတယ်။
အိုင်အိုရာ
C'est la vie? Toute est pardonne´!!! GGPa
that's reality.
life is NOT a fairy tale which normally ends with "happily-ever-after".
be strong; be resolute.
cheers!!!
-m
That's why I'm being a non-drinker, ma ma.
မိုက်သူတွေ့က ဥပက္ခာဝင် မဝင်နိုင်က ရွဲ့တတ်တယ်တဲ့။ တခါတလေ သိကြားမင်း ဆင်းမကယ်နိုင်တဲ့ အရာတွေတောင်ရှိသေးတာပဲ။ Candy ကိုယ်တတ်နိုင်သလောက်လည်း ကြိုးစားပေးကြည့်ပြီးရင်ဆိုတော့ သူ့အသိတရား ဝင်တဲ့ အချိန် မနှောင်းပါစေနဲ့ပဲ ဆုတောင်ပေးဖို့ရှိတော့တယ်။
စေတနာ မေတ္တာတွေ တစ်ပုံတစ်ပင်ကြီး ပေးစေအုံးတော့ မယူတတ်တဲ့သူအတွက် မရ ဆိုသလိုပဲ သိကြားလုံးလေးရေ။ မည်သူမပြုမိမိမှုလို့ ယူဆတာမို့ သူ့သမိုင်းသူရေး ကိုယ့်သမိုင်းကိုယ်ရေးရမှာပေါ့နော်။
oh...this is so sad..first of all your safety is utmost important. size-up the situation. stay away, but call for help...apparently this person needs help. his or her life is in danger...he or she is a sick person you cannot ration with ..so do something what you can do to help..indirectly , example....inform the relatives and friends
so...basically make sure you are safe and make sure the other person gets some help in any form.. direct or indirect..do something you can do to help someone you know before..
but don't be so melancholic....
Forget injuries,but never forget kindnesses.”
W
Post a Comment