Saturday, January 24, 2015

ရေခဲမုန့်

Hello...
ညနေ(၃)နာရီလောက် အလုပ်ကပြန်လာပြီးကတည်းက ထမင်းစားပြီး အိပ်လိုက်တာ ည(၇)နာရီခွဲမှ နိုးတယ်။ ကန်ဒီ့အမေနဲ့ညီမက ကန်ဒီ့ကို မထ,တော့ဘဲ မနက်ထိအိပ်မယ် ထင်နေကြတာတဲ့ ဟဟဟ(xD)။ စနေညနေဆို အလုပ်ကပြန်လာတာနဲ့ တန်းအိပ်တာ ထုံးစံပဲ။ ဒီနေ့တော့ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်သွားတယ်။ ဒီရက်ပိုင်း ပင်ပန်းတယ်။ လုပ်စရာတွေက တန်းစီနေတယ်။


အိပ်ပြန်ရောက်တာနဲ့ အမေချက်တာလေးစားပြီး အမေနဲ့နှပ်ရတာလည်း အရသာတစ်မျိုး(:D)။ ကန်ဒီမပြောပြရသေးဘူးထင်တယ်။ ပထမအမေက ဒီလ(၁၂)ရက်နေ့ပြန်ရမှာကို ကန်ဒီတို့ ဗီဇာကို တစ်လ Extend ထပ်လုပ်လိုက်တာ နောက်လ (၁၁)ရက်နေ့မှ ပြန်ရတော့မယ်(:D)။ အမေက လမ်းလည်းသိပ်မလျှောက်နိုင်တော့ ဘယ်မှမသွားဖြစ်ဘူး။ ဟိုတလောကတော့ ကန်ဒီတို့လိုချင်တာ ၀ယ်ပေးမယ်ဆိုပြီး Bugis သွားကြတယ်။ ဘာမှတော့ သိပ်မ၀ယ်ဖြစ်ပါဘူး။ ရေခဲမုန့်စားပြီး ပြန်လာကြတယ်။ အမေက ဆီးချိုသာရှိတာ ရေခဲမုန့်တော့ ကြိုက်တယ် >_>




အမှန်က သူ့သမီးတွေမှာ ၀တ်စရာအကျီမရှိဘူး... ၀ယ်ပေးမယ်ဆိုပြီး သွားတာ ဟဟဟ။ အမေပြောမှ ကိုယ့်ကိုကိုယ် သနားလာသလိုလို(xD)။ ကန်ဒီက တစ်ခုခုကိုကြိုက်တယ်ဆို အဲ့ဒါပဲလှည့်ဝတ်နေတတ်တာ။ ချေးကလည်း များသေးတယ်။ အဲ့ဒါကြောင့် ကန်ဒီဝတ်တာတွေက ထပ်နေတာ။ အမေက အဲ့ဒါကိုပြောမဆုံးဘူး... တစ်ခါလာလည်း ဒါပဲ၊ နောက်တစ်ခါလာလည်း ဒါပဲဆိုပြီး (xD xD)။

အမေထိုးတဲ့ ထမင်းနဲ... ကောင်းမှကောင်း(^_^)


ကြွားစရာရှိသေးတယ်။ ကန်ဒီ Service Ambassador Award ရတယ် Yayyy(^_^)။ အလုပ်မှာ ပင်ပန်းပေမယ့် ဒီလိုလေးရတော့လည်း အရမ်းပျော်တယ်(^_^)။ ကျောင်းပြန်ဖွင့်ပြီ။ ကလေးတွေနဲ့ ပြန်တွေ့ရတာလည်း ပျော်စရာတစ်မျိုး။ ဒါပေမယ့် ကန်ဒီစာသင်ရတဲ့အခန်း ပြောင်းသွားပြီ။ မနှစ်ကသင်ရတာက ပိစိကွေးလေးတွေ။ ဘာဆိုဘာမှမသိတဲ့ ကလေးလေးတွေ။ ဒီနှစ်က နည်းနည်းလေးကြီးတဲ့ကလေးတွေအတန်း ရောက်သွားတယ်။ အဲ့အခန်းမှာ သင်ပေးမယ့်ဆရာမ,မရှိလို့လေ။


Happy Saturday everyone!!
Good Night Zzz...

3 comments:

Ma Tint said...

သကြားလုံးလေးသိတ်ပျော်နေပုံရတယ်...
တီတင့်လည်း ကိုယ်ကြိုက်တဲ့အင်္ကျီဆိုရင် အရောင်လွင့်တဲ့အထိဝတ်တာ ... :P

Yan Naing Aye said...

Award တွေရတဲ့ အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ထမနဲ တော့ စားချင်နေတာ ပုံမြင်တော့ ပိုစားချင်သွားပြီ။ အတန်းပြောင်း သွားတယ် ဆိုတော့ သမီးတို့ ကို မသင်ရတော့ဘူး နဲ့တူတယ်။

Candy said...

သံစဉ်လေးလည်း အခန်းပြောင်းပြီး ဒီဘက်ခန်းကို လိုက်လာတယ်လေ ^_^