Sunday, February 1, 2015

Beauty Chit Chat

Hi...
ဒီနေ့တော့ မရေးတာကြာပြီဖြစ်တဲ့ အလှအပနဲ့ပက်သက်တဲ့ပိုစ့်လေး တင်မယ်နော်။ ဘာရေးမယ်ဆိုပြီး ထွေထွေထူးထူး စဉ်းစားထားတာတော့ မရှိပါဘူး။ ဒီအတောအတွင်းသုံးဖြစ်တဲ့ ပစ္စည်းလေးတွေအကြောင်း Review လေး နည်းနည်းနဲ့ ဟိုဟိုဒီဒီပေါ့...

ဒီရက်ပိုင်း ကန်ဒီအသည်းအသန်ဖြစ်နေတာက Moisturizer... ကန်ဒီသုံးနေတဲ့ "Simple" Moisturizer လေး ကုန်သွားတော့ မသုံးဖူးတာလေး စမ်းဝယ်သုံးကြည့်မယ်ဆိုပြီး Moisturizer ရှာပုံတော် ထွက်တာ၊ တစ်ခုဝယ်လိုက် မကြိုက်လိုက်နဲ့ နောက်ဆုံးအရင်သုံးဖူးတဲ့ Neutrogena Moisturizer ဆီပဲ ပြန်ရောက်သွားတယ်။


ကန်ဒီဘယ်လောက်ချေးများလဲဆိုတာ အဲ့ဒါသာကြည့်တော့ ဟဟ(xD)။ ပထမဆုံးဝယ်ဖြစ်တာက "Cetaphil" Oil Control Facial Moisturizer... ကန်ဒီ့လို အဆီပြန်တတ်တဲ့ အသားအရည်ပိုင်ရှင်တွေအတွက် ပိုအဆင်ပြေတယ်။ SPF 30 လည်းပါတော့ မနက်ဘက်လိမ်းရင် ပိုကောင်းတာပေါ့။ ညဘက်ကျတော့ SPF ပါတာကြီး ကန်ဒီကမလိမ်းချင်ဘူး။ အဲ့ဒါနဲ့ ညဘက်လိမ်းဖို့ Moisturizer ဆက်ရှာဖွေတယ်။ 

အရင်က Garnier က ထုတ်တဲ့ Moisturizer လေးတစ်ခုသုံးဖူးတာ ကန်ဒီတော်တော်ကြိုက်တယ်။ အဲ့ဒါနဲ့ Garnier ကပဲထုတ်တဲ့ Sakura White ဆိုတဲ့ Moisturizer ၀ယ်ကြည့်တာ အနံ့လုံးဝမခံနိုင်လို့ မသုံးဖြစ်ဘူး။ ဒီလိုနဲ့ ဆက်ရှာရင်း... Hada Lobo က ထုတ်တဲ့ Moisturizer ထပ်ဝယ်ကြည့်တယ်။ Hada Lobo brand ကို တချို့လူတွေက ကောင်းတယ်ပြောကြတယ်။ ကန်ဒီကိုယ်တိုင်လည်း အဲ့ကထုတ်တဲ့ မျက်နှာသစ်ဆေးသုံးဖူးတယ် ထင်တယ်။ ဟိုးးအရင်တုန်းက တော်တော်ကြာပြီ။ အဲ့ဒါနဲ့ ကြိုက်မလားလို့ စမ်းဝယ်ကြည့်တာ... လုံးးးးဝအဆင်မပြေဘူး။ လိမ်းပြီးတာနဲ့ စီးကပ်ကပ်နဲ့ မျက်နှာတစ်ခုလုံး အဆီတုံးကြီးလို ဖြစ်နေတယ်(>.<)။ ပိုက်ဆံတွေ ပလုံပလုံဖြစ်လို့ အနားရှိတဲ့အမေကို ညည်းတော့ အမေက သူယူမယ်တဲ့ သူ့ပေးဆိုတာနဲ့ ပေးလိုက်တယ် xD

နောက်ဆုံးကျတော့ ကိုယ်အရင်ကသုံးဖူးတဲ့ Neutrogena ဆီပဲ ပြန်ရောက်သွားတယ်... ဖြစ်ပုံ(>.<)။ မသုံးဖူးတာလေးထဲက ကြိုက်တာလေးများတွေ့မလားလို့ စမ်းကြည့်ပါတယ်၊ နောက်ဆုံး ဒီဘူတာပဲဆိုက်တယ်။ စာဖတ်သူတွေကြိုက်တဲ့ Moisturizer လေးတွေရှိရင်လည်း ကန်ဒီ့ကို ပြောပြခဲ့ဦးနော်... Sharing is Caring ^_~

ဒါနဲ့ ကန်ဒီ့ညီမ Online က မှာပေးတဲ့ EOS Lip Balm လေးကို သုံးကြည့်ပြီး အခုကြိုက်နေတယ်။ သုံးလို့ကောင်းတယ်... SGD 5 ပဲ ပေးရတယ်။ Maybelline က ထုတ်တဲ့ "Baby Lip" ကတော့ ကန်ဒီအရင်သုံးနေကျ Lip Balm... အဲ့ဒါလည်း ကောင်းတယ်။


သူများအတွက်လက်ဆောင်။ လူအများကြီးနဲ့ စုပြီးဝယ်ပေးတာဆိုတော့ ဒီလိုဈေးကြီးတာမျိုး ၀ယ်ပေးနိုင်တယ်(^_^)။ Too Faced Chocolate Bar က ထွက်တာသိပ်မကြာသေးဘူး။ Review တွေ အရမ်းကောင်းတယ်။ SGD 69 ဆိုတော့ ကိုယ့်အတွက်ကိုယ်ဆိုရင်တော့ ၀ယ်ဖြစ်မှာ မဟုတ်ဘူး။ ကန်ဒီက Eyeshadow လည်း အဲ့လောက်ကြီး မသုံးဘူးလေ။ Laneige က Water Sleeping Pack က နာမည်ကြီးတယ်။ ကန်ဒီ့ညီမဟာ ယူသုံးဖူးတာလည်း ကောင်းတယ် (ညီမရှိခြင်း အကျိုး xD)။ အပြောင်းအလဲလေးဖြစ်အောင် လက်ဆောင်ပေးတော့ Multiberry Yogurt Repair Pack လေး ၀ယ်ပေးလိုက်တယ်။ အနံ့လေးကတော့ Strawberry နံ့လေးမွှေးတယ်။ 

တော်သင့်ပြီ...
Good Night^^

4 comments:

တိမ်လွှာဖြူ said...

Moisturizer က Shiseido က ထုတ်တဲ့ ELIXIR lotion+emulsion ဘူး ၂ ဘူးတွဲ set လိုက်ကလေးတွေ ကောင်းတယ်..။ အဆီမပြန်ဘူး။ လိမ်းလို့လိမ်းထားမှန်း မသိသာဘူး။ ပါးပါးလေးတွေပဲ..။ ခုတလော နေ့ခင်းဘက်အတွက် အဲဒီ ၂ ဘူးသုံးတယ်..။ ညအတွက်က The body shop က Toner and night cream သုံးတယ်.။ အဲဒါလည်း ကောင်းတယ်..။ ဒါပေမယ့် နေ့မှာ Brand တမျိုး၊ ညမှာ Brand တမျိုး သုံးတာ အဆင်ပြေပါ့မလားတော့ မသိပေမယ့် သုံးဖြစ်နေတာ :D

Candy Khine said...

Thanks for sharing sis :D

Anonymous said...

I'm using that moisturizer , sis
https://www.shiseido.com.sg/products/VITAL-PERFECTION/White_Revitalizing_Emulsion_Enriched/889/

Phuu

Anonymous said...

ကြက်ဥ