Sunday, February 8, 2015

Day out with Friends

ရန်ကုန်က ကန်ဒီ့သူငယ်ချင်းတစ်ယောက် စင်္ကာပူလာလည်တယ်ဆိုတာနဲ့ စနေနေ့က သူနဲ့သွားတွေ့တယ်။ သူက Sentosa သွားချင်တယ်ဆိုတော့ အလုပ်ပြီးတာနဲ့ အကျီလဲပြီး Vivo City တန်းသွားတယ်။ (၂)နာရီခွဲလောက် Vivo ရောက်တော့ နေ့လည်စာကို Texas Chicken စားပြီး လေပေါကြတယ်။ (၁၀)တန်းအောင်ပြီးကတည်းက ကွဲသွားကြတာဆိုတော့ သူနဲ့ကန်ဒီမတွေ့တာ (၁၀)နှစ်နီးပါးလောက် ရှိပြီ။ ကျန်တဲ့နှစ်ယောက်ကလည်း ကန်ဒီနဲ့အလယ်တန်းကျောင်းကတည်းက အတန်းတူသူငယ်ချင်းတွေ... သူတို့ကတော့ ဒီမှာဆိုတော့ မကြာခဏတွေ့ဖြစ်တယ်။


ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့ ကလေးဘ၀ကိုပြန်ရောက်သွားသလိုလို... သူက ခုထိငယ်ရုပ်လေးမပျောက်သေးဘူး။ ငယ်ငယ်တုန်းကလည်း အဲ့အတိုင်းလေးပဲ။ ဒါပေမယ့် ရင့်ကျက်လာတဲ့ ပြောပုံဆိုပုံလေးကို သတိထားမိတော့... ကန်ဒီတို့တွေ တကယ်ကြီးအရွယ်ရောက်လာကြပြီး ကိုယ့်ဘ၀လမ်းကို ကိုယ်စီလျှောက်လှမ်းနေကြပြီပဲ ဆိုပြီးတွေးမိတယ်။ လွန်ခဲ့တဲ့ (၁၀)နှစ်တုန်းကလို (၁၅)နှစ်၊ (၁၆)နှစ်အရွယ် ဘာလုပ်ရမှန်းမသိတဲ့ မြီးကောင်ပေါက်မလေးတွေ မဟုတ်ကြတော့ဘူး။ အချိန်တွေက ကုန်မြန်လိုက်တာနော်...


ကန်ဒီ့သူငယ်ချင်းက MegaZip ဆိုတဲ့ ခန္ဓာကိုယ်ကိုချည်ပြီး တဖက်ကမ်းကို ကြိုးနဲ့ဆွဲသွားတဲ့ဟာကို လုပ်ချင်တာ... ဧည့်သည်ကိုလိုက်ပို့တဲ့ ဒီကသုံးယောက်က အဲ့ဒါကိုမလုပ်ရဲဘူး ဟဟ... အဲ့ဒါသူ့ကို "လုပ်ပါ ကန်ဒီတို့တဖက်ကမ်းက သွားစောင့်နေမယ်"ဆိုတာကို ကန်ဒီတို့မလုပ်ရင် မလုပ်တော့ဘူးတဲ့လေ။ အားနာလိုက်တာ... အဲ့ဒါကြီးတော့ ကန်ဒီတကယ်ကြီးကြောက်တယ် မလုပ်ရဲဘူး xD 

 From Google Image ^_^

အဲဒါနဲ့ Luge and Sky Ride စီးကြမယ် ဖြစ်သွားရော... သူများတွေ Luge စီးနေတာကြည့်ပြီး ကန်ဒီက ဖြစ်ပါ့မလားပေါ့။ တစ်ယောက်တည်းစီးရမှာ... တခါမှလည်း မစီးဖူးဘူးပေါ့။ အဲ့လို ကြောက်နေတာကို ကန်ဒီ့သူငယ်ချင်းက ဘာမှမဖြစ်ဘူး.. အဲ့ဒါလွယ်လွယ်လေးဆိုပြီး အတင်းခေါ်တာနဲ့ သူတို့ခေါ်ရာ ပါသွားတယ်။ တစ်ယောက်ကို SGD 15... 

Getting Ready...




တကယ်စီးကြည့်တော့ အရမ်းပျော်ဖို့ကောင်းတယ်။ မောင်းရတာလည်း လွယ်လွယ်လေးရယ်။ SGD 15 တန်တယ်လို့ ပြောလို့ရတယ်။ ကန်ဒီ့ကိုအတင်းခေါ်တဲ့ သူငယ်ချင်းတွေကိုတောင် ကျေးဇူးတင်တယ် ဟီးး(xD)။ အဲ့ဒီ Luge နဲ့ သွားပြီး ဟိုဖက်ကနေ Sky Ride ပြန်စီးလာတယ်။ Sky Ride ပေါ်ကနေတော့ ဓာတ်ပုံမရိုက်ခဲ့ဘူး။ ဖုန်းအောက်ကို လွတ်ကျမှာစိုးလို့ xD xD

Sky Ride

အဲ့ဒါပြီးတော့ Segway Fun Ride စီးတယ်။ အဲ့ဒါလည်း SGD 15 ပဲ... ဒါပေမယ့် လုံးဝမတန်ဘူး။ ဘယ်လိုစီးရလဲဆိုတာ သူတို့သင်တာအပါအ၀င်မှ (၈)မိနစ်လောက်ပဲ။ လမ်းလေးကလည်း တိုတိုလေးရယ်။ အခုမှစီးတတ်စရှိသေးတယ် လမ်းကဆုံးသွားပြီ... ပြီးသွားပြီး(>.<)။ အဲ့ဒါစီးတာကို ကတုန်ကယင်သင်နေတာနဲ့ အားလုံးက ဓာတ်ပုံရိုက်ဖို့ သတိမရလိုက်လို့ Google က ပုံလေးပဲ ပြလိုက်မယ်နော်...

From Google Image ^_^





အဲ့ဒါပြီးတော့ Siloso Beach ဘက် အရင်သွားကြတယ်။ နေ၀င်တာနဲ့ ကွက်တိ။ Palawan Beach ကြိုးတံတားဘက်လည်း ရောက်ခဲ့တယ်။ အဲ့ကျွန်းလေးကို သဘောကျတယ်။ ကျွန်းအနောက်ဘက်ကနေ ပင်လယ်ကြီးကိုကြည့်ရင် အရမ်းလှတယ် ^_^


Good Night ^_^

3 comments:

Thu said...

ကန်ဒီအသေးဆုံး :P
Lugeက ဆိုင်ကယ်နဲ့ဆင်လား.. စီးကြည့်ချင်လိုက်တာ

-မြတ်ကြည် thanakharmay said...

ပျော်စရာကြီး။ ဖဘမှာ တင်ကတည်းက လုပ်ထားတာ။ အခုတော့ စာနဲ့ တွဲဖက်ရတာပေါ့။

Ma Tint said...

ပျော်စရာလေးတွေကူးသွားပြီ သကြားလုံးလေးရေ...
တီတင့်တို့တောင် ဒီအသက်အရွယ်ရောက်နေပြီ ငယ်သူငယ်ချင်းတွေပြန်ဆုံရင် ပွက်လောရိုက်ပြီး ငယ်မူပြန်သွားသေးတာပဲလေ ....