Sunday, February 15, 2015

Missing Mom

ဒီနေ့မနက် (၈)နာရီခွဲလောက်နိုးတယ်။ တနင်္ဂနွေနေ့ဆို အဲ့လောက်အစောကြီး မထတတ်ဘူး... ဒီနေ့တော့ ထူးထူးခြားခြား သူ့အလိုလိုနိုးလာတယ်။ မနက်စာအတွက် ပေါင်မုန့်နဲ့ ကော်ဖီပြင်တယ်။ ဘ၀က အဲ့လိုချက်ချင်းပြောင်းသွားပြီ။ ပြီးခဲ့တဲ့အပတ်ကပဲ အမေပြန်သွားတယ်။ အမေပြန်ပြီး နှစ်ရက်လောက် အိမ်ကြီးတိတ်ဆိတ်နေတာ ကျင့်သားမရသေးတော့ စိတ်ဓာတ်ကကျသေးတယ်။ အလုပ်ကပြန်လာရင် အိမ်မှာကိုယ့်ကိုစောင့်မယ့်လူမရှိတာ သိနေတော့ အိမ်တောင်ပြန်မလာချင်ဘူး။ အမေရှိတဲ့ (၂)လလုံးလုံး အလုပ်ကို ထမင်းဗူးယူသွားတယ်။ အမေမရှိတော့ ထမင်းဗူးမပါတော့ဘူး။ သောကြာနေ့ကတော့ အမေ့ကိုသတိတရနဲ့ ထမင်းဗူးလေး ကိုယ့်ဟာကိုယ်ပြင်သွားတယ် ^_^


အမေတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ကူဘူးနော်။ မနက်ဆို အစောကြီးထ ဟင်းချက်ပြီး ထမင်းဗူးပြင်ပေးတယ်။ ညစာစားမယ်ဆိုလည်း ဟင်းတွေကအဆင်သင့် ထမင်းထ,ခူးပြီး စားလိုက်ရုံပဲ။ ကန်ဒီအမေတစ်ယောက်ဖြစ်တဲ့အခါကျရင်ရော အဲ့လိုမျိုး အစစအရာရာလိုလေသေးမရှိထားနိုင်တဲ့ အမေတစ်ယောက်ဖြစ်ပါ့မလားဆိုတာ ကိုယ့်ကိုကိုယ်သံသယ၀င်မိတယ်။ ဟဟဟ... အတွေးတွေက ဖြစ်လာမဖြစ်လာမသိတဲ့ ဟိုးးးအဝေးကို ရောက်နေတယ် xD


နောက်အပတ်က Chinese New Year ပိတ်ရက်ဆိုတော့ နားရပြီ။ ခရီးတွေဘာတွေသွားဖို့ အစီအစဉ်မရှိဘူး။ တစ်ရက်တော့ အလုပ်ကလူတွေနဲ့ စွန်သွားလွှတ်ဖို့ပြောထားတယ်။ Facebook မှာ "Yangon In My Heart" ဆိုတဲ့ Page လေးတွေ့တယ်။ မိန်းကလေးတွေအကြိုက် အလှအပနဲ့ပက်သက်တာလေးတွေကို ဗွီဒီယိုလေးတွေ တင်ထားတာ။ အဲ့ဒီအစ်မက ချစ်ဖို့လည်းကောင်းတယ်။ ကိုယ်တိုင်အလှအပနဲ့ပက်သက်တဲ့ပိုစ့်တွေ မတင်နိုင်တော့ အဲ့အစ်မ Page လေးကိုပဲ အားလုံးသိအောင် ရှယ်လိုက်တာပါ။

ကန်ဒီ့နောက်ဆုံးကျန်တဲ့ ဟမ်းစတားလေးလည်း သေသွားပြီ။ ဒီလိုတနင်္ဂနွေမနက်တိုင်း သူ့အိမ်လေးကို သန့်ရှင်းရေးလုပ်ပေးနေကျ... (၂)နှစ်လောက်လုပ်လာတဲ့ ဒီ Routine ကို မလုပ်ရတော့ဘူးဆိုတဲ့အသိက လူကိုဝမ်းနည်းစေတယ်။ ဒီနောက်ပိုင်း ဘ၀ကြီးက ခြောက်ခြောက်ကပ်ကပ်ကြီး ဖြစ်လာသလိုပဲ။ အလုပ်နဲ့အိမ်နဲ့တင် ပြီးနေတယ်။ ဘယ်မှမသွားတော့ ကန်ဒီ့ပိုစ့်တွေကလည်း ပျင်းစရာကောင်းလာတယ်။ အလှအပပိုစ့်တွေ တင်ဖို့ကျပြန်တော့လည်း အရင်လိုအချိန်အများကြီး မရှိပြန်ဘူး >.<

တာ့တာ...

3 comments:

Thu said...

ကျောင်းသားဘဝကပျော်ရွှင်မှုတွေ၊လွတ်လပ်ပေါ့ပါးမှုတွေ ပျောက်ကုန်သလိုပဲနော်..
ကန်ဒီက မိသားစုနဲ့ခွဲနေရတော့ပိုဆိုးမယ်နော်။ညီမလေးအနားရှိတာပဲတော်သေးတယ်ပြောရမှာပေါ့။Fighiting sis lay (^_^)

Ma Tint said...

ဘယ်လိုဖြစ်ဖြစ် ပို့စ်လေးတစ်ပုဒ်တက်လာတော့ ဖတ်ခွင့်ရတာပေါ့ သကြားလုံးလေးရယ်...

Tour Myanmar said...

Find out solutions, Know how to pass one's time fruitfully, that brings you full satisfaction ? GGPa.