Saturday, March 28, 2015

Busy Bee

Hello...
အားလုံးသိတဲ့အတိုင်း အကတိုက်နေရတော့ စာရေးဖို့အချိန်လုံးဝမရဘူး။ စာမရေးတာ နှစ်ပတ်တောင်ပြည့်တော့မယ်(T_T)။ အမှန်အတိုင်းပြောရမယ်ဆို ရေးဖို့အကြောင်းအရာလည်း သိပ်မရှိပါဘူး။ ညည်းစရာဆိုလို့ အဲ.. ပြောစရာဆိုလို့ ပင်ပန်းတာတစ်ခုပဲ ရှိတယ်။ အဲ့ဒါကြောင့် ဒီနှစ်သင်္ကြန်မကတော့ဘူးလို့ ကြုံးဝါးထားတာ... စိတ်ကသိပ်ခိုင်တာဆိုတော့ နောက်ဆုံးကျ က,ဖြစ်သွားပြန်ရော။

သီချင်းသုံးပုဒ်ဆိုပေမယ့် တကယ်က,မှာက တစ်ပုဒ်တည်းပါပဲ။ ကျန်တဲ့သီချင်းနှစ်ပုဒ်က ကန်ဒီတို့ကိုအကသင်ပေးတဲ့ဆရာမ က,မယ့်သီချင်းမှာ လိုက်ပြီး အရံက,ပေးတာ။ မနှစ်က ဆမ်ဘားဝမ်းသင်္ကြန်နဲ့ တိုပါးရိုးသင်္ကြန်တစ်ရက်ထဲ။ ဒီနှစ် ဆမ်ဘားဝမ်းသင်္ကြန်က အရင်လာမယ်ထင်တယ်။ ပြီးမှ တိုပါးရိုးသင်္ကြန်။ သင်္ကြန်နားနီးပြီဆိုတော့ သင်္ကြန်မုန့်လုပ်စားချင်တယ်။ မုန့်လုံးရေပေါ်ဖြစ်ဖြစ် ^_^

အိုကေ... သင်္ကြန်အကြောင်းခဏထား။ ဒီရက်ပိုင်းဖြစ်နေတာက Mr. Lee Kuan Yew ဆုံးသွားတဲ့ကိစ္စ။ ဖေ့ဘွတ်မှာသူများတွေတင်တဲ့ မတူညီတဲ့ စတေးတပ်တွေဖတ်ပြီး လူလည်းတရားရတော့မယ်။ သူကမြန်မာပြည်နဲ့ ဘာမှမဆိုင်ဘူးဆိုပေမယ့် စင်္ကာပူနိုင်ငံကို ဦးဆောင်ခဲ့တဲ့နေရာမှာတော့ တော်တော်လေးစားစရာကောင်းတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်လို့ မြင်တယ်။ကန်ဒီက နိုင်ငံရေးတွေဘာတွေ စိတ်မ၀င်စားတဲ့သူတစ်ယောက်ပါ။ အဲ့ဒါနဲ့ပက်သက်တဲ့ စာတွေလည်း သိပ်ဖတ်လေ့မရှိဘူး။ ဒါပေမယ့် အခုလက်ရှိရပ်တည်နေတဲ့ စင်္ကာပူနိုင်ငံရဲ့ အနေအထားကိုကြည့်လိုက်ရင်ပဲ ခေါင်းဆောင်တဲ့လူ ကောင်းမကောင်း၊ တော်မတော်ဆိုတာ အထင်းသားမြင်နိုင်တာပဲ မဟုတ်လား။ သူဆုံးပါးသွားတာနဲ့ ပက်သက်ပြီး အမှန်အတိုင်းပြောရရင် ကိုယ်တိုင်လည်း စိတ်မကောင်းဘူး။ ဖေ့ဘွတ်မှာ တချို့သောလူတွေရဲ့ စိတ်မကောင်းကြောင်း စတေးတပ်တွေ ဖတ်မိသလို တချို့သောလူတွေရဲ့ မကောင်းတဲ့ဘက်ကမြင်တဲ့ စတေးတပ်တွေဖတ်မိတော့လည်း စိတ်ထဲခိုးလိုးခုလုဖြစ်ရတယ်။ ဖတ်လိုက်ရတယ်... ကိုယ့်နိုင်ငံတောင်ကိုယ်ကောင်းအောင် မလုပ်နိုင်သေးဘဲ အမေကျော် ဒွေးတော်လွမ်းတယ်ဆိုလား... လေးစားအတုယူသင့်တဲ့လူကို စံနမူနာထားပြီး ငါတို့ဘယ်လိုကောင်းအောင် ပြုပြင်နိုင်တယ်ဆိုတာမျိုး ပိုဖြစ်သင့်တာမဟုတ်လား။ ခုတော့ တစ်ခုခုဆို အပြစ်တင်ဝေဖန် မကောင်းတဲ့ဘက်က ပြောမယ်ဆိုတာကြီးပဲ။ ဆုံးပါးသွားတဲ့မိသားစုဝင်တွေ၊ စင်္ကာပူနိုင်ငံသားတွေဘက်က စာနာစိတ်ဆိုတာမျိုး မရှိဘူး။ လူ့စိတ်တွေက မှန်းရခက်သား...

တော်သင့်ပြီ...
Good Night^^

No comments: