Sunday, April 5, 2015

I need Help


ကန်ဒီ့ဖုန်းကို System update လုပ်လိုက်ပြီးကတည်းက မြန်မာဖောင့်တွေက အဲ့လိုဖြစ်ကုန်လို့ ဖတ်မရတော့ဘူး (>.<)။ ဘယ်သူ့ကို အကူအညီတောင်းရမလဲလည်း မသိဘူး။ သိတဲ့သူတွေရှိရင် ပြောပြပေးပါနော်။ မြန်မာစာ ဖတ်လို့မရတာ တော်တော်ဆိုးတယ် :(


အမေလာတုန်းက ထမင်းချိုင့်ထည့်ထည့်ပေးတော့ သူပြန်သွားပြီးတော့လည်း အလုပ်ကို ထမင်းချိုင့်ယူတာ အကျင့်ပါသွားတယ်။ ကန်ဒီ့လက်ရာတွေလည်း တိုးတက်လာတယ် ပြောလို့ရတယ် ဟီးးး။ ကြက်သားမဆလာဟင်းလည်း ချက်တတ်သွားပြီ။ မနေ့က ကြက်သားနဲ့မျှစ်ချက်တယ်။ ပထမဆုံးမျှစ်ဟင်းချက်တာ ကောင်းတယ်လို့ ပြောလို့ရတယ်။ ခရမ်းချဉ်သီးငပိချက်က ကန်ဒီ့အကြိုက်... အဲ့ဟင်းကတော့ အမေ့လက်ရာပြီးရင် ကိုယ့်လက်ရာကိုယ် အကောင်းဆုံးလို့ ထင်တဲ့ဟင်း ဟဟဟ(xD)။



ဒါကန်ဒီ့ Lunch Box လေး... FairPrice က ၀ယ်ထားတာ။ Zebra Brand... ထမင်းဗူးအကြီးရယ်၊ ဟင်းထည့်ဖို့ ဗူးအသေးလေးရယ်၊ ဇွန်းတစ်ချောင်းရယ်၊ ထည့်တဲ့အိတ်ရယ် အားလုံးတွဲပါတော့ အဆင်ပြေတယ်လေ။ ပုံမှန် Price က SGD 33 ထင်တယ်။ Discount ရှိတော့ SGD 26 နဲ့ရတယ်။ အဲ့ထမင်းဗူးလေးက ရာဇ၀င်နဲ့... တစ်ခါပျောက်သွားသေးတယ်လေ၊ ဘက်စ်ကားဂိတ်မှာ ကျန်ခဲ့တာ... သူများယူသွားတယ်(>.<)။ အဲ့ဒါနဲ့ ကြိုက်လွန်းလို့ ပုံစံတူ နောက်တစ်စုံထပ်ဝယ်ထားတာ။ ဒီဇိုင်းက ရိုးရိုးကြီးဆိုပေမယ့် ဗူးကကျယ်တော့ ဆေးရလွယ်တယ်။ အပျင်းသမားကန်ဒီအတွက် အဆင်ပြေတယ်။ ထည့်တဲ့အိတ်ကလည်း ထမင်းဗူးနဲ့တင် ကျပ်မနေဘူး။ တခြားဟာနည်းနည်းပါးပါးထည့်ချင်ရင်လည်း ထည့်လို့ရသေးတယ်(^_^)။ ဒီမှာတင် ရပ်မယ်။ ထမင်းဗူးကြော်ငြာနဲ့ တူနေသလားလို့ ဟဟဟ :P


Farewell ဓာတ်ပုံ... အားကိုးရတဲ့ Pharmacist တစ်ယောက် အလုပ်ထွက်သွားတာ စိတ်မကောင်းဘူး။ တစ်ခုခုဆို သူ့ပဲ ပြေးပြေးရှာမိတာဆိုတော့။ Farewell card လေးရယ်၊ လက်ကောက်ကလေးရယ် လက်ဆောင်ပေးဖြစ်တယ်။ ရေးပေးဖြစ်တဲ့ Quote လေးက "If you are brave enough to say GoodBye, Life will reward you with a new Hello".

သင်္ကြန်အတွက် ၀တ်စုံတွေရပြီ။ အကျီတွေကကျယ်၊ ထမီတွေကလည်း ရှည်နေတယ်။ မှာပေးတဲ့အစ်မကိုလည်း အဆင်တွေဘာတွေ ပေးမရွေးဘူးတဲ့။ အံသြစရာကြီး ကိုယ်ဝတ်မယ့်အကျီတောင် ကိုယ်အဆင်မရွေးရဘူးဆိုတော့ ဘယ်လိုကြီးလဲမသိဘူး။ သူတို့ရွေးတဲ့အရောင်က လှလည်း မလှဘူး (>.<)။ အကတိုက်တာကလည်း ခုထိမညီသေးဘူး။ အခွေနဲ့တိုက်ထားတုန်းကညီတယ်။ အခု တီးဝိုင်းနဲ့တိုက်တော့ တီးလုံးတွေကမတူတော့ဘူး။ အဲ့ဒါနဲ့ မညီတော့ဘူး။ သူတို့တီးတဲ့ပုံနဲ့တူတောင် ပြန်တိုက်ရဦးမယ်။ 


မနက်ဖြန် ဆမ်ဘားဝမ်းသင်္ကြန်ရှိတယ်နော်။ ကန်ဒီကတော့ မနက်အစောကြီး တိုပါးရိုးပဲသွားပြီး အကတိုက်ရမယ်။
Good Night^^

4 comments:

cool emerald said...

ဖုန်းက ဆမ်ဆောင်းဖုန်းဆိုရင်တော့ play store က Zawgyi Samsung ဆိုတဲ့ app လေးထည့်လိုက်ရင်ရတယ်။

Candy Khine said...

Try kyi mal bro.. Thank you!!

ပဥာက် said...

အရင်ကသုံးခဲ့တဲ့ ဖောင့်ကဖုန်းထဲရှိသေးရင် ဘက်အပ် လုပ်ပြီး အန်အင်စတော လုပ် ။ပြီး ပြန်ဆွဲပြီး settingမှာပြန်ထည့် ။တခြားဟာမြန်မာဖောင့် ဖရိုဇင်လား ဇော်ဂျီဖောင့်လား ကိုယ်သုံးတဲ့ဟာကိုကိုယ်ပြန်ဆွဲdownload။ အလိုမှ မဟုတ်ရင် playstore မှာ ဇော်ဂျီဖောင့်လို့  မြန်မာလိုဖြစ်ဖြစ် အင်္ဂလိပ်လိုဖြစ်ဖြစ် ရိုက်ရှာ ။Aa zawgyi fontကို install လုပ်။ display မှာ ထည့်လိုက်ရုံပဲ။ အားလုံး အားလုံး မလုပ်ခင်မှာ ကိုယ့်ဖုန်းကို Restart အရင်လုပ်ကြည့် တခါတလေ ပြန်ရတတ်တယ် ။ U Can

ပဥာက် said...

အရင်ကသုံးခဲ့တဲ့ ဖောင့်ကဖုန်းထဲရှိသေးရင် ဘက်အပ် လုပ်ပြီး အန်အင်စတော လုပ် ။ပြီး ပြန်ဆွဲပြီး settingမှာပြန်ထည့် ။တခြားဟာမြန်မာဖောင့် ဖရိုဇင်လား ဇော်ဂျီဖောင့်လား ကိုယ်သုံးတဲ့ဟာကိုကိုယ်ပြန်ဆွဲdownload။ အလိုမှ မဟုတ်ရင် playstore မှာ ဇော်ဂျီဖောင့်လို့  မြန်မာလိုဖြစ်ဖြစ် အင်္ဂလိပ်လိုဖြစ်ဖြစ် ရိုက်ရှာ ။Aa zawgyi fontကို install လုပ်။ display မှာ ထည့်လိုက်ရုံပဲ။ အားလုံး အားလုံး မလုပ်ခင်မှာ ကိုယ့်ဖုန်းကို Restart အရင်လုပ်ကြည့် တခါတလေ ပြန်ရတတ်တယ် ။ U Can