Sunday, May 31, 2015

Bling Bling DnD

Holiday!!!
မနက်ဖြန် Vesak Day အလုပ်ပိတ်တယ်။ တနင်္လာနေ့ Holiday ကျမှပဲ သူများတွေလို နှစ်ရက်နားရတော့တယ်။ ပြီးခဲ့တဲ့အပတ်က အရမ်းအလုပ်ရှုပ်တော့ စာမရေးဖြစ်လိုက်ဘူး။ ပြီးခဲ့တဲ့ပိုစ့်မှာရေးထားသလိုပဲ Event တွေက ဆက်တိုက်ဆိုတော့ စာရေးချိန်မရတော့ဘူး။ ကန်ဒီ့ကို မမေ့သေးဘူးလို့ ထင်ပါတယ် :D

ဒီအပတ်လည်း အားတာရယ်တော့ မဟုတ်ဘူး။ နှစ်စဉ်အလုပ်မှာ ဖြေရတဲ့ Competency Exam က စ,တော့မှာဆိုတော့ ဒီရက်ပိုင်း စာတွေဖတ်နေရတယ်။ တခါတလေလေး ပိတ်ရက်ရတာတောင် ကိုယ်လုပ်ချင်တာ မလုပ်ရဘူး (>.<)။ ကန်ဒီပုံမဆွဲဖြစ်တာ ကြာပြီ... ပုံဆွဲချင်တဲ့စိတ်ကရှိပြီး အချိန်လုံးဝ မရှိဘူး :(

ဒီနေ့ကတော့ ပြီးခဲ့တဲ့အပတ် Dinner and Dance က ပုံလေးတွေ အဓိကပေါ့။ Vivo City ကနေ Sentosa ထဲကို ကားစီးသွားတယ်။ အဲ့ဒီက Lighting က အ၀ါဆိုတော့ ပုံတိုင်းလိုလို ၀ါနေတယ် >.<







ပုံစံက ဘာနဲ့တူနေလဲ မသိဘူး။ ဒီလောက်အမြင့်ကြီးစီးထားတာတောင် အရပ်က ရှည်တဲ့ပုံမပေါက်ဘူး (>.<)။ အကုန်လုံး Blank & White တွေချည်းဝတ်တာ... မတိုက်ထားပါဘဲ အဲ့လိုဖြစ်သွားတယ် ဟဟ...





ဒီအပတ်တော့ စာအများကြီးမရေးတော့ဘူးနော်... အခုပဲ သုံးနာရီခွဲတော့မယ်။ ခဏနေ ကန်ဒီ့ယုန်လေးတွေအတွက် အစာသွားဝယ်မလို့ ရေချိုးရမယ်။ သူတို့အတွက် လှောင်အိမ်လေးလည်း ကြည့်ချင်လို့လေ။ 

Happy Holiday^^

Sunday, May 17, 2015

Shopping!!

Hiii!!
လာမယ့်အပတ်မှာ အလုပ်က Annual Dinner and Dance Party ရှိတယ်။ ဒီတစ်ခါ Theme က "Bling Bling"... မနေ့က အလုပ်ကအပြန် Shopping သွားတယ်။ အဲ့ပွဲအတွက် ၀တ်ဖို့အကျီလိုက်ကြည့်တာ။ West Gate က ကန်ဒီကြိုက်တဲ့ "Sixties" ဆိုတဲ့ဆိုင်ကို အရင်သွားတယ်။ အဲ့ဒီဆိုင်က အကျီတွေက Retro Style လေးတွေ... အဲ့ဒီစီးကွင့်တွေနဲ့ အဖြူရောင်အကျီလေးကြိုက်တာနဲ့ တစ်ခါတည်း ၀ယ်လိုက်တယ်။ တခြားအရောင်တွေလည်း ရှိတယ်။ အဖြူရောင်ဆို အောက်က ဘာအရောင်နဲ့တွဲတွဲလိုက်တယ်ဆိုပြီး အဖြူပဲယူလိုက်တာ... Usual Price က SGD 59 လို့ရေးထားပေမယ့် Discount ရှိနေတာနဲ့ SGD 20 နဲ့ရတယ် ^_^


အဲ့ဆိုင်ကို ကန်ဒီမကြိုက်တဲ့တစ်ချက်က အကျီတွေကို Try လို့မရဘူး။ Discount Item မို့လို့လားတော့ မသိဘူး။ တော်မတော် မသေချာ မရေရာနဲ့ ၀ယ်ရတယ်။ စကပ်ကိုကျတော့ကန်ဒီက 3/4 Pencil Skirt လိုချင်တာ... ကန်ဒီ့မှာအဲ့လိုတစ်ထည်မှ မရှိလို့ရော... အဲ့လိုစတိုင်လ်မျိုး တစ်ခါမှ မ၀တ်ဖူးလို့ရောပေါ့။ လိုက်ရှာတာ ကန်ဒီကြိုက်တဲ့ဒီဇိုင်းလုံးဝမတွေ့ဘူး။ နောက်ဆုံးကြိုက်တာတွေ့တော့လည်း အမည်းရောင်... အမည်းရောင်လုံးဝမ၀ယ်ဘူးဆိုပြီး ဆုံးဖြတ်ချက်ချထားတာ အဲ့ဒီအမည်းရောင်ပဲဝယ်ဖြစ်တယ် (>.<)။ ကန်ဒီမှာရှိတဲ့အ၀တ်တွေအကုန်လုံးက အဖြူ၊ အမည်း၊ အပြာ၊ ခရမ်း ဒါတွေချည်းပဲ။ ခုလည်း ဒီဘူတာပဲ ဆိုက်တယ် ဟဟဟ(xD)။  Robinsons က... သူလည်း Discount ပဲ... Normal Price SGD 39 ကို SGD 19 နဲ့ရတယ် :D :D



Robinsons မှာ စကပ်စမ်းဝတ်ကြည့်တာ... စမ်းမ၀တ်ကြည့်ခဲ့ရတဲ့ အကျီပါ ထုတ်ဝတ်ကြည့်တယ်။ 3/4 Pencil Skirt ဆိုတော့ ဒူးဖုံးတယ်... အရှေ့ကကြည့်ရင် လှတယ်။ ဘေးကကြည့်ရင်တော့ သိပ်မလှဘူး... ဟီး စကပ်ကလှတယ်... လူကမလှတာကို ပြောတာ။ တင်တွေဘာတွေရှိတဲ့သူဆိုရင်တော့ ပိုလှမှာပေါ့နော် xD xD

လည်ပင်းက ပလိန်းကြီးဖြစ်နေတယ်။ ဆွဲကြိုးဝယ်ရမယ်။ ဖိနပ်က ကန်ဒီ့မှာရှိတဲ့ အမည်းရောင်ပဲ စီးမယ်။ ဆံပင်ကို ဘယ်လိုလုပ်ရမလဲ မစဉ်းစားရသေးဘူး။ ကိုင်ဖို့အိတ်လည်း စဉ်းစားရဦးမယ် ဟဟဟ (xD)။ ပြီးခဲ့တဲ့နှစ် DND က "Retro" Theme... ဒါပြီးခဲ့တဲ့နှစ်ကပုံ


နေ့လည်စာကို Shopping ထွက်ရင်း (၃)နာရီလောက်မှ Curry Times မှာစားတယ်။ အဲ့ဆိုင်မှာ ကန်ဒီအကြိုက်ဆုံးက Coffee Chendol... တယောက်တည်းစားရတာတော့ သိပ်မကောင်းဘူးပေါ့နော်။ အကျီတွေဝယ်ပြီးတော့ Pet Lovers Centre မှာ ကန်ဒီ့ယုန်လေးတွေအတွက် အစာသွားဝယ်တယ်။ မန်ဘာကဒ်နဲ့ ဒီလက ကန်ဒီ့ Birthday Month ဆိုတော့ Discount ပိုရတယ်။ ကန်ဒီလိုချင်တယ်ဆိုတဲ့ Bunny Cage လေးကို မေးကြည့်တာ သူတို့မှာ Out of Stock ဖြစ်နေတယ်တဲ့။ ဘယ်အချိန်ရမလဲဆိုတာလည်း လုံးဝမသေချာဘူးတဲ့ :(


ရှေ့အပတ်ကတော့ နည်းနည်းအလုပ်ရှုပ်မယ့်အပတ်။ အဂါင်္နေ့ အလုပ်ပြီးရင် Seminar တစ်ခုသွားရမယ်။ ကြာသာပတေးနေ့ Branch Dinner ရှိတယ်။ အလုပ်ကလူတွေအကုန်လုံး Dinner သွားစားကြမှာ။ စနေနေ့ကျတော့ Annual DND...

Happy weekend everyone^^

Sunday, May 10, 2015

Birthday Girl!!

Hellooo...
ဒီနှစ်မွေးနေ့ကတော့ ကန်ဒီ့အပျော်ဆုံးနဲ့ အမှတ်တရအဖြစ်ဆုံးမွေးနေ့လေးလို့ ပြောလို့ရတယ်။ အရင်နှစ်တွေလို ကိတ်မုန့်မခွဲဖြစ်ပေမယ့် မထင်မှတ်တဲ့ လက်ဆောင်တွေအများးးကြီးရတယ်။ ပြီးခဲ့တဲ့ စနေနေ့က ကန်ဒီ့မွေးနေ့... ထုံးစံအတိုင်းနေ့တ၀က် အလုပ်ဆင်းရတယ်။ မနက်နိုးတော့ ကန်ဒီလုပ်နေကျအတိုင်း မျက်နှာသစ်ပြင်ဆင်ပြီး မနက်စာစားတယ်။ မနက်စာမစားခင် ကန်ဒီအိမ်တံခါးကို အရင်ဖွင့်လေ့ရှိတယ်။ အဲ့နေ့ကလည်း ပုံမှန်အတိုင်း ဖွင့်လိုက်တာပဲ။ ဒါပေမယ့် သတိမထားမိသေးဘူး... မနက်စာစားဖို့ တံခါးဝကို မျက်နှာမူပြီး ထိုင်လိုက်တော့မှ အိမ်တံခါးမှာ Happy Birthday ဆိုတဲ့ စာတန်းလေးနဲ့ Surprise Gift ကို တွေ့တာ...


အဲ့လိုနှင်းဆီပန်းတွေ ဘာတွေလည်း ပါတော့ ကန်ဒီ့အတွက်မှ ဟုတ်ရဲ့လားဆိုပြီး သံသယဖြစ်သွားသေးတယ် ဟဟ(xD)။ အိမ်မှာတခြားသူမွေးနေ့တွေ ဘာတွေများရှိလားပေါ့။ နောက်တော့ အဲ့လောက်လည်း မတိုက်ဆိုင်လောက်ပါဘူးဆိုပြီး လက်ဆောင်ထုတ်ကြီးကို အိမ်ထဲသိမ်းပြီး (နောက်ကျနေလို့ မဖွင့်အားဘူး) အလုပ်သွားတယ်။ 

အလုပ်ရောက်တော့လည်း အလုပ်ကလူတွေက တစ်ယောက်ပြီးတစ်ယောက် Happy Birthday ပြောတော့ ကန်ဒီ့မွေးနေ့ကို သူတို့ဘယ်လိုသိလဲဆိုပြီး အံသြရတယ်။ အလုပ်မှာ ကန်ဒီက Welfare Champion ဆိုတော့ လစဉ်လတိုင်း မွေးနေ့ရှင်တွေအတွက် Birthday Card တွေ စီစဉ်ပေးရတယ်။ ကိုယ်တိုင်က အဲ့ဒါလုပ်တဲ့လူဆိုတော့ ကိုယ့်မွေးနေ့ကိုတော့ ဘယ်သူမှ မသိလောက်ဘူးပဲ ထင်တာ။ ပြန်ခါနီးကျတော့ ကန်ဒီ့ Locker ထဲမှာ လက်ဆောင်တချို့ ထည့်ထားကြတာ တွေ့ရတယ်။ ကန်ဒီ့ အလုပ်ကသူငယ်ချင်းက "We pretend like we don't know your Birthday!!" တဲ့ ဟဟဟ

အိမ်ပြန်လမ်းမှာ ကန်ဒီမသိတဲ့ဖုန်းနံပါတ်နဲ့ Message တစ်ခုဝင်လာတယ်.. "Hi, I'm going to deliver your Birthday present later. Will you be home at 7:30?" ကန်ဒီက ဘယ်သူလဲမေးတော့ သူက တစ်ယောက်ယောက်က လက်ဆောင်ပို့ခိုင်းလို့ သူကလက်ဆောင်ပို့ပေးတဲ့သူ သက်သက်ပါတဲ့... ကန်ဒီညနေအပြင်သွားစရာရှိတာနဲ့ သူ့ကိုည(၉)နာရီလောက်မှ လာခိုင်းလိုက်တယ်... သူကလည်း အဆင်ပြေတယ်တဲ့...


နေ့လည်(၃)နာရီလောက် အိမ်ပြန်ရောက်တော့ ခဏနားပြီး ညနေ Vivo City သွားတယ်။ တနင်္ဂနွေနေ့ ဘုန်းကြီးကျောင်းသွားရင် ကန်ဒီ့အတန်းထဲက ကလေးတွေကိုလည်း မွေးနေ့အမှတ်တရ မုန့်ဝယ်ကျွေးချင်လို့လေ။ အဓိက,က သူတို့အတွက် မုန့်သွားဝယ်တာ... ကန်ဒီ့အသိအစ်ကိုတစ်ယောက်က အဖော်လိုက်ပေးပြီး ညစာကို သူပဲကျွေးတယ်။ မွေးနေ့ရှင်ကကျွေးမယ်ဆိုတာကိုလည်း မကျွေးခိုင်းဘူး >.<



ည(၉)နာရီအရောက် အိမ်ပြန်တယ်။ အိမ်ပြန်ရောက်တော့ ချိန်းထားတဲ့သူလည်း မလာသေးတာနဲ့ ငယ်ငယ်တုန်းကလို လက်ဆောင်တွေ တစ်ခုပြီး တစ်ခုဖွင့်ကြည့်တယ်။ ကန်ဒီ့အလုပ်က သူငယ်ချင်းတွေက ကန်ဒီ့ကို ယုန်စားပွဲတင်မီးအိမ်လေးနဲ့ အိတ်ကလေး ပေးတယ်။ မနက်ကရတဲ့ လက်ဆောင်ထုတ်ကြီးထဲမှာတော့ လက်ဆောင်တွေ အများကြီးပဲ။ Puzzle တွေ... ရေဆေးခဲတံတွေ... Starbuck member card... Eyeshadow... ရေမွှေး စုံနေတာပဲ။ ပေးတဲ့လူကလည်း Stalker ဆိုတော့ ကန်ဒီဘာကြိုက်တတ်လဲ အကုန်သိပုံရတယ် ဟဟဟ...



ပစ္စည်းတွေကြည့်နေတုန်းမှာပဲ... Message ၀င်လာတယ်။ လက်ဆောင်လာပို့တဲ့သူက ရောက်နေပြီတဲ့။ တံခါးသွားဖွင့်ပေးလိုက်တော့... OMG!! ယုန်လေးနှစ်ကောင် ♥♥

သူတို့ကိုတွေ့တော့ စိတ်ထဲမှာ အရမ်းပျော်သွားတယ်။ တချိန်တည်းမှာပဲ သူတို့ကို ကောင်းကောင်းစောင့်ရှောက်နိုင်ပါ့မလားဆိုပြီး စိတ်ထဲတွေဝေသွားတယ်။ ယုန်တစ်ကောင်ရဲ့သက်တမ်းက (၈)နှစ်ရှိတယ်။ နောက်ပြီး သူတို့က ပိုးမွေးသလိုမွေးရတယ်။ Hamster လေးတွေလို မလွယ်ဘူး။ ကန်ဒီယုန်လေးတွေမွေးတာနဲ့ ပက်သက်ပြီး အများကြီး Research လုပ်ထားဖူးတယ်။ သူတို့ကို ဘာကျွေးသင့်လဲ... ဘယ်လိုထားသင့်လဲ ကန်ဒီအကြမ်းဖျင်း အကုန်ဖတ်ထားပြီးသား။ အခြေအနေအရ မမွေးဖြစ်သေးတာပဲ ရှိတယ်။ အခုလိုရုတ်တရက်ကြီး သူတို့ရောက်လာတော့ တစ်ချက်တွေဝေသွားတယ်။ ပျော်လည်းပျော်တာပေါ့နော်...


လာပေးတဲ့သူပြောပြတာ သူတို့မွေးနေ့က April 8 ဆိုတော့ ကန်ဒီရတဲ့အချိန်မှာ တစ်လတောင် မပြည့်သေးဘူးတဲ့။ အရမ်းငယ်သေးတော့ သူတို့ကိုတိုက်ဖို့ နို့ပေါင်ဒါလေးတွေ ပေးသွားတယ်။ (၁၂)ရက်လောက်ထိတော့ တနေ့တခါ နို့တိုက်ပေးရမယ်တဲ့။ သူတို့အတွက် Hay နဲ့ Pellets လေးတွေလည်း ပေးသွားတယ်။ မနက်ဆို နို့ဖျော်ပြီးတိုက်တာ လုံးဝမသောက်ဘူး။ ခွက်နဲ့တိုက်လို့လားဆိုပြီး ကန်ဒီ့ဟမ်းစတားရေဗူးအသေးလေးနဲ့ တိုက်တာလည်း မသောက်ဘူး။ နို့မသောက်လို့ သူတို့အတွက် စိတ်ပူရတယ်။ ပထမဆုံးတစ်ရက်ကဆို ဘာမှသိပ်မစားဘူး။ ရေလည်းမသောက်ဘူး။ ဒုတိယနေ့ကျတော့ Hay နဲ့ Pellets စားတယ်။ ရေလည်းသောက်တယ်။ အခုဆို အရမ်းလည်းစားတယ်။ ရေလည်း တစ်နေ့ကို သူတို့ရေဗူး သုံးပုံနှစ်ပုံလောက် ကုန်တယ်။ နို့ကတော့ ဘယ်လိုတိုက်တိုက် မသောက်ဘူး။ အဲ့ဒါနဲ့ မတိုက်တော့ဘူး။ အစာလည်း စားနိုင်နေပြီဆိုတော့လေ။ အခုမှပဲ နည်းနည်း ရင်အေးရတယ်။ စ,ရောက်တဲ့နေ့ကတည်းက ဆော့တာတော့ အရမ်းဆော့တယ်။ ကန်ဒီသူတို့ကို နာမည်ပေးထားတာ Marsh Marsh နဲ့ Baby Mallow... နှစ်ကောင်ပေါင်းတော့ Marshmallow (:D)။ ကန်ဒီ့သူငယ်ချင်းတွေကို ပြောပြတော့ ရီကြတယ် -.-'


အဲ့ဒီမီးခိုရောင်လို အရောင်ကို သူတို့က Blue Otter လို့ ခေါ်တယ်။ ရှားတယ်။ Dwarf rabbit အမျိုးအစားဆိုတော့ ကြီးလာရင်လည်း Size က အဲ့လောက်ကြီးမှာမဟုတ်ဘူး။ ပေးတဲ့သူဘယ်သူလဲဆိုတာ ခုထိမသိသေးဘူး။ လာပို့တဲ့သူက ထည့်ပေးလိုက်တဲ့မွေးနေ့ကတ်မှာ ပါမှာပေါ့တဲ့။ သူလည်း မသိဘူးတဲ့။ မွေးနေ့ကတ်ထဲမှာ နာမည်လည်းမပါဘူး။ "Happy Birthday, Candy!"ဆိုတဲ့ စာတစ်ကြောင်းပဲ ပါတယ်။ ကန်ဒီ့လိပ်စာနဲ့ ဖုန်းနံပါတ်ကို သိတဲ့လူဆိုတော့ ကန်ဒီ့သူငယ်ချင်းထဲကပဲ ဖြစ်မယ်ထင်တယ်။ ဒါပေမယ့် ခုထိလုံးဝစဉ်းစားလို့မရဘူး။


သူတို့အတွက် Cage ကြီးကြီးလေး ၀ယ်ပေးဖို့ လိုက်ရှာနေတယ်။ ကန်ဒီလိုချင်တာတော့ တွေ့ထားပြီ။ ဒါပေမယ့် အိမ်မှာထားဖို့ နေရာအရင်ရှာရဦးမယ်။ တနင်္ဂနွေနေ့ ကလေးတွေကို စာသွားသင်တော့ မုန့်ဝေပေးပြီး သူတို့နဲ့အမှတ်တရ ဓာတ်ပုံရိုက်တယ်။ အမေ့မွေးနေ့အတွက်ပါပေါင်းပြီး ကျောင်းမြေကွက်အတွက် ပိုက်ဆံလှူတယ်။



ကန်ဒီ့မွေးနေ့ကို အမှတ်တရရှိပေးလို့ရော လက်ဆောင်တွေအတွက်ရော အားလုံးကို ကျေးဇူးတင်တယ်။

Feeling loved ♥

Friday, May 1, 2015

မေဒေး

Hellllooo...
ဒီနေ့မေဒေးပိတ်ရက်ဆိုတော့ အကြာကြီး အိပ်ပစ်လိုက်တယ်။ Alarm ပိတ်ဖို့မေ့သွားလို့ မနက်(၅း၄၅)ကြီး နိုးလာသေးတယ်။ Alarm ပိတ်ပြီး ပြန်အိပ်တယ်။ ဒီတစ်ပတ်က မနက်(၈)နာရီခွဲ အလုပ်စ,ရတဲ့ အပတ်ဆိုတော့ Lunch Box ထည့်ဖို့ မနက်အစောကြီးထရတယ်။ ဒီနေ့ မနက်စာအတွက် ဘေးခန်းကအစ်မက ခေါက်ဆွဲသုပ်ကျွေးတယ် ^_^

ပြီးခဲ့တဲ့အပတ်က Boon Lay သင်္ကြန်မှာ သွားက,လိုက်သေးတယ်။ တိုပါးရိုးသင်္ကြန်တုန်းကလို လူတော့မစုံဘူး။ တနင်္ဂနွေနေ့သွားက,မှာဆို စနေနေ့ညတစ်ညလုံး အစားမှားပြီး (အုန်းနို့ခေါက်ဆွဲ သွားစားမိတာ) ၀မ်းလျောလို့ အိပ်မရဘူး။ မနက်ကျတော့ မသွားတော့ရင် ကောင်းမလား စဉ်းစားသေးတယ်။ ၀မ်းစ,လျောကတည်းက Loperamide တစ်လုံးသောက်လိုက်တော့ မနက်ကျတော့ နည်းနည်းသက်သာသွားတာနဲ့ ကတိလည်းမဖျက်ချင်တော့ သွားက,တယ်။ နေ့လည်(၁)နာရီလောက် ပြန်ခါနီးတော့ ဗိုက်ကပြန်နာလာတယ်။ သီချင်း(၃)ပုဒ်လောက် က,လို့ချွေးထွက်တာနဲ့ ညက၀မ်းလျောထားတာနဲ့ပေါင်းပြီး လူက Dehydrate ဖြစ်ပြီး ခေါင်းမူးလာတာ... ကိုယ့်ဟာကိုယ်မူးလဲမှာကြောက်တာနဲ့ သိတဲ့အစ်ကိုကြီးတစ်ယောက်ကို Taxi ဘယ်နားငှားလို့ရလဲ သွားမေးတယ်။ တကယ်က မသိလို့သွားမေးတာမဟုတ်ဘူး... Taxi စောင့်နေရင်း အခန့်မသင့်လို့ မူးလဲရင် ဘေးနားမှာ ကိုယ်သိတဲ့လူရှိနေအောင်လို့ ဟဟဟ xD

ကန်ဒီ့ဘလော့ဂ်ဖတ်ဖူးတဲ့ အစ်မတစ်ယောက်က လာနှုတ်ဆက်တယ်။ ကန်ဒီသူ့ကိုတစ်ခါ ဗွီဒီယို Edit လုပ်နည်း သင်ပေးဖူးတယ်တဲ့။ အပြင်မှာတော့ တစ်ခါမှ မတွေ့ဖူးဘူး။ သူကအဲ့ဒါပြောပြတော့မှ မှတ်မိသွားတယ်။ ကန်ဒီ့ကို လာနှုတ်ဆက်ဖူးတဲ့ သူတွေအားလုံး ဖော်ရွေပြီး ချစ်စရာကောင်းကြတယ်။ အဲ့နေ့က အဲ့လိုနေမကောင်းဖြစ်ပြီး သွားက,နေလို့ စာမရေးဖြစ်လိုက်တာ...

အဲ့ဒီ အရှေ့အပတ်ကတော့ အလုပ်က Teambuilding... တစ်နှစ်တစ်ခါ Branch အသီးသီးက လူတွေနဲ့ အားလုံးပေါင်းပြီး ဆုပေးတာတွေ၊ ဂိမ်းကစားတာတွေ၊ ကံစမ်းမဲဖောက်တာတွေ လုပ်ကြတာလေ။ ကန်ဒီတစ်ခါမှ ကံစမ်းမဲမပေါက်ဘူး(>.<)။




Sentosa မှာလုပ်တာဆိုတော့ ကမ်းခြေနဲ့လိုက်တဲ့ အဲ့လို Theme ၀တ်သွားကြတယ်။ သူများ Branch တွေရဲ့ ၀တ်စုံတွေက ပိုမိုက်တယ်... ပင်လယ်ဓားမြတို့ဘာတို့ (:D)။ နေ့လည်(၁)နာရီတောင် ထိုးတော့မယ်။ နေ့လည်စာ မုန့်ဟင်းခါးသွားချက်လိုက်ဦးမယ်။ ပြီးမှ ဆက်ရေးမယ်နော်...


ဒန်တန်တန်... မုန့်ဟင်းခါးရပါပြီရှင်။ အိမ်ကလူတွေအတွက်ပါ ပိုချက်တယ်။ ကန်ဒီမုန့်ဟင်းခါးစားရင် မပါမဖြစ်တဲ့ နံနံပင်မရှိတော့ စားရတာတစ်ခုခုလိုနေသလို ခံစားရတယ်။ အမေထည့်ပေးလိုက်တဲ့ ရွှေအိမုန့်ဟင်းခါးထုပ်ကို ချက်တာ... (အထင်ကြီးနေမှာစိုးလို့)။ အချိုတည်းဖို့အတွက်က ပန်းသီးနဲ့ ကန်ဒီ့ညီမ၀ယ်ပြီး မစားဘဲ ရေခဲသေတ္တာထဲမှာ ကြာနေတဲ့ Sunkist သီး... Humm... အဲ့ဒါကိုမြန်မာလို ဘယ်လိုခေါ်တာလဲ။ ကဗ္ဗလာသီးခေါ်တာ ထင်တယ်...


မနေ့က အလုပ်ကသူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်ကြတယ်။ "Avengers"... ရုပ်ရှင်မကြည့်ဖြစ်တာတောင် ကြာပြီ။ ဇာတ်လမ်း ကောင်းတယ်။ Minion ကားတင်ရင် သွားကြည့်ကြဦးမယ်။ အုပ်စုလိုက် Selfie ရိုက်ပြီဆို အမြဲကန်ဒီ့ကိုပဲ ကင်မရာကိုင်ခိုင်းတယ်။ လမင်းဝင်းဝင်းပပမျက်နှာကြီး ပိုကြီးအောင် >.<

 
ဒီရက်ပိုင်း YouTube မှာ Vegetarian Recipes တွေ ကြည့်ဖြစ်တယ်။ အသီးအရွက်များများစားပြီး အသားစားတာကို လျော့ချဖို့ ကြိုးစားနေတယ်။ အဲ့လိုပြောလို့ ကန်ဒီအသားတွေချည်းစားနေလို့လားဆိုပြီး ထင်နေဦးမယ်။ ကန်ဒီခြေလေးချောင်းမစားတာ အားလုံးသိပြီးဖြစ်မှာပါ။ ကြက်သားပါမစားတော့ဘဲ နေမယ်လို့ စိတ်ကရှိနေပေမယ့် ကိုယ့်ဟာကိုယ်မလုပ်နိုင်လောက်ဘူးထင်လို့ အခုအဆင့်(၁)အနေနဲ့ ကြက်သားစားတာကို လျော့ချမယ်လို့ ဆုံးဖြတ်ချက်ချထားတယ်။ တကယ်တော့ စိတ်ကဒုန်းဒုန်းချပြီးရင် မဖြစ်ဘူးဆိုတာ မရှိပါဘူး။ အဲ့ဒီ ဒုန်းဒုန်းက မချရသေးလို့ ဟဟဟ xD

မနက်ဖြန် မေလ(၂)ရက်နေ့... ကန်ဒီ့မွေးနေ့။ ထူးထူးခြားခြား ကဆုန်လပြည့်နေ့နဲ့လည်း တိုက်တယ်။ ကန်ဒီ့မွေးနေ့နဲ့ အမေ့မွေးနေ့အတွက် ရည်ရွယ်ပြီး တိုပါးရိုးဘုန်ကြီးကျောင်းမှာ မြေကွက်လှူဖို့ ရည်ရွယ်ထားတယ်။


အခုဒီပုံနဲ့ စာရေးနေတယ်။ ခေါင်းလျှော်မှာမို့လို့ အုန်းဆီလိမ်းပြီး ဆံပင်ကို ပေါင်းတင်ထားတယ်။ ဆံပင်တွေ အရမ်းခြောက်နေလို့ ကန်ဒီအရင်ကသုံးတဲ့ Sulphate free shampoo ပြန်သုံးနေတယ်။ ညနေလည်း စောင်းပြီ။ အ၀တ်လျှော်ပြီး ရေချိုးတော့မယ်...

Happy Holiday...
တာ့တာ^^