Sunday, May 10, 2015

Birthday Girl!!

Hellooo...
ဒီနှစ်မွေးနေ့ကတော့ ကန်ဒီ့အပျော်ဆုံးနဲ့ အမှတ်တရအဖြစ်ဆုံးမွေးနေ့လေးလို့ ပြောလို့ရတယ်။ အရင်နှစ်တွေလို ကိတ်မုန့်မခွဲဖြစ်ပေမယ့် မထင်မှတ်တဲ့ လက်ဆောင်တွေအများးးကြီးရတယ်။ ပြီးခဲ့တဲ့ စနေနေ့က ကန်ဒီ့မွေးနေ့... ထုံးစံအတိုင်းနေ့တ၀က် အလုပ်ဆင်းရတယ်။ မနက်နိုးတော့ ကန်ဒီလုပ်နေကျအတိုင်း မျက်နှာသစ်ပြင်ဆင်ပြီး မနက်စာစားတယ်။ မနက်စာမစားခင် ကန်ဒီအိမ်တံခါးကို အရင်ဖွင့်လေ့ရှိတယ်။ အဲ့နေ့ကလည်း ပုံမှန်အတိုင်း ဖွင့်လိုက်တာပဲ။ ဒါပေမယ့် သတိမထားမိသေးဘူး... မနက်စာစားဖို့ တံခါးဝကို မျက်နှာမူပြီး ထိုင်လိုက်တော့မှ အိမ်တံခါးမှာ Happy Birthday ဆိုတဲ့ စာတန်းလေးနဲ့ Surprise Gift ကို တွေ့တာ...


အဲ့လိုနှင်းဆီပန်းတွေ ဘာတွေလည်း ပါတော့ ကန်ဒီ့အတွက်မှ ဟုတ်ရဲ့လားဆိုပြီး သံသယဖြစ်သွားသေးတယ် ဟဟ(xD)။ အိမ်မှာတခြားသူမွေးနေ့တွေ ဘာတွေများရှိလားပေါ့။ နောက်တော့ အဲ့လောက်လည်း မတိုက်ဆိုင်လောက်ပါဘူးဆိုပြီး လက်ဆောင်ထုတ်ကြီးကို အိမ်ထဲသိမ်းပြီး (နောက်ကျနေလို့ မဖွင့်အားဘူး) အလုပ်သွားတယ်။ 

အလုပ်ရောက်တော့လည်း အလုပ်ကလူတွေက တစ်ယောက်ပြီးတစ်ယောက် Happy Birthday ပြောတော့ ကန်ဒီ့မွေးနေ့ကို သူတို့ဘယ်လိုသိလဲဆိုပြီး အံသြရတယ်။ အလုပ်မှာ ကန်ဒီက Welfare Champion ဆိုတော့ လစဉ်လတိုင်း မွေးနေ့ရှင်တွေအတွက် Birthday Card တွေ စီစဉ်ပေးရတယ်။ ကိုယ်တိုင်က အဲ့ဒါလုပ်တဲ့လူဆိုတော့ ကိုယ့်မွေးနေ့ကိုတော့ ဘယ်သူမှ မသိလောက်ဘူးပဲ ထင်တာ။ ပြန်ခါနီးကျတော့ ကန်ဒီ့ Locker ထဲမှာ လက်ဆောင်တချို့ ထည့်ထားကြတာ တွေ့ရတယ်။ ကန်ဒီ့ အလုပ်ကသူငယ်ချင်းက "We pretend like we don't know your Birthday!!" တဲ့ ဟဟဟ

အိမ်ပြန်လမ်းမှာ ကန်ဒီမသိတဲ့ဖုန်းနံပါတ်နဲ့ Message တစ်ခုဝင်လာတယ်.. "Hi, I'm going to deliver your Birthday present later. Will you be home at 7:30?" ကန်ဒီက ဘယ်သူလဲမေးတော့ သူက တစ်ယောက်ယောက်က လက်ဆောင်ပို့ခိုင်းလို့ သူကလက်ဆောင်ပို့ပေးတဲ့သူ သက်သက်ပါတဲ့... ကန်ဒီညနေအပြင်သွားစရာရှိတာနဲ့ သူ့ကိုည(၉)နာရီလောက်မှ လာခိုင်းလိုက်တယ်... သူကလည်း အဆင်ပြေတယ်တဲ့...


နေ့လည်(၃)နာရီလောက် အိမ်ပြန်ရောက်တော့ ခဏနားပြီး ညနေ Vivo City သွားတယ်။ တနင်္ဂနွေနေ့ ဘုန်းကြီးကျောင်းသွားရင် ကန်ဒီ့အတန်းထဲက ကလေးတွေကိုလည်း မွေးနေ့အမှတ်တရ မုန့်ဝယ်ကျွေးချင်လို့လေ။ အဓိက,က သူတို့အတွက် မုန့်သွားဝယ်တာ... ကန်ဒီ့အသိအစ်ကိုတစ်ယောက်က အဖော်လိုက်ပေးပြီး ညစာကို သူပဲကျွေးတယ်။ မွေးနေ့ရှင်ကကျွေးမယ်ဆိုတာကိုလည်း မကျွေးခိုင်းဘူး >.<



ည(၉)နာရီအရောက် အိမ်ပြန်တယ်။ အိမ်ပြန်ရောက်တော့ ချိန်းထားတဲ့သူလည်း မလာသေးတာနဲ့ ငယ်ငယ်တုန်းကလို လက်ဆောင်တွေ တစ်ခုပြီး တစ်ခုဖွင့်ကြည့်တယ်။ ကန်ဒီ့အလုပ်က သူငယ်ချင်းတွေက ကန်ဒီ့ကို ယုန်စားပွဲတင်မီးအိမ်လေးနဲ့ အိတ်ကလေး ပေးတယ်။ မနက်ကရတဲ့ လက်ဆောင်ထုတ်ကြီးထဲမှာတော့ လက်ဆောင်တွေ အများကြီးပဲ။ Puzzle တွေ... ရေဆေးခဲတံတွေ... Starbuck member card... Eyeshadow... ရေမွှေး စုံနေတာပဲ။ ပေးတဲ့လူကလည်း Stalker ဆိုတော့ ကန်ဒီဘာကြိုက်တတ်လဲ အကုန်သိပုံရတယ် ဟဟဟ...



ပစ္စည်းတွေကြည့်နေတုန်းမှာပဲ... Message ၀င်လာတယ်။ လက်ဆောင်လာပို့တဲ့သူက ရောက်နေပြီတဲ့။ တံခါးသွားဖွင့်ပေးလိုက်တော့... OMG!! ယုန်လေးနှစ်ကောင် ♥♥

သူတို့ကိုတွေ့တော့ စိတ်ထဲမှာ အရမ်းပျော်သွားတယ်။ တချိန်တည်းမှာပဲ သူတို့ကို ကောင်းကောင်းစောင့်ရှောက်နိုင်ပါ့မလားဆိုပြီး စိတ်ထဲတွေဝေသွားတယ်။ ယုန်တစ်ကောင်ရဲ့သက်တမ်းက (၈)နှစ်ရှိတယ်။ နောက်ပြီး သူတို့က ပိုးမွေးသလိုမွေးရတယ်။ Hamster လေးတွေလို မလွယ်ဘူး။ ကန်ဒီယုန်လေးတွေမွေးတာနဲ့ ပက်သက်ပြီး အများကြီး Research လုပ်ထားဖူးတယ်။ သူတို့ကို ဘာကျွေးသင့်လဲ... ဘယ်လိုထားသင့်လဲ ကန်ဒီအကြမ်းဖျင်း အကုန်ဖတ်ထားပြီးသား။ အခြေအနေအရ မမွေးဖြစ်သေးတာပဲ ရှိတယ်။ အခုလိုရုတ်တရက်ကြီး သူတို့ရောက်လာတော့ တစ်ချက်တွေဝေသွားတယ်။ ပျော်လည်းပျော်တာပေါ့နော်...


လာပေးတဲ့သူပြောပြတာ သူတို့မွေးနေ့က April 8 ဆိုတော့ ကန်ဒီရတဲ့အချိန်မှာ တစ်လတောင် မပြည့်သေးဘူးတဲ့။ အရမ်းငယ်သေးတော့ သူတို့ကိုတိုက်ဖို့ နို့ပေါင်ဒါလေးတွေ ပေးသွားတယ်။ (၁၂)ရက်လောက်ထိတော့ တနေ့တခါ နို့တိုက်ပေးရမယ်တဲ့။ သူတို့အတွက် Hay နဲ့ Pellets လေးတွေလည်း ပေးသွားတယ်။ မနက်ဆို နို့ဖျော်ပြီးတိုက်တာ လုံးဝမသောက်ဘူး။ ခွက်နဲ့တိုက်လို့လားဆိုပြီး ကန်ဒီ့ဟမ်းစတားရေဗူးအသေးလေးနဲ့ တိုက်တာလည်း မသောက်ဘူး။ နို့မသောက်လို့ သူတို့အတွက် စိတ်ပူရတယ်။ ပထမဆုံးတစ်ရက်ကဆို ဘာမှသိပ်မစားဘူး။ ရေလည်းမသောက်ဘူး။ ဒုတိယနေ့ကျတော့ Hay နဲ့ Pellets စားတယ်။ ရေလည်းသောက်တယ်။ အခုဆို အရမ်းလည်းစားတယ်။ ရေလည်း တစ်နေ့ကို သူတို့ရေဗူး သုံးပုံနှစ်ပုံလောက် ကုန်တယ်။ နို့ကတော့ ဘယ်လိုတိုက်တိုက် မသောက်ဘူး။ အဲ့ဒါနဲ့ မတိုက်တော့ဘူး။ အစာလည်း စားနိုင်နေပြီဆိုတော့လေ။ အခုမှပဲ နည်းနည်း ရင်အေးရတယ်။ စ,ရောက်တဲ့နေ့ကတည်းက ဆော့တာတော့ အရမ်းဆော့တယ်။ ကန်ဒီသူတို့ကို နာမည်ပေးထားတာ Marsh Marsh နဲ့ Baby Mallow... နှစ်ကောင်ပေါင်းတော့ Marshmallow (:D)။ ကန်ဒီ့သူငယ်ချင်းတွေကို ပြောပြတော့ ရီကြတယ် -.-'


အဲ့ဒီမီးခိုရောင်လို အရောင်ကို သူတို့က Blue Otter လို့ ခေါ်တယ်။ ရှားတယ်။ Dwarf rabbit အမျိုးအစားဆိုတော့ ကြီးလာရင်လည်း Size က အဲ့လောက်ကြီးမှာမဟုတ်ဘူး။ ပေးတဲ့သူဘယ်သူလဲဆိုတာ ခုထိမသိသေးဘူး။ လာပို့တဲ့သူက ထည့်ပေးလိုက်တဲ့မွေးနေ့ကတ်မှာ ပါမှာပေါ့တဲ့။ သူလည်း မသိဘူးတဲ့။ မွေးနေ့ကတ်ထဲမှာ နာမည်လည်းမပါဘူး။ "Happy Birthday, Candy!"ဆိုတဲ့ စာတစ်ကြောင်းပဲ ပါတယ်။ ကန်ဒီ့လိပ်စာနဲ့ ဖုန်းနံပါတ်ကို သိတဲ့လူဆိုတော့ ကန်ဒီ့သူငယ်ချင်းထဲကပဲ ဖြစ်မယ်ထင်တယ်။ ဒါပေမယ့် ခုထိလုံးဝစဉ်းစားလို့မရဘူး။


သူတို့အတွက် Cage ကြီးကြီးလေး ၀ယ်ပေးဖို့ လိုက်ရှာနေတယ်။ ကန်ဒီလိုချင်တာတော့ တွေ့ထားပြီ။ ဒါပေမယ့် အိမ်မှာထားဖို့ နေရာအရင်ရှာရဦးမယ်။ တနင်္ဂနွေနေ့ ကလေးတွေကို စာသွားသင်တော့ မုန့်ဝေပေးပြီး သူတို့နဲ့အမှတ်တရ ဓာတ်ပုံရိုက်တယ်။ အမေ့မွေးနေ့အတွက်ပါပေါင်းပြီး ကျောင်းမြေကွက်အတွက် ပိုက်ဆံလှူတယ်။



ကန်ဒီ့မွေးနေ့ကို အမှတ်တရရှိပေးလို့ရော လက်ဆောင်တွေအတွက်ရော အားလုံးကို ကျေးဇူးတင်တယ်။

Feeling loved ♥

1 comment:

Anonymous said...

Happy Birthday Candy Lay.
TT Iora