Sunday, May 31, 2015

Bling Bling DnD

Holiday!!!
မနက်ဖြန် Vesak Day အလုပ်ပိတ်တယ်။ တနင်္လာနေ့ Holiday ကျမှပဲ သူများတွေလို နှစ်ရက်နားရတော့တယ်။ ပြီးခဲ့တဲ့အပတ်က အရမ်းအလုပ်ရှုပ်တော့ စာမရေးဖြစ်လိုက်ဘူး။ ပြီးခဲ့တဲ့ပိုစ့်မှာရေးထားသလိုပဲ Event တွေက ဆက်တိုက်ဆိုတော့ စာရေးချိန်မရတော့ဘူး။ ကန်ဒီ့ကို မမေ့သေးဘူးလို့ ထင်ပါတယ် :D

ဒီအပတ်လည်း အားတာရယ်တော့ မဟုတ်ဘူး။ နှစ်စဉ်အလုပ်မှာ ဖြေရတဲ့ Competency Exam က စ,တော့မှာဆိုတော့ ဒီရက်ပိုင်း စာတွေဖတ်နေရတယ်။ တခါတလေလေး ပိတ်ရက်ရတာတောင် ကိုယ်လုပ်ချင်တာ မလုပ်ရဘူး (>.<)။ ကန်ဒီပုံမဆွဲဖြစ်တာ ကြာပြီ... ပုံဆွဲချင်တဲ့စိတ်ကရှိပြီး အချိန်လုံးဝ မရှိဘူး :(

ဒီနေ့ကတော့ ပြီးခဲ့တဲ့အပတ် Dinner and Dance က ပုံလေးတွေ အဓိကပေါ့။ Vivo City ကနေ Sentosa ထဲကို ကားစီးသွားတယ်။ အဲ့ဒီက Lighting က အ၀ါဆိုတော့ ပုံတိုင်းလိုလို ၀ါနေတယ် >.<







ပုံစံက ဘာနဲ့တူနေလဲ မသိဘူး။ ဒီလောက်အမြင့်ကြီးစီးထားတာတောင် အရပ်က ရှည်တဲ့ပုံမပေါက်ဘူး (>.<)။ အကုန်လုံး Blank & White တွေချည်းဝတ်တာ... မတိုက်ထားပါဘဲ အဲ့လိုဖြစ်သွားတယ် ဟဟ...





ဒီအပတ်တော့ စာအများကြီးမရေးတော့ဘူးနော်... အခုပဲ သုံးနာရီခွဲတော့မယ်။ ခဏနေ ကန်ဒီ့ယုန်လေးတွေအတွက် အစာသွားဝယ်မလို့ ရေချိုးရမယ်။ သူတို့အတွက် လှောင်အိမ်လေးလည်း ကြည့်ချင်လို့လေ။ 

Happy Holiday^^

2 comments:

Ma Tint said...

သကြားလုံးလေးရဲ့ ပို့စ်တက်မလာရင် အလုပ်များနေတယ်ဆိုတာ သိပြီးသားပါ....
အချိန်မရလို့ စာရှည်ရှည်မရေးနိုင်ပေမယ့် ဘလော့လေးကိုအမြဲ အသက်သွင်းနေတတ်သူမို့ လေးစားတယ် ....

Anonymous said...

LIFE IS ALWAYS BETTER WITH A SMILE.
and you are the proof of it..
the girl with a Golden Smile..
W