Sunday, June 7, 2015

Busy Weekend

Hello...
မနေ့က အိမ်ကို Pest Control လာတယ်။ အကြောင်းရင်းက ဟိုဘက်ခန်းက အစ်မတွေက ကြမ်းပိုးတွေ့တယ်ဆိုတာနဲ့ ကြောက်အားလန့်အား Pest Control ခေါ်ကြတာ... ကန်ဒီ ဒီအိမ်မှာနေတဲ့ ငါးနှစ်လုံးလုံး တစ်ခါမှ ကြမ်းပိုးမတွေ့ဖူးဘူး။ ခုမှ ဘာထ,ဖြစ်တယ် မသိပါဘူး။ အိမ်မှာနေတဲ့လူစုစုပေါင်း (၅)ယောက်ရှယ်တာ တစ်ယောက် SGD 52... သူတို့က နှစ်ခါလာမယ်တဲ့။ နောက်နှစ်ပတ်နေရင် တစ်ခါလာကြဦးမယ်။ 

Pest Control လာမယ်ဆိုတော့ အရင်ဆုံးစိတ်ပူတာ ကန်ဒီ့ယုန်လေးတွေ... ဟိုက Chemical တွေ၊ Gas တွေနဲ့ လုပ်မှာဆိုတော့ အဲ့ဒီအချိန်လူတောင်နေလို့မရတာ သူတို့ကို ဘယ်နားသွားထားရမလဲပေါ့။ အိမ်မှာထားရင် သေသွားမှာလေ။ ဖြစ်ချင်တော့ ကန်ဒီ့အသိတစ်ယောက်က သူ့အိမ်မှာလာထားလို့ရတယ်ဆိုပြီး ခွင့်ပြုတာနဲ့ အဆင်ပြေသွားတယ်။ ဒီ Weekend က အဲ့ဒီယုန်ရွေ့ပြောင်းရေးနဲ့ အလုပ်ရှုပ်နေတာ။ သောကြာနေ့ညနေ ယုန်လေးတွေကို သန့်ရှင်းရေးလုပ်ပြီး Taxi နဲ့ သူ့အိမ်သွားပို့တယ်။ ပုံမှန်ဆို လူအသံကြားတာနဲ့ ထ,ထလာတတ်တဲ့ ကောင်လေးတွေက သူများအိမ်ရောက်တာနဲ့ ငြိမ်နေတာပဲ။ စိတ်မကောင်းပေမယ့် မတတ်နိုင်တော့ ထားခဲ့ရတယ်။ စနေနေ့ ကြမ်းပိုးရှင်းတဲ့လူတွေလာပြီး ဆီတွေနဲ့ပါ ကြမ်းပြင်ကို ဖြန်းသွားတော့ တစ်အိမ်လုံးဆပ်ပြာနဲ့ ကြမ်းပြန်တိုက်ရတယ်။ အိပ်ယာခင်းတွေ လျှော်ရတယ်။ မောတာ...

တနင်္ဂနွေနေ့လည်ကျတော့ ယုန်လေးတွေ သွားပြန်ယူတယ်။ အဲ့ဒီအချိန်ကျတော့ သူတို့လေးတွေ မကြောက်တော့ဘူး။ အစာလည်း စားတယ်တဲ့။ နေရာသစ်မှာ နေသားနည်းနည်းကျနေပြီ။ ကန်ဒီ့ယုန်လေးတွေ ကြည့်ပေးတဲ့အစ်ကိုကြီးက ယုန်လေးတွေကိုင်တာ ကန်ဒီ့ထက်တောင် နူးညံသေးတယ်။ အဲ့ဒါကြောင့်လည်း စိတ်ချလက်ချ သူ့ဆီမှာ ထားနိုင်တာ။


လူတော်တော်များများက အကောင်လေးတွေမြင်တာနဲ့ "ချစ်စရာလေးတွေ... လိုချင်လိုက်တာ..." ဆိုပြီး အပြောလွယ်သလောက် တကယ်ဂရုတစိုက်နဲ့ မွေးနိုင်ဖို့ဆိုတာတော့ သိပ်လွယ်ကူတဲ့အရာမဟုတ်ဘူး။ ယုန်လေးတွေ ခဏထားခွင့်ပေးလို့ သူ့ကိုလည်း အရမ်းကျေးဇူးတင်တယ်။ Pest Control နောက်တစ်ခေါက်လာရင်လည်း သူ့ကို အပူကပ်ရဦးမယ် xD


ဒီတစ်ပတ် ကြက်သားနဲ့အားလူးဟင်းကို အမေချက်သလို မဆလာနဲ့ချက်တယ်။ ဒီဟင်းတော့ အမေသင်ပေးသွားလို့ ချက်တတ်သွားပြီ။ ဟိုတနေ့က ကန်ဒီ့အစ်ကို ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်တာ လိုက်သွားတယ်။ သူတစ်ယောက်တည်း ကပ်တာတော့ မဟုတ်ဘူးပေါ့... အများနဲ့။ ချမ်းမြေ့ကျောင်း... ကန်ဒီတစ်ခါမှ မရောက်ဖူးဘူး။ ယောဂီတွေလည်း ရှိတယ်။ ဘုရားစင်က သပ္ပာယ်လိုက်တာ...





ဟိုနေ့က "Tomorrow Land" ဆိုတဲ့ ရုပ်ရှင်သွားကြည့်တယ်။ မကောင်းဘူး။ အဲ့လိုကားမျိုးတွေ မကြိုက်ဘူး။ အမေ့ကို ရုပ်ရှင်သွားကြည့်တယ်ပြောတော့ ဘယ်သူနဲ့လဲတဲ့။ သူ့ကို စ,ချင်တာနဲ့ "Secret" လို့ပြောလိုက်တာ ဇာတ်လမ်းက စ,တော့တာပဲ xD xD


ကန်ဒီ့ညီမနှစ်ယောက်လုံး ဒီနှစ်ထဲမှာ စေ့စပ်ပြီး နောက်နှစ်ထဲ မင်္ဂလာဆောင်ကြမယ်။ အဲ့ဒါနဲ့ သူရှုပ်နေပြီး ဒီလထဲ လာလည်မယ်ပြောထားတာတောင် မေ့နေပုံရတယ် >.<

တော်သင့်ပြီ...
Good Night^^

5 comments:

Anonymous said...

ဒီပို့ စ်ဖတ်ပြီး
သုံးခုတွေးမိတယ်။
ဘုန်းပေးတဲ့ ဘုန်းဘုန်းကတော့ တော်တော်ဘုန်းပေးလို့ မြိန်မှာဘဲဆိုတာရယ်
ကန်ဒီချက်ထားတဲ့ဟင်းတွေက တယ်မိုက်ပါလားဆိုတာရယ်
ကန်ဒီပြောတဲ့ အကိုရဲ့ လက်က အနုပညာလက်နဲ့ တူတယ်ဆိုတာရယ်
ဟီးဟီး
အိုင်အိုရာ

Ma Tint said...

သကြားလုံးလေးရဲ့ ချက်ထားတဲ့လက်ရာ စားကောင်းမယ့်ပုံပဲ။ ချမ်းမြေ့ကျောင်းဆိုလို့ စင်္ကာပူရောက်တိုင်း အပတ်စဉ်ပုံမှန်သွားတဲ့ တက္ကသိုလ်အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့ လိုက်သွားပြီး ဆွမ်းကပ်ဖြစ်တယ်။

Anonymous said...

good Job Candy, insecticides are very bad for little bunnies, you were very thoughtful and caring..to send the babies away for their safety..
yes bunnies are so lovely and docile pets. they are so subdued delicate living things and they will not even move at all in a strange environment and around strangers. At the environment they are comfortable they are very active, spirited and playful,like human babies...
..well you heart must be broken for 2 days..
thank you for being a bunny lover...bless your heart..
well, bunnies always give me happiness , unlike some woman who could only gave me anguished yearning at the end...
W

Tour Myanmar said...

Tomorrow land may be Future land ?
Future land for Future love. So whenever one
has FUTURE there may be planty of LOVE.
Du courage KLMa ! GGPa

Khin Maung Thinn said...

pls send that pest control to uthein zaw house.