Tuesday, July 7, 2015

Mating

ဟာာာာလိုလိုလို (Helloooo)!!!!
စာမရေးတာကြာလို့ ကန်ဒီ့ဟာကန်ဒီတောင် ဘလော့ဂ်လောကမှာ ရှိတယ်မထင်တော့ဘူး ဟဟဟ(xD)။ စာမရေးဆို ဒီကြားထဲအလုပ်တွေရှုပ်လွန်းလို့လေ။ ကိုယ့်ကိုကိုယ်တောင် နှစ်ပိုင်းခွဲထားချင်တယ်။ အိမ်က ကလေးတွေကို (ယုန်လေးတွေကို ပြောပါတယ်) ပူရ... အလုပ်မှာလည်း အလုပ်တွေ အသားကုန်ရှုပ်... စာမေးပွဲအတွက် စာကလည်းလုပ်ရနဲ့ဆိုတော့ ဒီဘက်မလာအားတော့ဘူး။

အိမ်က ကလေးတွေကို ပူရတဲ့အကြောင်းရင်းက နှစ်ကောင်ဆိုတော့ သူတို့အချင်းချင်း မိတ်လိုက်လို့လေ။ မြင်မြင်ချင်းပဲ နောက်တစ်ရက် ဆရာဝန်ဆီပြေးရတယ်။ အဓိက,ကတော့ အထီးအမခွဲဖို့ပေါ့။ ဆရာဝန်ကပြောလိုက်တာ နှစ်ကောင်လုံးအထီးတဲ့။ မိတ်လိုက်တဲ့အကြောင်း ဆရာဝန်ကို ပြောပြတော့ ဆရာဝန်က အဲ့ဒါဖြစ်တတ်တယ်တဲ့။ Dominance ယူတဲ့သဘောမျိုးတဲ့... ဒီနေရာမှာ ငါကဘုရင်ဆိုတဲ့ပုံစံမျိုးပြတာတဲ့။ နောက် အထီးအချင်းချင်းထားလို့မရဘူးတဲ့။ လေးလလောက်နေရင် ရန်ဖြစ်ကြလိမ့်မယ်တဲ့။ ဆရာဝန်ပြောတာသာ ခေါင်းတညိမ့်ညိမ့်လုပ်ခဲ့ရတယ်။ ဘာလို့ အထီးအချင်းချင်း အဲ့လိုမိတ်လိုက်တာလဲဆိုပြီး စိတ်ထဲမှာ Confuse ဖြစ်နေတာ ခုထိပဲ(>.<)။ ကြောင်တွေ ဘာတွေဆို -င်ကို လိုက်နမ်းပြီး အထီးမှန်းသိရင် ဆက်မလိုက်ကြတော့ဘူးလေ။ ခုယုန်လေးတွေကျတော့ အထီးအချင်းချင်းလည်း အဲ့လိုလိုက်လုပ်တယ် >.<

 ဟီးဟီး :P

ယုန်ကိုအထီးနဲ့အမဘယ်လိုခွဲလဲဆိုပြီး Google မှာ လိုက်ရှာရတာက တစ်လုပ်... ပြီးရင် သူတို့နောက်လိုက်ပြီး  -င်လိုက်လှန်ကြည့် ဟဟဟ(xD)။ သူတို့လည်း တော်တော်စိတ်ညစ်မယ်။ ကန်ဒီတစ်နေ့ တစ်နေ့ အဲ့ဒါပဲလိုက်လိုက်ကြည့်နေလို့လေ(:P)။ ပိုစိတ်ချရအောင် တစ်ကောင်ကို သူများပေးလိုက်မယ်ဆိုပြီး စဉ်းစားမိသေးတယ်။ နောက်တော့လည်း မပေးနိုင်ပါဘူး... ကိုယ့်လိုတယုတယမမွေးနိုင်တဲ့သူတွေလက်ထဲ ရောက်သွားမှာ ကြောက်လို့ (>.<)။


အိုကေ... ယုန်စခန်းကို ဒီမှာတင်ရပ်။ အဲ့ဒီအကျီလေးက အမေထိုးပေးလိုက်တာ။ လက်မှုပညာမှာတော့ အမေက အကုန်ရတယ်။ ဘုန်းကြီးကျောင်းမသွားခင် ရိုက်ထားတာ။ အမေက လူကြုံရှိတာနဲ့ လိုလေသေးမရှိအကုန်ပို့တော့တာပဲ။ ကန်ဒီ့အခန်းဖော် ရန်ကုန်ခဏပြန်တာနဲ့ သူနဲ့လူကြုံပြန်ထည့်ပေးလိုက်တာကို စုံနေတာပဲ။ စိန်တလုံးသရက်သီးတွေတောင် ပါသေး... 


အမေကြော်ပေးတဲ့ အာလူးကြော်ဆို အလုပ်ကလူတွေ အရမ်းကြိုက်တယ်။ ယူမသွားလိုက်နဲ့ တစ်ရက်မခံဘူး... အကုန်ကုန်တာ။ ဒီနေ့နှစ်ထုပ်ယူသွားတာ ညနေပြန်တော့ မရှိတော့ဘူး။ မုန့်ဦးနှောက်နဲ့ မုန့်ကျွဲသဲလည်း မနက်စာစားရအောင် ထည့်ပေးလိုက်တယ်။


ဒီနောက်ပိုင်း အမေက ကန်ဒီ့အကြောင်း ပိုသိလာတယ်။ အရင်ကဆို သူထည့်ပေးရင် များသောအားဖြင့် ကြာကြာခံတဲ့ အခြောက်အခြမ်းတွေ။ ကန်ဒီ့က အဲ့လိုအခြောက်အခြမ်းတွေ သိပ်မစားတတ်ဘူး။ ဒီနောက်ပိုင်းကျတော့ သူထည့်ပေးရင် ဆူးပုတ်ရွက်၊ ကင်းပွန်ရွက် အဲ့လိုမျိုးလေးတွေ။ နောက်လထဲမှာ အမေလာလည်ဦးမယ်။ တစ်လနေဖြစ်မယ် ထင်တယ်။ ကန်ဒီ့ညီမအငယ်ဆုံးနဲ့ သူ့ကောင်လေးလည်း ပါလာမယ်။ သူတို့အတွဲကတော့ နှစ်ပတ်လောက်ပဲ နေဖြစ်မယ်ထင်တယ်။

အလုပ်မှာအလုပ်ရှုပ်ဆို... MERS သတင်းတွေက အလီလီဆိုတော့ ကန်ဒီ့တို့ကို နှစ်စဉ်အလကားထိုးပေးနေကြ Flu vaccination ကို မထိုးမနေရ... မထိုးရင် ဘာလို့မထိုးတာလဲ အကြောင်းပြချက်ပေးရမယ်တွေ ဘာတွေဖြစ်လာရော။ ကန်ဒီက အဲ့ဒါ in charge ဆိုတော့ ဦးနှောက်ပိုခြောက်တယ်။ နောက်တစ်ခုက လေးလတစ်ခါလုပ်ရတဲ့ Audit... ပြီးတာနဲ့ ဘာတွေလိုအပ်တယ်၊ ဘယ်လိုပြင်မယ်ဆိုတာ Report ရေး Submit လုပ်။ နှစ်တိုင်းဖြေရတဲ့ အလုပ်ကစာမေးပွဲကလည်း အဲ့အပတ်ထဲမှာပဲ... အဲ့ဒါအတွက် စာကလုပ်ရသေးတယ်။ အခုတော့ အားလုံးနည်းနည်းပြီးသလောက်ဖြစ်သွားပါပြီ။ ဒီလကုန်ကျမှပဲ နောက်ဆုံးစာမေးပွဲတစ်ခုရှိတယ်။


ကန်ဒီပထမဦးဆုံး ထိုးတဲ့ဆီထမင်း... ဆီထမင်းစားချင်တာနဲ့ ကောက်ညှင်းဆန်ဝယ်... အိမ်ကအစ်မကို ဘယ်လိုထိုးလဲမေးပြီး ထိုးကြည့်ထားတာ။ အောင်မြင်တယ်လို့ ပြောလို့ရတယ်(:D)။ တနင်္ဂနွေနေ့က ယုန် Cage သွားဝယ်တာ Member Card မပါသွားလို့ မ၀ယ်ခဲ့ရဘူးလေ။ အဲ့ဒါနဲ့ လိုချင်တာမ၀ယ်ခဲ့ရလို့ နှုတ်ခမ်းကို တစ်တောင်လောက်ဆူပြီး ပြန်လာခဲ့တယ်။ ဟုတ်တယ်လေ... တခြားဆိုင်တွေဆို Member Card မပါရင် IC No. ဒါမှမဟုတ် ဖုန်းနံပါတ်ပေးလိုက်ရင် ရတယ်။ ခုဟာက အဲ့လိုပေးတာလည်း မရဘူး။ အမြင်ကတ်တယ်။ နောက်အပတ်မှ ပြန်လာခဲ့မယ် ပြောခဲ့တယ် >.<

စာမရေးတာကြာလို့ ကန်ဒီ့ကို မေ့မသွားနဲ့ဦးနော်...
Good Night^^

5 comments:

Ma Tint said...

သကြားလုံးလေး ပျောက်နေတယ်မှတ်တယ် ... ဒီကနေ့တော့ပေါ်လာပြီ :)
ကိစ္စတစ်ခုခုဆိုရင် အဆုံးအထိလိုက်တတ်တာလေးကို သဘောကျတယ် ...
သကြားလုံးလေး မေမေလိုစိတ်ဓာတ်မျိုး မိခင်တိုင်းမှာသန္ဓေတည်ကြတယ်ထင်ပါရဲ့ သားသမီးတွေအသက် ဘယ်လောက်ရရ ကိုယ့်အတွက်တော့ ကလေးပဲလေ ...

Anonymous said...

life is so complicated, and we are learning everyday
well this is life...
all i can say is you have a life and please enjoy
your mom is a super mom
your kids are very lovely
you are an awesome person


Candy Khine said...

Thank you :)

Anonymous said...

မေ့ပါဘူးကန်ဒီလေးရယ်။
ဒေါက်တာစိုးလွင်တရားပွဲပုံတွေဖဘမှာတွေ့ တော့တောင်ကန်ဒီများပါမလားရှာမိသေးတယ်နော်။
ကန်ဒီလည်းလက်ရည်တွေတက်လာပြီပေါ့။
ကန်ဒီပြောတာနဲ့ ကိုယ်လည်း ဆူးပုတ်ရွက်နဲ့ ကင်ပွန်းချဉ်ရွက် စားချင်လာပြီ။
ဒီမှာကတော့ ဖရိုဇန်း ဆူးပုတ်နဲ့ ကင်ပွန်းရွက်ခြောက်ပဲဝယ်လို့ ရတာပါ။
အိုင်အိုရာ

Anonymous said...

ဂွေးချိပါဘူးလား ယုန်လေးတွေက ဝဋ်လည်မှာကြောက်ဘူးး :P