Sunday, July 19, 2015

New Cage!!

Morning...
ယုန်လေးတွေအတွက် Cage အသစ်ဝယ်ပြီးသွားပြီ။ SGD 160 ပေးရတယ်... 100cm လောက်ရှည်ပြီး 50cm လောက်ကျယ်တယ်။ လှေကားလေးလည်းပါတော့ သူတို့အပေါ်တက်လို့ရတယ်။ ဒါပေမယ့် နှစ်ကောင်ဝိတ်ဆိုတော့ အဲ့အဆင့်လေးက ကျိုးသွားနိုင်တယ် >.<



Cageနဲ့အတူ အစာခွက်၊ မြက်ထည့်တဲ့ခွက်နဲ့ Litter box လေးလည်းပါတယ်။ ဒါပေမယ့်သူ့ဟာတွေက ဘယ်လိုမှသုံးလို့အဆင်မပြေတော့ ကိုယ့်ဘာသာပြန်ဝယ်ရတယ်။ Litter box က ကြောင်တွေအတွက်ဟာကို ၀ယ်လိုက်တယ်။ နှစ်ကောင်ဆိုတော့ သူတို့ကျယ်ကျယ်ဝန်းဝန်းအိမ်သာသွားလို့ရအောင်။ ဘယ်ဘက်ကအပြာရင့်လေးက Cage နဲ့အတူပါတဲ့ဟာ... သေးသေးလေး ဘယ်လိုလုပ်အဆင်ပြေမှာလဲ။ နောက်ပြီး အဖုံးကပါသေးတယ်... ယုန်တွေကို လူတွေအတိုင်း အိမ်သာကိုသီးသန့်သွားတယ် ထင်နေလားမသိဘူး။ ယုန်တွေက အစာစားရင်း အပေါ့အလေးသွားတာများတယ်။ အဲ့ဒါကြောင့်သူတို့ကို Litter Train တဲ့အခါ Litter box အပေါ်မှာ အစာထားပေးရတယ်။ ညာဘက်က ကန်ဒီဝယ်လိုက်တဲ့ Cat Litter box...



မြက်ထည့်တဲ့အလုံးလေးကလည်း ကန်ဒီသီးသန့်ဝယ်လိုက်တာ... ပိုအဆင်ပြေတယ်။ Cage အသစ်ဆိုတော့ သူတို့ကို Litter Train တာ တော်တော်ကြာမယ်ထင်တာ နှစ်ကောင်လုံးလိမ္မာတယ်။ သူတို့ကို စပြောင်းလိုက်တဲ့နေ့ကတည်းက ခုထိ Litter box ထဲမှာပဲ အပေါ့သွားတယ်။  အပြင်မှာ အပေါ့မသွားဘူး။ အလေးကတော့ အပြင်လည်း ရောက်တယ်။ ဒါပေမယ့် ယုန် Poop လေးတွေက အလုံးခြောက်လေးတွေပဲဆိုတော့ ကိစ္စမရှိဘူး။ သူတို့သိအောင် မနက်နဲ့ည အစာကျွေးရင် သူတို့ Poop လုံးလေးတွေကို Litter box ထဲ ပြန်ထည့်ပေးတယ်။ ဒါ ယုန်တွေကို Litter Train နည်း ဟဟဟ xD

သောကြာနေ့က Public Holiday... တနေကုန်စာထိုင်လုပ်နေတယ်။ စာမေးပွဲကို လာမယ့်အပတ်ထဲထင်လို့... နောက်ပြန်တွက်ကြည့်မှ လာမယ့်အပတ်ပြီး နောက်တစ်ပတ်မှန်းသိတယ်။ လူတွေနဲ့ အများကြီးထိတွေ့ဆက်ဆံရတဲ့အခါ မတူညီတဲ့ Personalities တွေကို တွေ့ရတယ်။ တချို့တွေက မြင်လိုက်တာနဲ့ကို ချစ်ခင်ဖွယ်ကောင်းတယ်။ တချို့တွေကျတော့ မြင်လိုက်တာနဲ့ကို အမြင်ကတ်ဖို့ကောင်းတယ် ဟဟ(:P)။ အဲ့လိုလူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ စဉ်းစားကြည့်ရင် ကိုယ်ကဒီလူနဲ့ သေချာသိတာလဲ မဟုတ်ဘူး။ နောက်တွေ့ချင်မှလည်း တွေ့မယ်။ မတွေ့ဖြစ်မယ့် Chance က များတယ်။ အဲ့ဒါကို ဘာကိစ္စ ဒီလူကြောင့် စိတ်ကိုညှိုးနွမ်းစေမှာလဲဆိုပြီး တွေးတယ်။ ဒါလည်း မရဘူး... ခေါင်းထဲပြန်ပြန်ဝင်လာတယ်။ ဖြစ်စ,တုန်းက စိတ်ကို ပြောပါတယ်။ ခုတော့ သက်သာသွားပြီ :D :D


လုပ်ဖော်ကိုင်ဖက်တွေကတော့ ကောင်းတယ်။ ကန်ဒီ့ Handcream လေး ဘ၀ပျက်နေတော့ Handcream လက်ဆောင်ပေးတယ်။ ကန်ဒီ ဒုက္ခရောက်နေရင် Supervisor က ကယ်တယ်။ နောက်နေ့ကျ သူ့စားပွဲပေါ် "Thanks for saving me" ဆိုပြီး သူကြိုက်တတ်တဲ့ မုန့်သွားတင်တယ်။ ဒါကန်ဒီလုပ်နေကျ ပုံစံ ဟဟ xD



မနေ့က စနေနေ့... အပြင်ထွက်တယ်။ အသိညီမလေးတစ်ယောက် ဒီရောက်စဆိုတော့ သူ့နဲ့ညစာစားပြီး Clarke Quay ဘက် လမ်းလျောက်ကြတယ်။ အလှမပြင်တာ ကြာလို့ ပဲများထားတယ်(:D)။ National Day အတွက် အကြိုလေ့ကျင့်ကြတာ ထင်တယ်။ မီးပန်းတွေ ဖောက်တယ်။ အရမ်းလှတယ်။



Have a Nice Day^^

4 comments:

Anonymous said...

အမှန်ဘဲကန်ဒီလေးရေ။
တခါတလေ စကားတောင်မပြောဘူးဘဲကြည့်မရတာလည်းရှိတယ်။
တခါတလေ အဝေးကပဲမြင်ဘူးနေတာနဲ့ တင် စိတ်ထဲကနှစ်လိုမိတာလည်းရှိတယ်။
စိတ်အနှောက်အယှက်ဖြစ်သွားပြီးရင် ပြန်ထုတ်ဖို့ ကလည်း သတိနဲ့ ထုတ်မှ။
မဟုတ်ရင် တရေးနိုးထိပါတတ်တယ်။း)
အိုင်အိုရာ

Ma Tint said...

စာမေးပွဲကောင်းမွန်စွာဖြေဆိုနိုင်ပါစေ သကြားလုံးလေးရေ...
သကြားလုံးလေးရဲ့ယုန်လေးတွေဖြစ်ရတာကံကောင်းပါ့ ... ♥♥♥

Anonymous said...

wow, the cage is very nice, M & M , they are so cute , they are smaller kind of breed.
in fact they are so lucky...to get the best care from you. the more you love them , you are having a more joy-filled life..the routine of caring them can bring structure and purpose to your daily life
yes, you are now more busy, you have to spend more money, but you don't mind at all. your love is very pure and you don't expect anything back from them..why should you... the most important thing is you will never hate them...they will be always in your heart, even one day they passed away when getting old.
one day if someone love you like the way you love your bunnies, even you don't love him back, you should respect his love...

Anonymous said...

Clarke key.. he he..now I know how to pronounce
very cool place on earth, especially when there is a star twinkling