Hello...
ကန်ဒီ့ကွန်ပျူတာ အရမ်းဒုက္ခပေးနေတာနဲ့ ခုမှပဲ စာရေးနိုင်တော့တယ်။ ဒါတောင် လုံးဝကောင်းသွားတာ မဟုတ်ဘူးနော်။ နည်းနည်းသုံးလို့ရတဲ့ အဆင့်မှာပဲရှိသေးတာ။ (၅)နှစ်တောင်ရှိပြီ ဆိုတော့လည်း အထိမခံတော့ဘူး။ တနင်္ဂနွေနေ့က နေ့တ၀က်လောက် ကွန်ပျူတာ လာကြည့်ပေးတဲ့ ကန်ဒီ့အသိကို ကျေးဇူးတင်ပါတယ်။ စိတ်လည်းဆိုးတယ်။ ကန်ဒီ ထမင်းခူးပြီး နေ့လည်စာကျွေးတာကို မစားလို့လေ(>.<)။ ကန်ဒီ့အိမ်ဧည့်သည်လုပ်ရင် ကန်ဒီနဲ့အတူတော့ ထမင်းစားမှနော်... နို့မို့ စိတ်ဆိုးခံရမယ် ဟဟဟ xD
ကန်ဒီအသားစားတာကို လုံးဝရပ်လိုက်ပြီ။ စိတ်ထဲတော်တော်နေလို့ကောင်းတယ်။ Seafood နဲ့ ကြက်ဥတော့ ဆက်စားနေသေးတယ်။ ကန်ဒီ့ဘလော့ဂ်ကို ဟိုးးအရင်ကတည်းက ဖတ်တဲ့သူတွေဆို သိပြီးသားဖြစ်မှာပါ။ ကန်ဒီ Vegetarian ဖြစ်ချင်တယ် ဆိုတာလေ။ ဒါက အဲ့ဒီကိုရောက်ဖို့ နောက်ခြေတလှမ်းပေါ့။ ကန်ဒီဘာသာပြန်တဲ့ Pescatarian ဆိုတာ "Pescatarian are partially vegetarian who supplement their diet with seafood."။ Vegetarian လုံးဝပြောင်းဖို့ဆို ကန်ဒီ Research လုပ်ဖို့တွေ လိုနေသေးတယ်။ အထူးသဖြင့် အသားငါးကရတဲ့အာဟာရတွေကို အသီးအရွက်နဲ့ ဘယ်လိုအစားထိုးနိုင်မလဲ ဆိုတာမျိုးပေါ့။ လောလောဆယ်တော့ ဒီကြက်သားစားတာ ရပ်လိုက်တာဟာ ကန်ဒီ့ရဲ့ Another Big Step လို့ပြောလို့ရတယ်။
ဝက်သားက ကန်ဒီ(၁၂)နှစ်လောက်ကတည်းက မစားတော့တာ။ အမဲသားနဲ့ ခြေလေးချောင်းသားက အသက်(၁၆)နှစ်လောက်မှာ မစားတော့ဘူး... ဆိုတော့ ဒီတခေါက်ကန်ဒီရပ်ရတာ ကြက်သားတစ်ခုတည်းပေါ့။ အဲ့ဒီအသက်အရွယ်ထဲက ကန်ဒီမစားတော့ဘူးဆို အမေက အတင်းမကျွေးဘူး။ ကန်ဒီ့ဆန္ဒအတိုင်းပဲ။ ဘာလို့မစားတာလဲဆိုပြီးလည်း မေးခွန်းမထုတ်ဘူး။ ခုလည်း အမေ့ကို ပြောပြီးပြီ။ ကြက်သားတွေ ထည့်မပေးနဲ့တော့လို့။ အမေက ပဲနဲ့နို့များများသောက်တဲ့၊ အာဟာရချို့တဲ့ပြီး ရောဂါဝင်မယ်တဲ့။ ဒါပဲပြောတယ်။
ကန်ဒီ့ကို ဘာလို့ Vegetarian ဖြစ်ချင်တာလဲလို့မေးရင် ကန်ဒီ့မှာ အရမ်းကြီးမားတဲ့ အကြောင်းပြချက်ရှိတယ်။ ကန်ဒီသားသတ်လွတ်စားချင်တာ ဘာသာရေးကြောင့် မဟုတ်ပါဘူး။ အဓိက,က "Ethical reason" ပါ။ တိရိစ္ဆာန် ညှင်းပမ်းမှုကို ကန်ဒီအားမပေးဘူး။ ကန်ဒီ့ပတ်ဝန်းကျင်က လူတွေအားလုံးက အသားစားတဲ့လူတွေချည်းပဲဆိုတော့ ကန်ဒီ့ Reason ကို ပြောပြလိုက်လို့ ငြင်းခုံစရာဖြစ်သွားမလား၊ ကိုယ့်ကိုစိတ်ဆိုးသွားမလား အမြဲတွေဝေတယ်။ တချို့ကိစ္စတွေမှာ ကန်ဒီတွေးတာတွေက တဖက်စွန်းရောက်တယ်။ ကန်ဒီ့အတွေးကို ဖွင့်ချပြလိုက်ရင်လည်း တပါးသူတမျိုးထင်မှာစိုးတော့ များသောအားဖြင့် "I just don't want to eat" လို့ပဲ ဖြေတတ်တယ်။
အသားမစားဘဲလည်း ကန်ဒီတို့အသက်ရှင်နိုင်တာကို ဘာလို့ကိုယ်စားဖို့အတွက် တိရိစ္ဆာန်တွေကို သတ်ပစ်မှာလဲ?? သားသတ်ရုံတွေက အကောင်တွေမျိုးပွားတယ်... အစာကျွေး၊ ၀,အောင်လုပ်၊ ပြီးရင် လူတွေစားဖို့အတွက် သတ်ပစ်တယ်။ သူတို့ဘ၀က မွေးလာကတည်းက အချိန်တန်ရင် အသတ်ခံရဖို့။ သူတို့လည်း လူတွေလို နာကျင်မှုကို ခံစားတတ်တယ်။ အဲ့ဒီ Documentary တွေ YouTube မှာ ရှိတယ်။ "Earthlings" ဆိုတာ အဲ့ဒီ Documentary တွေထဲက တစ်ခုပေါ့။ အဆုံးထိတောင် မကြည့်ရက်လို့ မကြည့်ဖြစ်ပါဘူး။ ကန်ဒီတို့မှာ အသားအပြင် တခြားစားလို့ရတဲ့ Option တွေ အများကြီးရှိတယ်။ ရွေးချယ်စရာတွေရှိတယ်။ ကိုယ့်ယုံကြည်မှုနဲ့ ယုံကြည်ရာကို လျှောက်လှမ်းနေကြရာမှာ ကန်ဒီက ဒီလမ်းကို ရွေးတယ်။ ကန်ဒီ့တစ်ယောက်စာအတွက် သူတို့သေစရာမလိုတော့ဘူး။ ဒါ ကန်ဒီရတဲ့ စိတ်ကျေနပ်မှု...
အဲ့လိုပြောလို့ ကန်ဒီအသားစားတဲ့လူတွေကို မုန်းတယ်လို့ မထင်နဲ့နော်။ ကန်ဒီတို့ မွေးလာကတည်းက အကျင့်တစ်ခုလို စားလာကြတာ မစားဘဲနေဖို့ခက်ခဲတယ် ဆိုတာ ကန်ဒီနားလည်ပါတယ်။ ကန်ဒီငယ်ငယ်က အမေချက်တဲ့ ၀က်သားပြုတ်ကြော်နဲ့ အမဲသားနှပ်ဆို အရမ်းကြိုက်တာ။ ကိုယ်မစားတော့ဘူးလို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာ လှည့်မကြည့်ဖြစ်တော့ဘူး။ အဓိက,က စိတ်ပါပဲ။ ခုဆို မစားတာ(၁၀)နှစ်လောက်ဆိုတော့ အရသာတောင်မေ့သွားပြီ။
အဲ့လိုပြောလို့ ကန်ဒီအသားစားတဲ့လူတွေကို မုန်းတယ်လို့ မထင်နဲ့နော်။ ကန်ဒီတို့ မွေးလာကတည်းက အကျင့်တစ်ခုလို စားလာကြတာ မစားဘဲနေဖို့ခက်ခဲတယ် ဆိုတာ ကန်ဒီနားလည်ပါတယ်။ ကန်ဒီငယ်ငယ်က အမေချက်တဲ့ ၀က်သားပြုတ်ကြော်နဲ့ အမဲသားနှပ်ဆို အရမ်းကြိုက်တာ။ ကိုယ်မစားတော့ဘူးလို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာ လှည့်မကြည့်ဖြစ်တော့ဘူး။ အဓိက,က စိတ်ပါပဲ။ ခုဆို မစားတာ(၁၀)နှစ်လောက်ဆိုတော့ အရသာတောင်မေ့သွားပြီ။
တစ်ခါ သူငယ်ချင်းတစ်ယောက်က "ပျားရည်ကောင်းကောင်း ဘယ်မှာရလဲ သိလား" ဆိုပြီး ကန်ဒီ့ကို မေးဖူးတယ်။ ကန်ဒီက ကိုယ်တိုင်လည်း မသောက်တော့ မပြောတတ်ဘူးဆိုပြီး ဖြေရင်း ကိုယ်မသောက်တဲ့အကြောင်းကို လျှာရှည်ပြီး ပြောမိတယ်။ ကန်ဒီတို့ ကြံပင်ကပဲ သကြားရှာမလား... အချိုဓာတ်ရနိုင်တဲ့နည်းတွေ အများကြီးရှိပါလျက်နဲ့ ဘာလို့သူတို့ပျားလေးတွေ ပင်ပင်ပန်းပန်းရှာထားတဲ့ ပျားရည်ကို သွားယူကြတာလဲ ဆိုပြီး ကိုယ့်အတွေးကို ပြောပြပြီးမှ ပြန်အားနာသွားတယ်။ ကိုယ်က ပျားရည်ဝယ်ချင်တဲ့လူကိုမှ အဲ့ဒါသွားပြောမိတာကိုး။ ဒါတွေကို ဘလော့ဂ်မှာမို့လို့သာ ရေးဖြစ်တာပါ။ အပြင်မှာဆို ကန်ဒီပြောဖြစ်မှာ မဟုတ်တော့ဘူး။ ရိုက်ပေါက်တွေကိုးး ဟဟ xD
Daiso သွားတယ်။ ယုန်နှစ်ကောင်အတွက် အစာခွက်၊ သူတို့အိမ် သန့်ရှင်းရေးလုပ်ဖို့ တံမြတ်စည်းသေးသေးလေး၊ သူတို့အိမ်အလှဆင်ဖို့ ပန်းခက်လေးတွေ ၀ယ်ခဲ့တယ်။ နှစ်ကောင်လုံးက အထီးလေးတွေ... သူတို့အိမ်ကို ကိုယ်လုပ်ထားတာ ပန်းတွေနဲ့... မတတ်နိုင်ဘူး။ ကိုယ်ကမိန်းကလေးဆိုတော့ ပန်းကြိုက်တာကိုးး(xD)။ ကန်ဒီ့ပန်းလေးတွေ သူတို့မကိုက်ပစ်ပါစေနဲ့ ဆုတောင်းရမယ် >.<
ကိုက်မယ်ဆိုတာချည်းပဲ...
Daiso သွားတယ်။ ယုန်နှစ်ကောင်အတွက် အစာခွက်၊ သူတို့အိမ် သန့်ရှင်းရေးလုပ်ဖို့ တံမြတ်စည်းသေးသေးလေး၊ သူတို့အိမ်အလှဆင်ဖို့ ပန်းခက်လေးတွေ ၀ယ်ခဲ့တယ်။ နှစ်ကောင်လုံးက အထီးလေးတွေ... သူတို့အိမ်ကို ကိုယ်လုပ်ထားတာ ပန်းတွေနဲ့... မတတ်နိုင်ဘူး။ ကိုယ်ကမိန်းကလေးဆိုတော့ ပန်းကြိုက်တာကိုးး(xD)။ ကန်ဒီ့ပန်းလေးတွေ သူတို့မကိုက်ပစ်ပါစေနဲ့ ဆုတောင်းရမယ် >.<
Good Night^^