Sunday, August 9, 2015

Happy Holiday!!


Happy Birthday Singapore & Happy Holiday!!! 
ပိတ်ရက်ရလို့ ပျော်ပေမယ့် အဲ့လောက်ကြီးတော့ Excited မဖြစ်ပါဘူး။ ကိုယ်က ဘယ်မှ,မှ မသွားရတာ ဟဟ(xD)။ သူများတွေက လေးရက်ဆက်တိုက်ပိတ်လို့ ခရီးတွေထွက်ကြ၊ လျှောက်လည်ကြနဲ့ စင်္ကာပူမှာ တော်တော်များများမရှိကြဘူး။ ကန်ဒီ့သူငယ်ချင်းတွေအပါအ၀င်ပေါ့။ ကန်ဒီ့ညီမလည်း ရန်ကုန်ပြန်သွားတယ်။ ကျန်တဲ့အစ်မတွေလည်း ခရီးထွက်ကြတာ အိမ်မှာလူနှစ်ယောက်ပဲ ကျန်တယ်။ ကန်ဒီကတော့ ကိုးလိုးကန့်လန့် စနေနေ့က အလုပ်နေ့တ၀က်ဆင်းရသေးတယ်။ အလုပ်ကအပြန်နေ့လည်စာကို Manhattan Fish Market မှာ အလုပ်ကလူတွေနဲ့ သွားစားတယ်။ ကန်ဒီက ငါးဆို ဘယ်လိုလုပ်လုပ်ကြိုက်တယ်။ ခက်တာက ကိုယ်တိုင်ငါးမချက်တတ်တော့ အပြင်ထွက်စားရင် ငါးပဲစားဖြစ်တယ်။



သူတို့ Soup of the day က Mushroom soup ဆိုတော့ ကန်ဒီ့အကြိုက်။ ကန်ဒီတို့စားနေတုန်း တစ်ရှူးရောင်းတဲ့ တရုတ်အဒေါ်ကြီးတစ်ယောက်လာပြီး တစ်ရှူးလာရောင်းတယ်။ ပုံမှန်ဆို Manhattan Fish market လို ဆိုင်မျိုးတွေကို သူတို့ဝင်ပြီးရောင်းခွင့်မရှိဘူး။ ကန်ဒီ့သူငယ်ချင်းက မ၀ယ်တော့ဘူးဆိုပြီး ပြောလိုက်ပြီးပြီ... ဒါပေမယ့် ကန်ဒီကတော့ စိတ်ပျော့တဲ့သူဆိုတော့ သူနောက်တကြိမ်ပြောရင်တော့ ၀ယ်လိုက်ပါမယ်ဆိုပြီး ကန်ဒီ့လက်က ပိုက်ဆံအိတ်ထဲရောက်နေပြီ။ အဲ့အချိန်မှာ သူပြောလိုက်တဲ့စကားကြောင့် ၀ယ်ချင်စိတ် လုံးဝပျောက်သွားတယ်။ သူကတရုတ်လိုပြောတာပါ... "နင်တို့ ဒီလိုဆိုင်မှာတောင် ထိုင်စားနိုင်ပြီး ဒါလေးကြတော့ မ၀ယ်ချင်ကြဘူး..." တဲ့။ ကန်ဒီနဲ့အတူထိုင်နေတဲ့ ကန်ဒီ့သူငယ်ချင်းတွေထဲက တရုတ်လိုနားလည်တဲ့သူတွေကတော့ ပေါက်ကွဲကြတာပေါ့။ မလိုဘူးဆိုပြီးပဲ ငြင်းလိုက်တယ်။ အဲ့အဒေါ်ကြီးလည်း မကျေမနပ်နဲ့ ထွက်သွားတယ်။ မလေးသူငယ်ချင်းတွေကတော့ ကြောင်တောင်တောင်နဲ့ သူဘာပြောတာလဲဆိုတာ သူတို့ကို နောက်မှရှင်းပြရတယ်။ ကန်ဒီဆိုလိုချင်တာက ကိုယ်ကရောင်းရချင်တယ်ဆို စကားကိုချိုချိုသာသာ တပါးသူဝယ်ချင်အောင် ပြောတတ်ရတယ်။ ခုသူပြောပုံက ပိုက်ဆံအိတ်ထဲရောက်နေတဲ့ ကန်ဒီ့လက်တောင် ပြန်ရုတ်သွားတယ်။ 

အဲ့ဒီအဒေါ်ကြီးနဲ့ ယှဉ်ပြချင်လို့... ကန်ဒီတို့ဆေးခန်းကို အမြဲလာပြီး ဆေးခန်းပြတဲ့ ဦးလေးကြီးတစ်ယောက်ရှိတယ်။ အဲ့ဒီဦးလေးကြီးက အမြဲပြုံးနေတတ်ပြီး သူဆေးခန်းလာတိုင်း သကြားလုံးထုတ်ကြီးနဲ့... သူကို ဆေးပေးတဲ့ ကန်ဒီတို့တွေအကုန်နီးပါးကို သကြားလုံးတွေ လိုက်ဝေပေးတယ်။ ကန်ဒီတို့အကုန်လုံး သူ့ကိုသိကြတယ်။ တရက်အလုပ်ကပြန်တော့ အဲ့ဒီဦးလေးကြီး Mrt မှာ တစ်ရှူးရောင်းနေတာတွေ့တော့ စိတ်ထဲလုံးဝမကောင်းဘူး။ သူ့ဆီက တစ်ရှူးဝယ်လိုက်တယ်။ သူကတော့ ကန်ဒီတို့ကို မမှတ်မိပါဘူး။ သူ့ပုံစံအတိုင်း ပြုံးပြီး "God Bless you" ဆိုပြီး အခါခါပြောပြီး ကျန်ခဲ့တယ်။ ကန်ဒီလည်း သူ့လို တပါးသူကို ပျော်ရွှင်မှုပေးနိုင်တဲ့သူမျိုးပဲ ဖြစ်ချင်တယ်။


ကန်ဒီ့အိမ်နေရင်းဖိနပ်အသစ်... ချစ်စရာလေး (:D)။ ကန်ဒီ့သူငယ်ချင်းမွေးနေ့ဆိုတော့ သူ့အတွက် တစ်ရံဝယ်ပေးလိုက်သေးတယ်။ အလုပ်က မမတွေနဲ့ Peninsula မှာ ငါးကင်သွားစား၊ ကော်ဖီသောက်ကြတယ်။ ဒါက မြန်မာသီးသန့် Section ဟဟ(:D)။ အလုပ်သာတူတာ... အလုပ်မှာဆို စကားပြောချိန်မရဘူးလေ။ ပြောရင်လည်း သူများနားလည်အောင် အင်္ဂလိပ်လိုပဲ ပြောတာများတယ်ဆိုတော့ အဲ့လိုလေးအပြင်ထွက်မှ စကားကောင်းကောင်းပြောရတယ်။ ကန်ဒီ Peninsula မရောက်တာ (၆)လကျော်ပြီပြောတော့ အားလုံးအံသြကြတယ် ဟဟဟ(xD)။ ပြန်တော့ အလုပ်ကလူတွေအတွက် အာလူးကြော်ဝယ်သွားပေးတယ်။


မနက်စောစောစီးစီး အမေ့ဆီက Message ရတယ်။ "သမီးခိုင်... ဇူဇူဒီနေ့ စေ့စပ်တယ်"တဲ့။ ဆိုင်းမဆင့် ဘုံမဆင့်... ကန်ဒီသိထားတာက သူတို့စေ့စပ်ပွဲကို အစက နောက်ရွေ့ထားတာ။ ခုကျတော့လည်း ဗြန်းစားကြီး။ မိသားစုတွေ စုံလင်နေပြီး ကိုယ်ပဲမပါဘူး။  နောက်နှစ်မင်္ဂလာဆောင်မှပဲ တက်တော့မယ်။



 ကန်ဒီ့ညီမအငယ်ဆုံးအတွဲက ဘယ်တော့လာမယ် မသိဘူး...

ရေဘေးအတွက် အကျီနဲ့ အလှူငွေထည့်လိုက်သေးတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘာမှမလုပ်ဘဲ ပန်းချီထိုင်ဆွဲနေတယ်။ ကန်ဒီပန်းချီမဆွဲတာ တော်တော်ကြီးကြာပြီ။ (၇)လလောက်ရှိပြီထင်တယ်။ ဒါက Watercolor...



ခဏနေဟင်းချက်မယ်။ ကြက်သားကာလသားဟင်းနဲ့ ခရမ်းသီးနှပ်မယ်။ ဈေးကပြန်လာပြီး မနက်စာစားရင်း စာထိုင်ရေးနေတာ။ အမှန်ဆို ဒီနေ့က ဘယ်သွားသွား Free ဆိုတော့ အပြင်ထွက်သင့်တယ်။ ညနေ Vivo City သွားရင် ကောင်းမလားမသိဘူး။

Enjoy your Holiday^^

5 comments:

Anonymous said...

ကန်ဒီ့အလှည့်ကတော့
ကြာအုန်းမယ်ထင်ပါ့။
ရိပ်ဖန်းသန်ဖန်းတောင် မကြားရသေးတော့...း)))
အိုင်အိုရာ

Anonymous said...

ဆောရီး...ရိပ်ဖမ်းသံဖမ်း..လို့ ပြင်ဖတ်ပေးနော်။
အိုင်အိုရာ

Candy Khine said...

Hehe... hote pa... kyar own mal xD

Kyaw Zaw said...

Be Happyyyyy Candy :) Definitely you will meet nice guy!!!

Tour Myanmar said...

At last a princess will become alive with an
empathy kiss of a prince.