ဒီနေ့တော့ ဆံပင်နဲ့ပက်သက်တာလေး တင်မယ်နော်။ ဖြစ်သလိုနေတာတွေ များလာတော့ ဆံပင်တွေ အရမ်းခြောက်လာလို့ ကန်ဒီကိုယ့်ဟာကိုယ် ပြန်ပြုပြင်တဲ့နည်းလေးကို အားလုံးလည်းသိရအောင် ပြန်ရှယ်တာပါ။
My Dry Hair :(
ခေါင်းမလျှော်ခင်
အုန်းဆီအရင်လိမ်းပြီး ကြာကြာထားနိုင်သလောက်ထားပါ။ ပြီးရင် ခေါင်းလျှော်ပါ။
ခေါင်းလျှော်တဲ့အခါ Sulphate free shampoo နဲ့ဆို ပိုကောင်းပါတယ်။
Sulphate က ဆံပင်ကို ပိုခြောက်သွေ့စေတယ်လေ။ အဲ့ဒါနဲ့ပက်သက်လို့ ကန်ဒီအရင်က
ပိုစ့်တစ်ပုဒ်ရေးဖူးပါတယ်။ ခေါင်းလျှော်တဲ့အခါ အဆီများတဲ့ ဆံပင်အရင်းကို
အဓိကထားလျှော်ပါ။ ရေနဲ့ဆေးချပြီးရင် ဆံပင်အဖျားကို အဓိကထားပြီး Conditioner
သုံးပါ။ ကန်ဒီကတော့ Essential က ပေါင်းတင်တဲ့ဟာကို လိမ်းထားပြီး (၂)မိနစ်
(၃)မိနစ်လောက်ထားပါတယ်။ ပြီးမှ ရေနဲ့ပြန်ဆေးချတယ်။ ခေါင်းလျှော်ပြီးရင် Hair Dryer မသုံးဘဲ ဆံပင်ကို သူ့ဟာသူခြောက်ပါစေ။ ပြီးရင် ကိုယ်ကြိုက်နှစ်သက်တဲ့ Hair serum လိမ်းပါ။ အဲ့ဒီ(၄)ဆင့်ပြီးတာနဲ့
ပြောင်းလဲမှုကို ချက်ချင်းသိသိသာသာခံစားရပါလိမ့်မယ်... ဒန်တန်တန် (xD xD)။ တခေါက်တည်းနဲ့ သိသာပေမယ့် တပတ်နှစ်ခါလောက် အမြဲလုပ်နိုင်ရင် ပိုကောင်းပါတယ် ^_^
ကန်ဒီ့ဆံပင်မှာဆို ဒုက္ခပေးတာ ခြောက်တာနဲ့ ကျွတ်တာပဲ။ သူများတွေလို နှစ်ခွတွေဘာတွေတော့ မဖြစ်ဘူး။ ဆံပင်ခြောက်တာကို အဲ့လိုလုပ်ပေးလို့ရပေမယ့် ဆံပင်ကျွတ်တာကြတော့ ဘယ်လိုလုပ်ရမလဲမသိဘူး။ ပုံမှန်ရက်တွေမှာ အဲ့လောက်မကျွတ်ပေမယ့် ခေါင်းလျှော်တဲ့နေ့ဆို အရမ်းကျွတ်တယ်။ ဒါတောင်ကန်ဒီက ခေါင်းလျှော်ပြီးရင် ခေါင်းဖြီးတာမဟုတ်ဘူး။ ကျွတ်မှာစိုးလို့ ဆံပင်ခြောက်မှ ခေါင်းဖြီးတာ။ ဆံပင်ကျွတ်တာသက်သာမယ့် နည်းလမ်းလေးများရှိရင် ကန်ဒီ့ကို Comment မှာ ပြောပြပေးခဲ့နော် :D
တာ့တာ...
တာ့တာ...
7 comments:
ကန်ဒီလေးရေ ...
http://shwechaunglunge.blogspot.com/2013/10/blog-post_6892.html ဒီမှာ ဖတ်ကြည့်နော် .... ကန်ဒီက Sulphate free shampoo နဲ့ ခေါင်းလျှော်တယ်တဲ့။ Sulphate က ဆံပင်ကို ပိုခြောက်သွေ့စေတယ်တဲ့။ နန်းပြောတဲ့နေရာမှာ ရေးထားတာတော့ ကြက်သွန်နီမှာပါတဲ့ ဆာလဖာကြောင့် ဆံပင်ကျွတ်သက်သာစေတယ်တဲ့... ကိုယ်တိုင်သာ ဖတ်ကြည့်ပြီး ကိုယ်တိုင်သာ စဉ်းစားတော့ ... နန်းတော့ သိပ်နားမလည်ပါဘူးလေ ... ညဖက် ရေချိုးခါနီးတိုင်း ခြေဖဝါးကို ဆားကြမ်းနဲ့ တစ်ဖက်ကို အခါ ၅၀ စီလောက် ပွတ်ပေးတာကလည်း ဆံပင်ကျွတ်သက်သာစေပါတယ် နော်.... ရေချိုးခန်းပေါက်မှာ ထိုင် အဝတ်လျှော်တဲ့ ဇလုံလိုမျိုး ဇလုံကျယ်ကျယ်ထဲကို ဆား လက်၂ ဆုပ်စာလောက်ထည့် ဘယ်ခြေဖဝါးကို ညာလက်နဲ့ ညာခြေဖဝါးကို ဘယ်လက်နဲ့ ပွတ်ပေါ့ နော့် .... နန်းလည်း ဆံပင် တအားကျွတ်လွန်းလို့ အဲ့လိုလုပ်တယ်။ တစ်ပတ်ကို ၂ ခါလောက်လုပ်ပေးပေါ့။ သက်သာလာပါတယ်။ ကြမ်းပြင်ပေါ်မှာ နန်းရဲ့ဆံပင်အကျွတ်တွေ နည်းလာတယ်လေ ....
I think you should comb before dry. It is easy to clear the mess more than when you do after dry...just try this is my experience....
Thank you :D
အမကတော့ ဘီးပြောင်းလိုက်တာမှာ ဆံပင်ကျွတ်တာအရမ်းသက်သာသွားတယ်။ ဘာနဲ့ဖြီးလို့မှ မရတာ။ ပဲခူးသွားရင်းနဲ့ အဲဒီက ပိတောက်သားနဲ့လုပ်တဲ့ သစ်သားဘီးနဲ့ဖြီးမှပဲ ကျွတ်တာ အရမ်းသက်သာသွားတယ် :)
Thank you sis :D
I used to fall out lots of hair too but way better after i used aloe vera. Just wash yr hair with organic shampoo and then apply fresh aloe vera jell in yr scalp n hair then rinse off with cold water. The best hair conditioner ever n you will see yr hair much softer n nicer. Believe me, just try for one n you will love it.
Thank you so much!!! :D
Post a Comment