Morning everyone...
ဒီနေ့က စင်္ကာပူမှာ Hari Raya ပိတ်ရက်ဆိုတော့ အိမ်မှာအမေနဲ့ စားချင်တာတွေ ချက်ကျွေးခိုင်းပြီး အပြည့်အ၀အနားယူနေတယ်။ ဟိုနေ့ကမှ ပိုစ့်အသစ်တင်ထားတာဆိုတော့ ဒီနေ့စာရေးဖို့အစီအစဉ်မရှိပါဘူး။ ဒါပေမယ့် အတွေးလေးတစ်ခု ၀င်လာတာနဲ့ မနေနိုင်မထိုင်နိုင် ချရေးလိုက်တယ် ဆိုပါတော့...
မနက်စောစောစီးစီး Group What apps message လေးတွေ ၀င်နေတာနဲ့ ဖတ်လိုက်တော့ အလုပ်က မလေးသူငယ်ချင်းတွေက "Selamat Hari Raya" ဆိုပြီး အရုပ်သိုးလေးလည်ပင်းကို ဓားနဲ့ထောက်ထားတဲ့ပုံလေး ပို့ထားတာတွေ့တယ်။ စိတ်ထဲမှာ ဘယ်လိုကြီးဖြစ်သွားမှန်း မသိဘူး။ စိတ်ထဲအရမ်းမကောင်းဘူး။ ဒီနေ့က အားလုံးသိတဲ့အတိုင်း Hari Raya ဆိုတော့ သူတို့ဘာသာအယူအဆအရ နွားတွေ၊ သိုးတွေ သတ်ကြတယ်။ ကန်ဒီ့သူငယ်ချင်းတစ်ယောက်ဆို မလေးရှားသွားပြီး နွားသွားသတ်မယ်တဲ့။ စင်္ကာပူမှာ နွားရှားလို့တဲ့။ နွားတစ်ကောင်ကို SGD 2000 ပေးရတယ်ဆိုလားပဲ။ (၇)ယောက်သတ်မယ်တဲ့။ စိတ်ထဲမကောင်းလိုက်တာ...
ဒါသူတို့ဘာသာအရ ယုံကြည်မှုအရလုပ်တာဆိုတော့ ဘယ်သူမှ ဘာမှမပြောကြဘူး။ စိတ်ထဲမကောင်းလဲ အားလုံးက လက်ခံကြတာပဲမလား။ ကန်ဒီတဆက်တည်းတွေးမိတာက တစ်ခါ Facebook မှာ ပေါ်ပြူလာအရမ်းဖြစ်သွားတဲ့ "Yulin Dog Eating Festival"... အဲ့တုန်းက ခွေးဆိုတာ အိမ်မွေးတိရိစ္ဆာန်၊ မစားသင့်တဲ့အရာဆိုပြီး ဆန္ဒတွေပြကြတာ တွေ့လိုက်တယ်။
တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ဒါဟာလည်း သူတို့ရဲ့ရိုးရာ၊ ကိုယ်တွေအတွက် အထူးအဆန်းဖြစ်နေပေမယ့် သူတို့အတွက်က နှစ်တိုင်းလုပ်နေတဲ့ပွဲတော်။ ကန်ဒီတို့သာ ခွေးသားစားတဲ့ အသိုင်းအ၀ိုင်းကြားမှာ ကြီးပြင်းလာခဲ့ရင် ဒါဟာအထူးအဆန်းဖြစ်နေမှာ မဟုတ်ဘူး။ ပြောချင်တာက ဘယ်တိရိစ္ဆာန်ကတော့ စားလို့ရတယ်။ ဘယ်တိရိစ္ဆာန်ကတော့ စားလို့မရဘူးဆိုတာ ဘယ်သူသတ်မှတ်ပေးတာလဲ?? ကန်ဒီတို့ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ကပဲ သတ်မှတ်ကြတာမလား?? အခုဆိုလဲ နွားတွေသတ်ကြတာကို လူတွေဆန္ဒပြကြလား?? မပြကြဘူး... ဘာလို့လဲဆိုတော့ ဒါသူတို့ဘာသာအရလုပ်တယ်ဆိုတာကို ကန်ဒီတို့နားလည်လက်ခံကြတယ်။
ဒီလိုပြောလို့ ကန်ဒီက ခွေးတွေသတ်တာကို အားပေးနေတယ်လို့မထင်နဲ့နော်။ ကန်ဒီ Point out လုပ်ပြချင်တဲ့အချက်က နွားတွေ၊ ၀က်တွေလည်း အသွေးအသားနဲ့တိရိစ္ဆာန်ပဲ... ခွေးလည်းအသွေးအသားနဲ့တိရိစ္ဆာန်ပဲ။ နာကျင်မှုကို ခံစားတတ်တဲ့ အာရုံကြောတွေပါတယ်။ ဒါကို နွားကျတော့ သတ်လို့ရတယ်... ခွေးကြတော့ ဆန္ဒပြတယ်။ ကန်ဒီတို့ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်က ကန်ဒီတို့အသိထဲ ရိုက်သွင်းထားတဲ့ပုံစံကို ပြောပြချင်တာ။ တကယ်တမ်း ကမ္ဘာတ၀ှမ်းနဲ့ ခြုံကြည့်ရင် အဲ့ဒီခွေးသားစားတဲ့ပွဲတော်ဆိုတာ တစ်နှစ်မှာတစ်ခါဘဲဖြစ်တဲ့ ပွဲတော်သေးသေးလေး... (၆)မီလီယံသော အပြစ်မဲ့တဲ့တိရိစ္ဆာန်တွေ မိနစ်(၂၀)တိုင်းမှာ ကန်ဒီတို့ လူတွေစားဖို့အတွက် သေနေကြရတာက တကယ့် Reality...
Hope you all understand what I'm trying to say.
Have a Great day^^