Hellooo...
သောကြာနေ့ကပဲ အမေတို့ရောက်တယ်။ ည(၁၁း၄၅)မှ လေယာဉ်ဆိုက်တာဆိုတော့ သူတို့ထွက်လာတာနဲ့ဘာနဲ့ လမ်းမှာ သူများကား Accident ဖြစ်ပြီး ကားတိုက်လို့ ကားပိတ်တာနဲ့ပေါင်းတော့ အိမ်ကို(၁)နာရီခွဲလောက်မှ ရောက်တယ်။ စနေနေ့မနက် အိပ်ချင်မူးတူးနဲ့ အလုပ်ကသွားရသေးတယ်။ အစက အဲ့နေ့ကို Leave ယူမလို့ဟာ သူများယူပြီးသားဖြစ်နေတာနဲ့ မယူဖြစ်လိုက်ဘူး။
သူတို့နှစ်ယောက်လုံးက လူကောင်ထွားရတဲ့အထဲ ဖိနပ်အမြင့်ကလည်းစီးထားတော့ ကိုယ်ကပိစိလေးဖြစ်နေတယ်။ စနေနေ့အလုပ်ကပြန်လာ ခဏအိပ်ပြီး ညနေကျတော့ China Town ဘက်သွားတယ်။ ညီမလေးက အမေတို့ကို ဖားဆန်ပြုတ်လိုက်ကျွေးတာလေ။ ကန်ဒီကတော့ အဲ့ဒါတွေမစားတော့ ဆေးဘဲဥဆန်ပြုတ်... ဆန်ပြုတ်ထဲအသားတွေပါလာတာနဲ့ ဆက်မစားဖြစ်တော့ဘူး။ ကန်ဒီတို့မိသားစု ခုလိုလူမစုံတာ နှစ်နဲ့ချီပြီ။ ကန်ဒီ့ညီမနဲ့ ကန်ဒီကတူတူမပြန်တော့ အမြဲ တစ်ယောက်ကတော့ ပျောက်ပျောက်နေတယ်။ ခုတမိသားစုလုံး စင်္ကာပူလာလည်ကြတော့ ရှားရှားပါးပါးမိသားစုအားလုံးဆုံကြရတယ်။ ခဲအိုနှစ်ယောက် (Brother-in-law ကို အဲ့လိုခေါ်တာလား?) လည်း ပါတာပေါ့။
ဒီနေ့သူတို့ Universal Studio သွားကြတယ်။ ကန်ဒီနဲ့အမေတော့ မလိုက်သွားဘူး။ ကန်ဒီက ညနေဘုန်းကြီးကျောင်းသွားရမှာမို့လို့ရော... သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားလို့ရော မလိုက်ဖြစ်တော့ဘူး။ တစ်ရက်တော့ Adventure Cove သွားအုံးမယ်။ စာရေးတာခဏရပ်ပြီး ဟင်းရွက်သွားကြော်လိုက်ဦးမယ်နော်။ ၀ယ်သာဝယ်လာတာ ဘယ်လိုခေါ်မှန်းမသိဘူး။ အမေပြောပြတာ ကုလားပဲညွှန့်ခေါ်တယ်တဲ့။ ကန်ဒီ့အတွက် အမေက မှိုနဲ့ပဲပြားတော့ ကြော်ပေးထားပါတယ်။ ကိုယ်က ဟင်းရွက်မပါရင် မစားတတ်တော့ ကိုယ့်ဟာကိုယ်ပဲထကြော်ရမယ် ဟဟ xD
အဲ့ဒီကုလားပဲညွှန့်ကို ကန်ဒီပထမဆုံးစားဖူးတာ Cameron Highland သွားတုန်းက... အရမ်းနုပြီး ချိုနေတာပဲ။ ဒီမှာဝယ်လို့ရတာတွေက အဲ့ကဟာကို မမှီဘူး။ စားစရာတွေ တင်လက်စနဲ့ ဒီရက်ပိုင်းကန်ဒီစားတာတွေ ကြွားလိုက်ဦးမယ် :D :D
အဲ့ဒီကုလားပဲညွှန့်ကို ကန်ဒီပထမဆုံးစားဖူးတာ Cameron Highland သွားတုန်းက... အရမ်းနုပြီး ချိုနေတာပဲ။ ဒီမှာဝယ်လို့ရတာတွေက အဲ့ကဟာကို မမှီဘူး။ စားစရာတွေ တင်လက်စနဲ့ ဒီရက်ပိုင်းကန်ဒီစားတာတွေ ကြွားလိုက်ဦးမယ် :D :D
သားသတ်လွတ် သီးစုံပဲကုလားဟင်း
ပဲပြားသုပ်...
အစိမ်းကြော်၊ အာလူးမဆလာကြော်၊ သီးစုံပဲကုလားဟင်း
ငါးချဉ်သုပ်၊ ပဲနီလေးဟင်းရည်နဲ့ ပဲပင်ပေါက် ပဲပြားကြော်
ပဲပင်ပေါက် ပဲပြားကြော်ကို မန်ကျည်းသီးအချဉ်နဲ့ ဆလတ်ရွက်ထုတ်စားရင် အရမ်းစားကောင်းတယ်။ အဲ့ဒါ ကန်ဒီ့ Favorite food ထဲမှာပါတယ်။ ရန်ကုန်အိမ်မှာဆို အမေခဏခဏလုပ်ကျွေးတယ်။ ပဲပြားအစာသွပ်လည်း ကြိုက်တယ်။
ဘုန်ကြီးကျောင်းက ပြန်လာပြီ။ ဖတ်တဲ့သူတွေတော့ ကွန်ပလိန်းတက်တော့မယ်။ စာလေးတစ်ပုဒ်ရေးတာ အပိုင်းပိုင်းနဲ့ ဆိုပြီး ဟဟဟ(xD)။ "Teachers day" မို့ဆိုပြီး ကလေးတွေဆီက လက်ဆောင်လေးတွေရတယ်။ ကလေးတွေက ချစ်ဖို့ကောင်းတယ်။ သားစာမရေးချင်ဘူးဆိုပြီး ဆူပုတ်ပြီးလာပြောတဲ့သူနဲ့၊ ဆရာမ Cinderella သီချင်းဆိုတတ်လား ဆိုပြီး လာမေးတဲ့သူနဲ့ စုံနေတာပဲ။ သူတို့ကို တွေ့ရတာနဲ့တင် သူ့အလိုလိုပျော်လာတာ။
အိပ်တော့မယ်နော်...
တာ့တာ
အိပ်တော့မယ်နော်...
တာ့တာ
6 comments:
ညီမလေးတွေနဲ့  ကောင်လေးတွေဆို မတ် တော်တယ်..
ကိုယ့် ထက်အကြီးနဲ့  ပတ်သက်ပြီးတော်တာ ဆိုမှ ခဲအို လို့ ခေါ်တာ
hehe... Thank you for correcting my mistake :D
ဒီကနေ့မှ အွန်လိုင်းပြန်ရောက်တော့တယ် သကြားလုံးလေးရေ...
ဖတ်စရာတွေအများကြီး ဖတ်သွားရလို့ ကျေးဇူးပါ။
သကြားလုံးလေး သိတ်ပျော်နေပြီပေါ့ ^_^
very delectable yummy vegan dishes
you make me hungry
w
ကန်ဒီလေး..
ပျော်နေတာဖတ်ရလို့ ရောပျော်သွားတယ်။
အကုန်စုဖတ်သွားတယ်။ အသစ်ဆုံးကနေ ဒီထိ။
သက်သတ်လွတ်ဟင်းလေးတွေလုပ်ရင်ကန်ဒီ့ အတွက်တင်ပေးမယ်နော်။
အသုတ်မှန်သမျှ အဆင်ပြေပြီး စားလို့ ကောင်းမှာပါ။
အိုင်အိုရာ
ကျနော်လည်း အသားဖြတ်ဖို့ ကြံနေတယ် မမချိုချဉ်
Post a Comment