Tuesday, September 22, 2015

River Safari

Helloo...
ကန်ဒီ့ဘလော့ဂ်မှာ သရဲခြောက်နေပြီလားတောင် စိုးရိမ်ရတယ်။ ပိုင်ရှင်လည်းမရှိ၊ ဧည့်သည်လည်းမရှိဆိုတော့ ဟီးဟီး(xD)။ အားလုံးသိတဲ့အတိုင်း တစ်မိသားစုလုံး ဒီရောက်နေတော့ သူတို့နဲ့ လျှောက်လည်ပြီး အပျော်လွန်နေတယ် ဆိုပါတော့။ မနေ့ကပဲ အဖေနဲ့ညီမလေး ပြန်သွားတယ်။ အမေကတော့ နောက်နှစ်ပတ်လောက် ဆက်နေဦးမယ်။ သူ့သမီးတွေကို ဟင်းချက်ကျွေးချင်လို့တဲ့ :D

ဒီနေ့တော့ စကားလည်းပြောရင်း မပျင်းရအောင် ကန်ဒီတို့ လျှောက်လည်တဲ့အထဲက River Safari သွားတုန်းကပုံလေးတွေ တင်မယ်နော်။ စင်္ကာပူ Election နေ့ (သောကြာနေ့) အားလုံးအလုပ်ပိတ်ကြတော့ အဲ့နေ့သွားကြတာ။ တစ်ယောက်ကို SGD 28.80... အွန်လိုင်းက၀ယ်ရင် ပိုတန်တယ်။ 15% off ရတယ်။ များသောအားဖြင့်တော့ ငါးတွေပေါ့နော်။ ပန်ဒါလည်းရှိတယ်။ ပန်ဒါဆိုလို့ ကန်ဒီငယ်ငယ်လေးတုန်းက မှတ်မှတ်ရရ ကန်ဒီအရမ်းကြိုက်ခဲ့တဲ့ အမွှေးပွရုပ်လေးက ပန်ဒါရုပ်လေး xD






အဲ့နေ့အတွက်က ဘာမှပြောစရာသိပ်မရှိတော့ ဓာတ်ပုံတွေပဲ ကြည့်လိုက်တော့နော်။ ဒီနောက်ပိုင်း ကန်ဒီ့အစားအသောက်နဲ့ပက်သက်လို့ ပြောရရင် အခု Transition Stage ကို ရောက်နေတယ်။ Pescatarian to Vegetarian... ငါးတွေ၊ ပင်လယ်စာတွေလည်း အခုမစားတော့ဘူး။ စားချင်စိတ်လည်း မရှိတော့ဘူး။ အမေကတော့ ကျန်းမာရေးချို့တဲ့မှာ စိတ်ပူတယ်။ အသားမစားတော့ Protein ဓာတ်ချို့တဲ့မှာစိုးရိမ်ပုံရတယ်။ ပဲတွေ၊ တို့ဖူးတွေကလည်း Protein ဓာတ်ရနိုင်တာပဲကို။ အသားကရတဲ့ ဗီတာမင်တွေအကုန်လုံးကို အသီးအရွက်က ရနိုင်တယ်။ Vitamin B12 တစ်ခုပဲ ရဖို့နည်းနည်းခက်ခဲတာ... Multivitamin လည်း ကန်ဒီသောက်နေတာပဲဆိုတော့ အဲ့လောက်ကြီးစိတ်ပူစရာမလိုဘူး ထင်တာပဲ။


အရင်က ကန်ဒီငါးဘယ်လောက်ကြိုက်လဲဆိုတာ ပြောဖူးတယ်နော်။ ငါးကိုတော့ ဖြတ်ပစ်နိုင်မယ်လို့ ကန်ဒီမထင်ခဲ့ဘူး။ ကိုယ့်ကိုကိုယ်လည်း အရမ်းအံသြတယ်။ စိတ်ရဲ့လိုအင်က ဘယ်လောက်ကြီးမားလဲဆို ကိုယ်ကြိုက်ခဲ့တဲ့အရာတွေတောင် မစားချင်တော့လောက်အောင် ကန်ဒီ့ကိုပြောင်းလဲပစ်လိုက်တယ်။





ဒီရက်ပိုင်းတွေ ဆေးခန်းမှာ အလုပ်အရမ်းရှုပ်တယ်။ အားလုံးသိတဲ့အတိုင်း စင်္ကာပူမှာ Haze တွေဖြစ်နေတော့ ပန်းနာရင်ကျပ်သမားတွေ အများဆုံးဆေးခန်းရောက်လာကြတယ်။ ကိုယ်တွေတောင် အသက်ရှူလို့သိပ်မကောင်းတာ... သူတို့ဆို ပိုဆိုးတာပေါ့။ အဲ့ဒီမှာ စင်္ကာပူအစိုးရ သူတို့ပြည်သူတွေအပေါ် ဘယ်လောက်ကောင်းလဲဆိုတာ ပြောပြဦးမယ်။ Haze ကြောင့် ဆေးခန်းလာပြရတဲ့လူတွေဆို ဆရာဝန်က "Haze" ဆိုပြီး သူတို့နာမည်တုံးထုပေးလိုက်ရင် ဆေးခန်းပြခနဲ့ ဆေးဖိုး အပြီးအစီး SGD 10 ပဲပေးရတယ်... ဆိုတော့ အားလုံးက ကန်ဒီတို့လို Government Polyclinic တွေဆီပဲ လာကြတော့တာပေါ့။ အဲ့ဒီတော့ ကန်ဒီတို့က ပိုအလုပ်ရှုပ်ရော ဟဟဟ။


Good Night... အိပ်တော့မယ် Zzz...

4 comments:

Wai Wai Htun said...

ကန်ဒီလေး
မှန်မှန် လာလည်သွားတယ်နော်

Candy Khine said...

Thank you :D :D

Anonymous said...

wow, becoming a vegetarian!!!
I think you can still eat eggs without killing any lives
YOU are a very delicate person but yet possess a very strong mind and determination
You are an Angel
you will be very healthy with clean body and clean mind
congratulation to become a vegetarian
no wonder you have the most beautiful personality
W

မိုးသက် said...

သရဲမခြောက်ပါဘူး..။ လိုင်းမကောင်းလို့ မလာတာပဲ ရှိတာပါ :D :D