Sunday, October 18, 2015

Busy days...

Hello...
အလုပ်တွေ အရမ်း အရမ်း အရမ်းးးးရှုပ်နေတာနဲ့ စာလုံးဝမရေးဖြစ်ဘူး။ အမေပြန်သွားပြီးကတည်း မနားရသေးတာ ခုထိပဲ။ အမေ့ကို လေယာဉ်ကွင်းလိုက်ပို့တုန်းကပုံလေး အမှတ်တရတင်လိုက်ဦးမယ်။ မနက်ပိုင်း Time off (၁)နာရီလောက်ယူပြီး လေယာဉ်ကွင်းလိုက်ပို့၊ ပြီးမှ အလုပ်ဆက်သွားတယ်။


ပြီးခဲ့တဲ့အပတ်ထဲမှာ JCI Audit ရှိတာနဲ့ Stress တွေ အရမ်းများတယ်။ Supervisor တွေရော အကုန် Stress out ဖြစ်ပြီး မရီနိုင်၊ မပြုံးနိုင်ကြဘူး။ Pharmacy တစ်ခုလုံးကို သန့်ရှင်းရေးလုပ်၊ အလုပ်ပြီးတာလည်း မပြန်နိုင် အချိန်ပိုလုပ်။ Auditor မေးတာတွေ မဖြေနိုင်မှာစိုးလို့ စာတွေလည်းဖတ်ရ၊ Training Quiz တွေဖြေ ရှုပ်ယှက်တွေခက်နေတာပဲ။ အဲ့ဒီ Audit ပြီးသွားမှပဲ အလုံးကြီးကျသွားတယ်။ တော်သေးတာပေါ့... သုံးနှစ်တစ်ခါမို့၊ နှစ်တိုင်းသာဆို အဲ့ဒါနဲ့တင် ရူးမှာပဲ။ Audit result က မသိရသေးဘူး။

ဆရာကန်တော့ပွဲလုပ်ပြီး ကလေးတွေ ကျောင်း(၃)လပိတ်သွားပြီ။ ဘုန်းကြီးကျောင်းသွားစရာ မလိုတော့ဘူး။ သူတို့ကိုတော့ သတိရတယ်။  ကကြီး၊ ခကွေးလည်း မေ့သွားမှာပါပဲ ဟဟ :D






အမှန်က ကန်ဒီ့မှာ ရေးစရာတွေရှိတယ်။ ဒီလပိုင်းတွေထဲမှာ စမ်းသုံးကြည့်ဖြစ်တဲ့ Beauty products လေးတွေထဲက ကန်ဒီကြိုက်တာလေးတွေကို Review ရေးမယ်ဆိုပြီး ခုထိအဲ့ဆီမရောက်နိုင်ဘူး။ ပြီးခဲ့တဲ့အပတ်က သူငယ်ချင်းတစ်ယောက်မွေးနေ့ Italian Vegetarian Restaurant မှာ လိုက်ကျွေးတယ်။ Spaghetti Pesto နဲ့ Fruit Salad...




အဲ့လို လူမှုရေးပွဲတွေသွားမယ်ဆို ကိုယ့်အတွက်တကူးတက စဥ်းစားပေးရတာကို စိတ်ထဲမှာ မနေတတ်ဘူး။ ကန်ဒီက မစားရလည်း ကိစ္စမရှိပါဘူး။ Menu ကြည့်ပြီး ကိုယ်စားလို့ရတဲ့ဟာ ရှာစားတတ်တယ်။ သူကတော့ တကူးတက ကန်ဒီ့အတွက်နဲ့ Vegetarian ဆိုင်မှာ လိုက်ကျွေးတယ်။ တခြားလူတွေရော စားတတ်ရဲ့လား မသိပါဘူး။


ဒီကလေးနှစ်ကောင်ကလည်း (၆)လပြည့်ပြီဆိုတော့ အကောင်ကြီးလာပြီ။ သန့်ရှင်းရေးလည်း ပိုလုပ်ရတယ်။ အရင်က သူတို့ Toilet ကို နှစ်ရက်ခြားတစ်ခါဆေးရင်ရတယ်။ ခုဆို တစ်ရက်ခြားတစ်ခါဆေးရတယ်။ အရမ်းချစ်ဖို့ကောင်းတယ်။  ဒီစာအုပ်ကို လိုချင်လွန်းလို့ တစ်အုပ်ပဲကျန်တော့တာနဲ့ Reserve လုပ်ပြီးတောင် ၀ယ်ထားရတယ်။ ၀ယ်ပြီးတော့ အလုပ်တွေရှုပ်နေတာနဲ့ မဖတ်နိုင်ဘူး။


ကန်ဒီသိသလောက်က ဒီစာအုပ်က Vegan စာအုပ်... ဆိုတော့ အသားမစားဘဲ Nutrients တွေ ဘယ်လိုရနိုင်လဲဆိုတဲ့ ဗဟုသုတတွေ ပါမယ်လို့ထင်တယ်။ ပိန်ချင်လို့ ၀ယ်တာတော့ မဟုတ်ပါဘူး ဟဟ(xD)။ 

Good Night နော်...
အိပ်ပြီ Zzz..

2 comments:

Anonymous said...

ကျစ်ဆံမြီးလေးနဲ့ ကန်ဒီလေးကချစ်စရာလေး။
ဆံပင်တောင်တော်တော်ရှည်လာပြီနော်။
ခလေးလေးတွေကလည်းချစ်စရာလေးတွေ။
အိုင်အိုရာ

မိုးသက် said...

မားမြန်မာပြည်ပြန်လာရင် ပြောဦးနော် မားကန်ဒီ