Sunday, November 1, 2015

Beauty Products I've been Trying.

Hello...
ဒီနေ့တော့ မတင်တာကြာပြီဖြစ်တဲ့ Beauty Post လေး တင်မယ်နော်။ ဒီနောက်ပိုင်း ကန်ဒီအသစ်သုံးဖြစ်တာလေးတွေအတွက် Review ပိုစ့်လေးပေါ့။ ဟိုတလောက ကန်ဒီသုံးနေကျ "Simple" moisturizer ကုန်သွားတော့ တခြား brand စမ်းသုံးကြည့်ချင်တာနဲ့ "Innisfree" က Greentea normal-combination skin moisturizer စမ်းဝယ်သုံးကြည့်တယ် (ဓာတ်ပုံရိုက်ဖို့မေ့သွားလို့)။ မဆိုးပါဘူး... သုံးလို့ရတယ်... ဒါပေမယ့် လိမ်းပြီးရင် မျက်နှာကအဆီပြန်သလို စီးကပ်ကပ်ကြီး ဖြစ်ကျန်ခဲ့တာကို မကြိုက်ဘူး။ အဲ့ဒါနဲ့ moisturizer ရှာပုံတော် ထပ်ထွက်တာ အဲ့ဒီ "Alba Botanica" brand ကို သွားတွေ့တယ်။ "No Animal Testing" လို့ Claim ထားတော့ စိတ်ဝင်စားသွားတယ်။ Watson မှာ ၀ယ်လို့ရတယ်။ အဲ့ဒီက Moisturizer လေး စမ်းဝယ်သုံးကြည့်တာ တော်တော်ကြိုက်တယ်(~SGD 22)။ အရမ်းလည်း ထူထူကြီးမဖြစ်ဘူး... Gel လိုမျိုး ရေလိမ်းနေရသလိုလည်း မဖြစ်ဘူး။ Consistency က အနေတော်လေးပဲ။

 

မျက်နှာသစ်ဆေးကုန်တော့လည်း အဲ့ဒီ Brand ကပဲ Facial Cleanser စမ်းဝယ်သုံးကြည့်တာ အဆင်ပြေတယ်။ ကြိုက်တယ်။ သူရဲ့ Shampoo (~SGD 14) က Sulphate-free လို့ Claim ထားလို့ စမ်းသုံးကြည့်တာ အဲ့လောက်မကြိုက်ဘူး။ အနံ့လေးကတော့ အရမ်းကောင်းတယ်။ ကန်ဒီသုံးနေကျ Shampoo က "Loreal" က Sulphate-free shampoo လေ။ Sulphate-free shampoo တွေက အမြှပ်သိပ်မထွက်တာ မစမ်းပေမယ့် "Loreal" နဲ့ယှဉ်ရင် "Loreal"က အမြှပ်ပိုထွက်တယ်။ 


ကန်ဒီ့ဆံပင်က အဆီပြန်တာ အရမ်းမြန်တယ်။ ဆံပင်ပျက်စီးလို့ ခေါင်းလည်း နေ့တိုင်းမလျှော်ချင်ဘူး။ တစ်ရက်ခြားတစ်ခါပဲ လျှော်တယ်။ Weekend ဆို နှစ်ရက်ခြားပြီးမှ လျှော်တယ်။ အဲ့ဒီ "Batiste" Dry Shampoo လေး စမ်းသုံးကြည့်တာ အရမ်းကြိုက်တယ်။ အဲ့ဒါလေးနဲ့ ဆံပင်အရင်းကို Spray လိုက်ပြီး လက်ချောင်းလေးတွေနဲ့ ဖြန့်ပေး... ပြီးရင် ခေါင်းဖြီးလိုက်ရုံပဲ။ ခေါင်းလျှော်ထားပြီးသား ပုံစံအတိုင်းရတယ်။ 

ကန်ဒီအရမ်းကြိုက်တဲ့ "Revlon" Balm Stain ကုန်သွားတော့ "Clinique" က Chubby Stick Moisturizing Lip Balm (~SGD 27) စမ်းသုံးကြည့်တယ်။ သူများပြောတာကြားဖူးတာ "Revlon" Balm Stain က အဲ့ဒီ "Clinique" Lip Balm ကိုတုထုတ်ထားတာတဲ့။ ဆိုးလိုက်ရင် နှုတ်ခမ်းလေးက စိုနေပြီး အရမ်းနေလို့ကောင်းတယ်။ ဒါပေမယ့် Colour ကတော့ Staining Power မရှိဘူး။ ထိလိုက်တာနဲ့ ပျက်တာပဲ။ သူ့နာမည်မှာ "Lip Stain" လို့ Claim မထားတော့ မခံတာလည်း သူ့အပြစ်မဟုတ်ပါဘူး။ "Revlon" Balm Statin (~SGD 20) က နှုတ်ခမ်းပေါ်မှာ အရောင်အကြာကြီးခံတယ်။ Moisturizing effect ကတော့ "Clinique" ကို မမှီဘူး။ ဒါပေမယ့် တခြား Lip Stain တွေနဲ့ယှဉ်ရင်တော့ ပိုစိုစိုလေးဖြစ်တယ်။ 

Clinique - colour: Two Ton Tomato

Revlon Balm Stain- Colour: Cherish and Sweetheart Valentine

နောက်တစ်ခု စမ်းဝယ်ကြည့်တာက "Revlon" က အသစ်ထုတ်တဲ့ Ultra HD Lipstick (~SGD 22)။ အရောင်ထွက်တာ ကောင်းပေမယ့် သူလည်း အဲ့လောက် ကြာကြာမခံဘူး။ အဖုံးက Original အဲ့လိုမဟုတ်ဘူးနော်... သူတို့ Price ကပ်ထားတဲ့နေရာက ရုပ်ဆိုးလို့ ကိုယ့်ဟာကိုယ် Masking Tape နဲ့ အလှဆင်ထားတာ ဟဟ :P

Revlon Ultra HD Lipstick - colour: Hydrangea


Make up remover ကုန်တာနဲ့ "My Beauty Diary" က Micellar Cleansing Water (~SGD 18) စမ်းသုံးကြည့်တာ မဆိုးဘူး ကောင်းတယ်။ ဒါပေမယ့် Water proof mascara တွေဆိုရင်တော့ နည်းနည်းကြာကြာဖျက်ရမယ်။ ကန်ဒီက မျက်နှာအတွက်ပဲသုံးတာဆိုတော့ အဆင်ပြေပါတယ်။ မျက်လုံးအတွက်က "Maybelline" က Eye makeup remover အလွှာနှစ်လွှာကို Shake ပြီး သုံးရတဲ့ဟာ သုံးတယ်။ အဲ့ဒါ ကန်ဒီ့ Favorite Eye makeup remover...


"Cure" က Exfoliating Gel (~SGD 40) က နာမည်ကြီးပဲ။ အစက ကန်ဒီထင်တာ အဲ့ဒီ Gel ထဲမှာပါတဲ့ ပစ္စည်းတစ်မျိုးမျိုးကြောင့် ပွတ်လိုက်ရင် အဖတ်တွေ ထွက်တာနေမှာပေါ့... Dead skin cell ဖြစ်ချင်မှလည်း ဖြစ်မှာဆိုပြီး မ၀ယ်ဖြစ်ဘူး။ နောက်ပိုင်း ဘယ်ကလည်း မသိဘူး ဖတ်လိုက်ရတယ်။ ပထမသုံးတဲ့အသားပေါ်မှာပဲ ဒုတိယအကြိမ်ထပ်သုံးကြည့်ရင် အဖတ်တွေသိပ်မထွက်တော့ဘူးတဲ့။ အဲ့ဒါနဲ့ဆိုင်ရောက်တော့ စမ်းကြည့်မိတယ်။ ပထမအကြိမ်မှာ အဖတ်တွေအများကြီးထွက်တယ်။ Exfoliate လုပ်ပြီးသားအသားပေါ် နောက်တစ်ခေါက်ထပ်သုံးကြည့်တော့ အဲ့လောက်မထွက်တော့ဘူး။ အဲ့ဒီတော့မှ အစက ကန်ဒီထင်တာမှားမှန်းသိပြီး ၀ယ်ဖြစ်တယ်။


နှုတ်ခမ်းနီအရောင်စမ်းထားတဲ့အသားပေါ် Exfoliate လုပ်မိလို့ အဖတ်တွေက ပန်းရောင်ဖြစ်နေတာ ဟဟဟ(xD)။ ပစ္စည်းတွေအားလုံးကို တစ်ကြိမ်တည်းမှာ ၀ယ်တာမဟုတ်ဘူးနော်။ သူဌေးထင်နေမှာစိုးလို့ ဟဟ(xD)။ Busy Bee ဆိုတော့ ခုမှစုရေးဖြစ်တာဆိုပါတော့။ ဒီ Review ပိုစ့်အတိုလေးကို အားလုံးနှစ်သက်မယ်လို့ ထင်တယ်နော်...

တာ့တာ^^

3 comments:

Anonymous said...

Candy ရေ Batiste Dry Shampoo ဘယ်က၀ယ်ရလဲဟင်

Candy said...

Hi sis, if you are in Singapore, can buy at watson or guardian. If you are in Yangon, my sister said can buy from online fb page ^_^

Anonymous said...

Thanks for your info Sis Candy. I'm in Singapore.