Sunday, November 29, 2015

ရွှေတိဂုံ

မနက်မိုးလင်း အိပ်ယာနိုးတာနဲ့ ခြံထဲမှာ တံမြတ်စည်းလှည်းတဲ့ အသံကြားတယ်။ ထွက်ကြည့်တော့ အဖေသစ်ရွက်ခြောက်တွေ လှဲနေတာ။ အိမ်မှာမွေးထားတဲ့ "ဂုတ်ကြား"နဲ့ "မဲတင်"က သူ့နားမှာ ဆော့နေကြတယ်။ ခွေးလေးတွေ နာမည်ကလည်း ပေးထားတာ ရီရတယ်။ လမ်းဘေးက ခွေးပေါက်လေးတွေ ကြည့်မယ့်သူ မရှိလို့ ခေါ်မွေးထားတာတဲ့။




ဂုတ်ကြားက ကြောက်တတ်ပေမယ့် သူစိမ်းဆိုဟောင်တယ်။ ပြီးရင် ထွက်ပြေးတာ ဟဟ(xD)။ မဲတင်ကတော့ သူစိမ်းဆိုလည်း ဖော်ရွေတာပဲ။ လူမကြောက်ဘူး။ မဲတင်က လူနားကပ်တော့ မဲတင်ကိုပွတ်ပေးရင် ဂုတ်ကြားက မနာလိုဘူး။ အကိုင်လည်း ခံချင်တယ်။ ကြောက်လည်း ကြောက်တတ်တယ်။ သူ့ကိုကြည့်ပြီး ရီနေရတယ်။


အမေက မနက်စာ တို့ဖူးနွေးလုပ်ကျွေးတယ်။ မုန့်ဟင်းခါးကြိုက်တဲ့ ဧည့်သည်လာမယ်ဆိုတော့ အမေက ဈေးထဲမှာ ဧည့်သည်အတွက် မုန့်ဟင်းခါးသွားဝယ်မယ် လိုက်ခဲ့ဆိုတာနဲ့ လိုက်သွားတယ်။ ဈေးထဲက ဒီမုန့် ၀ယ်ကျွေးတယ်။ "မုန့်ပစ်သလက်" ခေါ်တာလား?? မခေါ်တတ်ဘူး။



ရန်ကုန်ပြန်ရောက်တာနဲ့ ရွှေတိဂုံဘုရားတက်ရမှ။ မနက်စာစားပြီး ဧည့်သည်ပြန်တော့ မိသားစု ဘုရားပေါ်တက်ကြတယ်။ ရွှေသင်္ကန်းကပ်တယ်။ အောင်မြေနင်းတယ်။ ရွှေတိဂုံဘုရားပြီးတော့ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကိုးထပ်ကြီးဘုရား အကုန်ရောက်တယ်။











ညနေခင်းကျတော့ အမေကိုယ်တိုင်လုပ်တဲ့ မုန့်လင်မယားစားတယ်။ အမေခေါ်တာ မုန့်မောင်နှံတဲ့... နုတာ ဟဟဟ(xD)။ ပြီးတော့ အမျိုးတွေအိမ်သွား၊ စကားပြော၊ ညစာစားပြီး ပြန်လာတယ် ဆိုပါတော့ :D

1 comment:

Anonymous said...

ပို့ စ်လေးဖတ်ပြီးရောပျော်သွားတယ်။
မုန့် တွေပိုစားခဲ့နော်။
အိုင်အိုရာ