မနက်အစောကြီးလေဆိပ်ကို ကိုယ်တစ်ယောက်တည်း Taxi စီးသွားတယ်။ Immigration ဖြတ်ပြီးမှ မနက်စာထိုင်စား။ လေယာဉ်ပေါ်မှာ ကျွေးတဲ့ဟာက စားလို့မရလောက်ဘူးဆိုတာ ကိုယ့်ဟာကိုယ်သိတော့ ကိုယ့်ဗိုက်ကိုယ်အရင်ဖြည့်ရတယ်။ စားပြီးသောက်ပြီးတော့ လေယာဉ်ပေါ်တက်တယ်။
ဘေးနားမှာထိုင်တဲ့ Singaporean နဲ့ တလမ်းလုံး စကားတွေ ပြောလာတယ်။ မြန်မာပြည်အကြောင်းတွေရော၊ စင်္ကာပူအကြောင်းတွေရော... သူကတောင် ကိုယ့်ထက် မြန်မာပြည်နိုင်ငံရေး ပိုသိနေတယ်။ ရှက်စရာတော့ ကောင်းသား ဟဟဟ(xD)။ ကန်ဒီ့အကျင့်ကလည်း ကိုယ်စိတ်မ၀င်စားရင် နည်းနည်းလေးတောင် ဗဟုသုတအဖြစ် မဖတ်တတ်တာလေ။ ကန်ဒီ့ကို အတုယူမိရင် မှားမယ် :P
ရန်ကုန်ရောက်တော့ အဖေနဲ့အမေလာကြိုတယ်။ Luggage ထွက်လာတာကိုစောင့်ရတာ Immigration ဖြတ်ရတာထက် ကြာတယ်။ အိမ်ရောက်တော့ မနက်စာထပ်စားတယ်။ အမေ၀ယ်ပေးထားတဲ့ ထန်းသီးမုန့်၊ ငှက်ပျောမုန့်၊ ရေနွေးကြမ်း...
ခဏနားပြီး အမျိုးတွေအိမ် တန်းလည်တယ်။ အဖေ့အမျိုးတွေဆိုတော့ သူတို့ရွှေကူဘက်က ခေါပုတ်နဲ့ ဆီတို့ဖူး ချကျွေးတယ်။ ရွှေကူမျှစ်ချဉ်ခေါက်ဆွဲလည်း ပါတယ်။ အသားနဲ့ဆိုတော့ ကန်ဒီမစားဖြစ်ဘူး။ သူတို့ကျိုက်ထီးရိုးဘုရားဖူးသွားတုန်းက ၀ယ်လာတဲ့ ပဒက်ခေါက်ကြော်လည်း ချကျွေးတယ်... စားလို့အရမ်းကောင်းတယ်။
ပဒက်ခေါက်ကြော်နဲ့ ဗူးသီးကြော်...
ညနေစောင်းတော့ မျက်မမြင်ကျောင်းမှာ အလှူလုပ်ဖို့ သွားစုံစမ်းတယ်။ အဲ့မှာလှူပေးပါဆိုပြီး အမေ့ကိုပြောထားတာ ကြာပြီ။ အမေက ကန်ဒီလာမှ ကိုယ်တိုင်လှူပါဆိုပြီး စောင့်နေတာ ခုမှပဲ လှူဖြစ်တော့တယ်။ ကျောင်းသားတွေနဲ့ ၀န်ထမ်းတွေ စုစုပေါင်း(၂၉၀)လောက်အတွက် မနက်စာနဲ့ သီးသန့်အလှူငွေ လှူခဲ့တယ်။
မျက်မမြင်စာများ...
သားသတ်လွတ်ပဲလှူချင်တာနဲ့ သီးစုံဟင်းပဲလှူဖြစ်တယ်။ အဲ့နေ့ကတော့ အလှူရက် သတ်မှတ်ပြီး ပြန်ခဲ့တာပေါ့။
ဒီနေ့တော့ ဒီလောက်ပဲနော်...
နောက်နေ့မှ ဆက်မယ် :D
3 comments:
စောင့်နေတယ်နော် သမီး
pleasant journey
home sweet home
home is where the heart is
enjoy
W
သကြားလုံးလေး အဖေနဲ့ အမေ ၀ရန်ထိုင်မှာ ထိုင်နေတဲ့ မြင်လိုက်တာ ချက်ချင်းကြီး အိမ်ပြန်ရောက်သွားသလို ခံစားရတယ်။ အိမ်မှာလည်း အဲလို ထိုင်ခုံအပြာရောင်လေးနဲ့ ၀ရန်တာလေးမှာ ထိုင်နေကျ။
Post a Comment