Friday, December 25, 2015

Christmas Party 2015

ပြီးခဲ့တဲ့အပတ်က စာမရေးဖြစ်ဘူး။ ခရစ်စမတ်အတွက် လက်ဆောင်တွေဝယ်... လက်ဆောင်တွေထုတ်နဲ့ မအားလို့လေ။ နှစ်တိုင်းခရစ်စမတ်ဆို ကန်ဒီ အလုပ်ကလူတွေကို လက်ဆောင်တွေပေးဖြစ်တယ်။ ဘာရယ်မဟုတ်ဘူး။ ကန်ဒီကိုက သူများကို လက်ဆောင်ပေးရတာ ပျော်လို့လေ။


ခါးတောင်ညောင်းတယ်။ အဲ့ဒါတွေ ထိုင်ထုတ်တာ ဟဟဟ(xD)။ အလုပ်က Christmas Party မှာ ဆု(၃)ခုရတယ်။ Top Smiler award, Best Attendance award and Most Passionate Pharmacy Techinican award... Yayyyy (^_^)။ ကန်ဒီ့ကို ခေါ်တာ "Candy ma" တဲ့... အလုပ်က မြန်မာအစ်မကြီးတစ်ယောက်က ကန်ဒီ့ကို "ကန်ဒီမ" ခေါ်တာနဲ့ သူတို့ပါ လိုက်ခေါ်တာ xD



Best Attendance award...

Most Passionate Pharmacy Technician award...

Top Smiler award...

Christmas theme လေးနဲ့ ကိုက်အောင် Dress အနီလေးတော့ ၀တ်သွားပါတယ်။ ဒါပေမယ့် ကိုယ်က Dress ၀တ်လေ့ဝတ်ထမရှိတော့ မ၀တ်ရဲတာနဲ့ အပေါ်က ရှပ်အကျီကြီးထပ်ဝတ်ထားတယ်။ ဟဟဟ... အဲ့လို လှချင်တာတော့ လှချင်တယ်။ ပြီးတော့ ရှပ်အကျီနဲ့ ပုံမလာ ပန်းမလာဖြစ်သွားတယ် xD





သူများလက်ဆောင်တွေနဲ့ အမှတ်တရ...

ကန်ဒီရတဲ့ လက်ဆောင်တွေ...

A very Merry Christmas to you everyone :)

Sunday, December 13, 2015

ကထိန်အလှူ

ဒီနေ့က အဖေတို့ ဗန်းမော်အသင်းကလုပ်တဲ့ ကထိန်အလှူ... သန်လျင်က ဘုန်းကြီးကျောင်းကို မနက်စောစောထသွားကြတယ်။ အဖေဘက်က အမျိုးတွေနဲ့ ရပ်ဆွေရပ်မျိုးတွေပေါ့။ ဘုန်းဘုန်းတွေကို ဆွမ်းကပ်ပြီးတော့ တရားနာတယ်။






ဦးလေးနဲ့...


အမေက အလှူဟင်းတွေ ကန်ဒီစားမရမှာစိုးလို့ အိမ်ကထမင်းချိုင့်ထည့်လာပေးတယ်။ အလှူသွားတာတောင် အဲ့လိုကိုယ့်ထမင်းချိုင့်နဲ့ကိုယ် ဟဟ(xD)။ ကိုယ့်ဟာကိုယ်လည်း ရီချင်တယ်။ ဒါပေမယ့်ဟုတ်လည်းဟုတ်တာပဲ။ သားသတ်လွတ်ဆိုလို့ ကန်စွန်းရွက်ကြော်တစ်ခုပဲပါတာ... အဲ့ဒါပဲ ကန်ဒီစားလို့ရတယ်။ ကျန်တာ အသားတွေချည်းပဲ။ ကန်ဒီ့ဆုံးဖြတ်ချက်ကို ဘာဆိုဘာမှဝင်မပြောဘဲ ယုံကြည်လက်ခံပြီး အစစအရာရာ လိုက်ပံ့ပိုးပေးတဲ့အမေ့ကို ကျေးဇူးတင်တယ်။

ကြောင်ကလေးက လက်သည်းဝှက်၊ ချောင်းလိုက်ရတဲ့ကြွက်...




အစက အလှူပြီးရင် သန်လျင်ရေလယ်ဘုရားသွားဖူးဦးမလို့ စီစဉ်ထားတာ... နောက်တော့ နေ့လည်နေအရမ်းပူတာနဲ့ မသွားဖြစ်တော့ဘဲ အိမ်ပဲပြန်လာလိုက်တယ်။ ညနေကျတော့ ကန်ဒီ့သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးနဲ့ သွားတွေ့တယ်။ ပြည်သူ့ရင်ပြင်က Myanmar Culture Valley မှာ... အဲ့ဒါအသစ်ဖွင့်တာလို့ ပြောတယ်။ တိတ်တိတ်ဆိတ်ဆိတ်ရှိတယ်။ ပန်းပုလေးတွေ၊ လက်ဆောင်ပစ္စည်းလေးတွေ ရောင်းတယ်။ စားသောက်ဆိုင်တွေလည်း ရှိတယ်။





Potato Break မှာ အာလူးစားပြီး အာလူးဖုတ်တယ်။ ရန်ကုန်ပြန်ရင် တွေ့စရာသူငယ်ချင်းဆိုလို့ သူပဲရှိတယ်။ ဟိုးးးပိစိကွေးထဲက သူငယ်ချင်း။ ဖြစ်ချင်တော့ ကန်ဒီရန်ကုန်ပြန်တဲ့အချိန်က အဖေနဲ့အမေ ညီမလေးမင်္ဂလာဆောင်အတွက် အလုပ်ရှုပ်နေတဲ့အချိန်။ ညဆို ဖိတ်စာမှာ နာမည်တွေကပ်၊ မနက်ဆို ဖိတ်စာလိုက်ဝေနဲ့... မင်္ဂလာဆောင်လုပ်ရတာလည်း မလွယ်ဘူးနော်...


ကန်ဒီကတော့ အပြင်ကပြန်ရောက်တာနဲ့ ရေမိုးချိုး၊ စကားလေးဘာလေးပြောရင်း ဖိတ်စာတွေကူကပ်ပေး... ပြီးရင်အိပ်တာပဲ။ သူတို့ကြည့်တဲ့ ကိုရီုးယားကားတွေလည်း မကြည့်ဖြစ်ပါဘူး။

အိပ်ပြီနော်...