Monday, January 11, 2016

မျက်မမြင်ကျောင်းအလှူ

အချိန်ရှိခိုက် လုံ့လစိုက်ပြီး ကန်ဒီ့ရန်ကုန်ပိုစ့်လေး ပြန်ဆက်လိုက်ဦးမယ်။ ဒီနေ့ကတော့ မျက်မမြင်ကျောင်းမှာ အလှူလုပ်တဲ့နေ့ပေါ့နော်။ ကလေးတွေက ကျောင်းမသွားခင် မနက်စာစားကြတာဆိုတော့ ကန်ဒီတို့သားအမိသုံးယောက် အဲ့ဒီကို မနက်(၈)နာရီလောက် အရောက်သွားကြတယ်။ 


ကျောင်းက ကန်ဒီတို့အိမ်နဲ့ နီးနီးလေးလေ။ ဘယ်ဧည့်သည်မှလည်း မဖိတ်ဘူး။ ကိုယ့်မိသားစုပဲ။ ထမင်းမစားခင် သူတို့က သီချင်းဆိုပြီး အလှူရှင်တွေကို ဆုတောင်းပေးတယ်။ သားသတ်လွတ်သီးစုံဟင်း ကျွေးတယ်။



ကန်ဒီသတိထားမိတာ သူတို့စားနေရင်း ဟင်းကုန်သွားလို့ ဟင်းတောင်းတာ အမှတ်အသားလေးတွေနဲ့... ဥပမာ လက်တစ်ချောင်းထောင်ရင် ထမင်းယူမယ်၊ လက်နှစ်ချောင်းထောင်ရင် ဟင်းယူမယ် ဆိုတာမျိုး။




မနက်ပိုင်းအဲ့ဒါပြီးတော့ အိမ်ပြန်လာတယ်။ ညနေစောင်းကြတော့ ညီမလေးမင်္ဂလာဆောင်ဝတ်စုံ အပ်ထားတာ သွားကြည့်ကြတယ်။ လှတယ်... လေးလည်း လေးတယ်... ဈေးလည်းကြီးတယ် ဟဟ(xD)။ ကန်ဒီမင်္ဂလာဆောင်ဖြစ်ခဲ့ရင် ကိုယ့်စိတ်နဲ့ကိုယ်ဆို အဲ့ဒါမျိုးဆောင်ဖြစ်မယ် မထင်ဘူး။ ဟဟ တွေးပုံက.. မင်္ဂလာဆောင်ဖို့ နေနေသာသာ ရည်းစားတောင် ဘယ်နားနေမှန်းမသိဘူး။ 

ငယ်ငယ်တုန်းက ကိုယ်ကချစ်တဲ့သူထက် ကိုယ့်ကိုချစ်တဲ့သူကို ရွေးချယ်သင့်တယ်လို့ ထင်ခဲ့တယ်။ အသက်ကြီးလာတော့ ကိုယ့်ကိုချစ်တဲ့သူထက် ကိုယ်ကချစ်တဲ့သူက ပိုအရေးကြီးတယ်လို့ ထင်တယ်။ ကိုယ်က မချစ်ပါဘဲနဲ့ ဒီလူရဲ့ကောင်းကွက် ဆိုးကွက်တွေကို ဘယ်လိုသည်းခံနိုင်မလဲ ဟုတ်တယ်မလား?? ကိုယ့်ကိုချစ်တဲ့လူတွေကိုလည်း ကိုယ်ကမချစ်ဘူးဆိုတော့ အပျိုကြီးပဲ ဖြစ်တော့မှာပါ ဟဟဟ xD xD



Junction Square မှာ ရုပ်ရှင်ကြည့်တယ်။ ရုပ်ရှင်မကြည့်ခင် အဲ့နားမှာ ပန်းချီဆွဲတဲ့ ဦးလေးကြီးကို ကန်ဒီ့ဓာတ်ပုံပေးပြီး ကာတွန်းပုံအပ်ထားတယ်။ အဲ့ဒါမျိုးတွေ ကန်ဒီအရမ်းသဘောကျတာ။ ပြီးတော့ စိမ်းလန်းစိုပြေမှာ ညစာစားပြီး ခဏထိုင်တယ်။


ဒီလိုနဲ့ တနေ့တာပြီးပြန်၏။

3 comments:

ငြိမ်းမိန်းကလေး said...

အဲဒိ ကာတွန်းပုံလေး ဘယ်လောက်ပေးရလဲဟင်

ငြိမ်းမိန်းကလေး said...

မွန်မြတ်တဲ့ အလှူအတွက် သာဓု သုံးကြိမ် ခေါ်လိုက်ပါတယ်။ သာဓု သာဓု သာဓု

Candy said...

(၅၀၀၀)ကျပ်ပေးရတယ် ထင်တယ်... သိပ်တောင်မမှတ်မိတော့ဘူး ဟီးးး :P