ရန်ကုန်ပိုစ့်တွေချည်းတင်နေတာနဲ့ လောလောလတ်လတ် ဖြစ်တာလေးတွေကို Update မလုပ်ဖြစ်ဘူး။ ဒီနေ့တော့ ရန်ကုန် Holiday ပိုစ့်လေးတွေ ခဏနားပြီး ဒီရက်ပိုင်းလုပ်ဖြစ်တာလေးတွေနဲ့ ဖြစ်နေတာလေးတွေ ပြန်ရေးမယ်နော်။ စိတ်ကူးပေါက်တာနဲ့ ပုံပြန်ဆွဲဖြစ်တယ်။ ပန်းချီမဆွဲတာ (၆)လလောက်ရှိပြီ။ အမြဲမဆွဲတော့ လက်ရည်လည်း မတက်လာပါဘူး >.<
ရေဆေး...
အိမ်က ညစ်ပတ်အိုးလေးနှစ်ကောင် Marsh Marsh နဲ့ Baby Mallow ကို Grooming သွားလုပ်တယ်။ ခြေထောက်တွေနဲ့ -င်တွေညစ်ပတ်ပေတူးနေလို့လေ။ လက်သည်းခြေသည်းတွေကလည်း ရှည်နေပြီ။ သွားသာသွားရတယ်... တစ်ခါမှ Grooming မလုပ်ဖူးတော့ သူတို့ငြိမ်ငြိမ်နေပါ့မလားလည်း စိုးရိမ်ရသေးတယ်။ မသွားခင် အရင် Appointment ယူရတယ်။ ကိုယ်ကိုယ်တိုင်တောင် Spa တွေ ဘာတွေ တစ်ခါမှမသွားဘူး။ သူတို့ကိုကြတော့ အဲ့လိုဖူးဖူးမှုတ်ထားတာ...
ဟိုရောက်တော့ သူတို့ကိုအဲ့လိုလေး ပက်လက်လုပ်ပြီး သန့်ရှင်းရေးလုပ်တော့ ငြိမ်တော့ငြိမ်ခံရှာတယ်။ သနားလည်း သနားပါတယ်။ အမှန်ကယုန်လေးတွေကို အဲ့လိုပက်လက်လှန်မထားရဘူး။ အဲ့လိုထားပြီးမလုပ်ရင်လည်း သူတို့က ငြိမ်ငြိမ်နေမှာမဟုတ်ဘူး။ ညစ်ပတ်နေတဲ့ အမွှေးလေးတွေဖယ်တာနဲ့ ဘာနဲ့ နာတော့နာမှာပဲ။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ အဲ့လိုမှ သန့်ရှင်းရေးမလုပ်ရင်လည်း အချိန်ကြာတာနဲ့အမျှ ညစ်ပတ်နေတဲ့အမွှေးတွေထုံးပြီး ပိုဆိုးသွားမယ်။
1 comment:
Wow, so lucky bunnies. they got the best mother on earth.
the artist mom don't even have time to paint...
well, you have the kindest heart
W
Post a Comment