Wednesday, January 20, 2016

ROM

ဒီနေ့က ကန်ဒီ့ညီမလေး တရားရုံးမှာ လက်မှတ်ထိုးတဲ့နေ့... မနက်စောစော ညီမလေးကို အလှပြင်ဆိုင်က သွားခေါ်... ပြီးတော့ နှစ်ဖက်မိဘတွေနဲ့ ပျော်ပျော်ပါးပါး တရားရုံးသွားကြတယ်။ ကန်ဒီကတော့ ကင်မရာမန်းပေါ့။


 
ဖြစ်ချင်တော့ ကျေးဇူးရှင်မမလေးက တရားရုံးသွားလက်မှတ်ထိုးတာ မှတ်ပုံတင်အိမ်မှာ ကျန်ခဲ့တယ်။ တရားရုံးရောက်ခါနီးမှ သတိရပြီး ငိုရသေးတယ်။ မှတ်မှတ်ရရတော့ ဖြစ်သွားတာပေါ့ ဟဟ(xD)။ ရန်ကုန်မှာ ကားပိတ်တာလည်း သိတဲ့အတိုင်းဆိုတော့ ပြန်လှည့်ပြီး ယူဖို့ကလည်း မလွယ်... ရှေ့နေနဲ့ချိန်းထားတဲ့အချိန်ကလည်း ကွက်တိဖြစ်နေပြီဆိုတော့ ဒီတိုင်းပဲ သွားလိုက်ကြတယ်။ မှတ်ပုံတင်မပါပေမယ့် အဆင်ပြေသွားပါတယ်။ တော်သေးလို့...


 

အမယ်.. သူတို့က ဒီလိုတရားရုံးက လမ်းလျှောက်ထွက်လာတဲ့ပုံကို ရိုက်ချင်သေးတာ။ သူတို့ဆိုတာ သတို့သားနဲ့ သတို့သမီးလို့ မထင်လိုက်နဲ့။ အဖေနှစ်ယောက် ဟဟဟ xD

ကင်မရာမန်းလက်ရာ လှတယ်တော့ လုပ်လိုက် xD

Camera man selfie ^_^

ဒါက မနက်ပိုင်း... ညနေပိုင်းကျတော့ ကန်ဒီတို့အလုပ်ကနေ ထွက်သွားပြီး မြန်မာပြည်အပြီး ပြန်သွားတဲ့ သူငယ်ချင်းနဲ့ သွားတွေ့တယ်။ သူကတော့ သတ္တိရှိတယ်။ အဲ့လိုပြန်နိုင်တယ်။ ကန်ဒီကတော့ ခုထိ ကလေးလိုပဲ။ အနာဂတ်အတွက် ဘာမှမစဉ်းစားဘူး။ ရန်ကုန်ပြန်ပြီး ဘာလုပ်မယ် ညာလုပ်မယ်ဆိုတာတွေ ခုထိမတွေးသေးဘူး။ တခါတလေလည်း ကိုယ့်ကိုကိုယ်အားမရဘူး။ အမှန်အတိုင်းပြောရရင် ခုထိ ရန်ကုန်အပြီးပြန်ဖို့ အစီအစဉ်မရှိသေးဘူး။



တော်ဝင်စင်တာက Moon Bakery မှာ... ကင်မ်ချီထမင်းကြော်ကို သားသတ်လွတ်လုပ်ပေးပါ Request လုပ်ပြီး စားတယ်။ ပြီးတော့ ဟိုကြည့်ဒီကြည့်နဲ့ တော်ဝင်စင်တာကို တစ်ပတ်ပတ်ပြီး အိမ်ပြန်လာတယ် ဆိုပါတော့...

6 comments:

Wai Wai Htun said...

ကန်ဒီလေးရေ
ဓါတ်ပုံတွေ လှတယ် ကင်မရာမင်း တော်တယ်လို့ လာပြောတာ

Candy said...

ဟီးဟီး.. ကျေးဇူး အစ်မ

ဆုမြတ်မိုး said...

rom ဆိုတော့ ကန်ဒီ့ rom လားလို့ :P

မိုးသက် said...

ကင်မာမန်းလည်း အားကျနေတယ်တော့ ထားလိုက် :v :v
အေးပေါ့လေ.. "ဘယ်ဘွားရဲ့ ဝတ်ကျွေးဒွေဂ" လို့ ကလေးသံလေးနဲ့ ဆိုဦးပေါ့ :P
(မမေ့သေးကြောင်းပြတာ)

Iora said...

ကင်မရာမန်းတော်တယ်လို့ ...
မမအိုင်အိုရာ

Anonymous said...

cameragirl is the cutest
are you in Burma?
W