Hello...
ဒီနေ့တော့ ပိုစ့်လည်းတင်ချင်တယ်၊ အလုပ်တွေရှုပ်နေတာရော ပျင်းတာရောနဲ့ပေါင်းပြီး ဓာတ်ပုံတွေနဲ့ အစားအသောက်ပိုစ့်လေးပဲ တင်မယ်နော်။ ကန်ဒီ အလုပ်သွားရင် ထမင်းဗူး အမြဲထည့်တယ်။ နေ့တိုင်းတော့ ဟင်းမချက်ဖြစ်ပါဘူး။ အထားခံတဲ့ဟင်းမျိုးဆို တခါချက်ရင် များများချက်ပြီး နှစ်ရက်လောက်စားတယ်။ အရွက်တွေဘာတွေကတော့ ဘာမှသိပ်မကြာဘူးဆိုတော့ စားမယ်ဆိုမှ ကြော်တယ်။
ခ၀ဲသီးပဲကြာဇံဟင်း၊ အစိမ်းကြော်နဲ့ မျှစ်ကြော်...
ဟင်းနုနွယ်ကြော်၊ ရွှေဖရုံသီးဟင်း၊ ပုန်းရည်ကြီး၊ ပဲနီလေးဟင်းချိုနဲ့ အာလူးဟင်းအခြောက်ကြော်
အဲ့နေ့ကဘယ်လိုဖြစ်လို့ဟင်းတွေများသွားလဲ မသိဘူး ဟဟ။ အာလူးကိုအဲ့လိုကြော်တာ ကန်ဒီအရမ်းကြိုက်တယ်။ မြန်လည်းမြန်တယ်။ အာလူးကိုအတုံးလေးတွေလှီးပြီး ဆား၊ မဆလာ၊ ကုလားအမွှေးအနံ့အမှုန့်တွေနဲ့ နယ်ထားတယ်။ ပြီးတော့ ကြက်သွန်နီကိုနနွင်းနဲ့ ဆီသတ်၊ နယ်ထားတဲ့ အာလူးထည့်၊ ရေထည့်လိုက်ရုံပဲ။ ရေခမ်းလို့ အားလုံးပြီးရင် ပျဉ်းတော်သိမ်ရွက်လေး အုပ်တယ်။ ရွှေဖရုံသီးဟင်းကလည်း ကန်ဒီအပျင်းထူရင် ချက်တဲ့ဟင်း ဟဟ။ ဆီသတ်ပြီး ရွှေဖရုံသီးနဲ့ ရေနဲ့ဆားထည့်လိုက်တာ။ သူ့ထက်လွယ်တာတောင် သူ့လောက်မလွယ်ဘူး ဟဟဟဟ xD
ပဲကုလားဟင်း...
ဒါက ပဲကုလားဟင်းချက်တုန်းက။ ကုလားပဲကို ပြုတ်ပြီး မညက်တစ်ညက်ချေတယ်။ သစ်ဂျပိုးခေါက်၊ ကရဝေးရွက်၊ ဖာလာစေ့၊ လေးညှင်းတို့နဲ့ ဆီသတ်တယ်။ ပြီးတော့ ပဲထည့်၊ အဲ့ဒီပဲများများထဲကို အာလူးနဲ့ မုန်လာဥထည့်တယ်။ မဆလာထည့်တယ်။ နောက်ဆုံး ပျဉ်းတော်သိမ်ရွက် အုပ်တယ်။ သီးစုံချဉ်ဟင်းချက်ရင်ကြတော့ ပဲအဲ့လောက်များများမထည့်ဘူး။ မန်ကျည်းရည်ထည့်တယ်။ ဟင်းသီးဟင်းရွက်များများထည့်တယ်။ သီးစုံဟင်းထဲကြတော့ ပျဉ်းတော်သိမ်ရွက် မအုပ်ဘူး၊ နံနံပင်အုပ်တယ်။
သီးစုံချဉ်ဟင်း၊ အစိမ်းကြော်နဲ့ အာလူးဟင်း...
ဟိုအပတ်က Thai Green Curry စမ်းချက်ကြည့်တယ်။ ဒီဟင်းက
ထိုင်းဟင်းဆိုတော့ ထုံးစံအတိုင်း စပါးလင်၊ ဂျင်း၊ ရှောက်ရွက်နဲ့
နံနံ့ပင်အနံ့တွေကို အသားပေးထားတယ်။ အဲ့ဒါတွေအားလုံးကို သံပရာသီးညှစ်ပြီး
Blender ထဲထည့်မွှေ၊ ပြီးတော့ ကြက်သွန်နီဆီသတ်ထားတဲ့အထဲထည့်၊ ပြီးရင်
ကိုယ်ကြိုက်တဲ့ ဟင်းသီးဟင်းရွက်တွေထည့်၊ အုန်းနို့နည်းနည်းထည့်၊ ဒါပဲ။
အဲ့နေ့က ဂေါ်ရခါးသီးလည်း ကြော်တယ်။ တရုတ်နံနံအုပ်တယ်။
Thai Green Curry...
အာလူးထမင်း...
Grocery...
ထမင်းသုပ်...
မုန့်ဖတ်သုပ်...
ထမင်းသုပ်...
ကန်ဒီဟင်းချက်ရမှာပျင်းရင် ထမင်းသုပ်တို့၊ မုန့်ဖတ်သုပ်တို့၊ လက်ဖက်ထမင်းတို့စားတယ်။ ဂေါ်ဖီနဲ့ ခရမ်းချဉ်သီးက ကန်ဒီအသုပ်သုပ်ရင်ထည့်တဲ့ Main Ingredients (:D)။ တခါတလေကျတော့ ခေါက်ဆွဲကြော်တယ်၊ ကြာဇံကြော်တယ်။
Fried Kway Teow...
ခရမ်းသီးနှပ်နဲ့ ပဲပင်ပေါက်ကြော်ကလည်း ကန်ဒီခဏခဏချက်တဲ့ ဟင်းတွေပဲ။ ပဲပင်ပေါက်ကြော်ကို မန်ကျည်းသီးအချဉ်ရည်နဲ့ ဆလတ်ရွက်လေးနဲ့ဆို ပိုကြိုက်တယ်။ အပျင်းဆိုတော့ အချဉ်ရည်လည်း မဖျော်ဖြစ်ပါဘူး xD
Good Night^^