ဒီနေ့တော့ ရန်ကုန်ပိုစ့်လေး ပြန်ဆက်ရအောင်နော်။ ပြီးခဲ့တဲ့ပိုစ့်မှာ ROM ပြီးသွားပြီဆိုတော့ ဒီပိုစ့်က ညီမလေး မင်္ဂလာဦးဆွမ်းကျွေးတဲ့နေ့ပေါ့။ ညီမလေးဆိုတာ ထည့်ပြောရတယ်။ ပြီးခဲ့တဲ့ပိုစ့်တုန်းက ROM ဆိုလို့ ကန်ဒီ့ ROM ထင်နေကြတယ် ဟဟ xD
ညီမလေးကိုမိတ်ကပ်ပြင်ပေးဖို့ ခေါ်ထားတဲ့အန်တီက မနက်အစောကြီး ရောက်လာတယ်။ အမေက ကန်ဒီ့ကိုပါ တခါတည်းပြင်လိုက်ပါလားဆိုတော့ မပြင်ပါဘူး... ကိုယ်မင်္ဂလာဆောင်တာမှ မဟုတ်တာ၊ အဲ့လောက်မလိုဘူးလို့ ပြောရတယ် ဟဟ။ ကိုယ့်မျက်နှာ ကိုယ့်ဟာကိုယ်ပဲ ပြင်တယ်။ အမေကတော့ သတို့သမီးအမေဆိုတော့ ညီမလေးနဲ့အတူ တခါတည်းပြင်တယ်။
မေမေလှလှ ပဲပဲ :P
ညီမလေးနဲ့...
အမေ၊ ညီမလေးနဲ့ ကန်ဒီ...
ဒါကန်ဒီတို့ကို ဟိုးးးငယ်ငယ်လေးကတည်းကနေစပြီး (၁၀)တန်းအထိ အင်္ဂလိပ်စာသင်ပေးခဲ့တဲ့ တီချယ်။ ကန်ဒီမူကြိုစတက်တော့ ကန်ဒီနေတဲ့မူကြိုက ခရစ်ယာန်တွေသင်တဲ့ အင်္ဂလိပ်ကျောင်း၊ A B C D ပဲသင်တယ်၊ ကကြီး ခကွေး မသင်ဘူး။ အဲ့မှာ အင်္ဂလိပ်နာမည်လည်းပေးရမယ်ဆိုတော့... "Candy" ဆိုတဲ့နာမည်ကို တီချယ်ပဲ ပေးခဲ့တာ။ ဒီလိုနဲ့ ကန်ဒီဆိုတဲ့နာမည်ဖြစ်ပေါ်လာတယ် ဆိုပါတော့ :D
ဒါကတော့ ကန်ဒီတို့ညီအစ်မ(၃)ယောက်ရဲ့ ဖူးဖူးမှုတ်ထားတဲ့ တစ်ဦးတည်းသော ၀မ်းကွဲမောင်လေး။ ကိုယ်တွေက မိန်းကလေးတွေချည်းပဲဆိုတော့ ၀မ်းကွဲအစ်ကိုတွေ၊ မောင်တွေကို သိပ်ချစ်ကြတယ်။ အမေကလည်း သားမရှိတော့ သူ့ကိုချစ်တယ်။
နောက်ဆုံး သတို့သားနဲ့ သတို့သမီးလည်း ဓာတ်ပုံရိုက်ရလွန်းလို့ ခြေကုန်လက်ပန်းကျပြီး မပြုံးနိုင်တော့ဘူး ဟဟ။ အဲ့နေ့ကတော့ သူတို့လည်း ပင်ပန်းတယ်။ ကန်ဒီလည်း ပင်ပန်းတယ်။ ကန်ဒီက ပျင်းပြီး ပင်ပန်းတာ ဟဟဟဟ xD
Good Night ^^
2 comments:
ကန်ဒီတို့ ညီအမတွေအားလုံးချစ်စရာလေးတွေနော်။
ကန်ဒီ့ ပွဲ ပုံလေးတွေလည်း ဘယ်တော့မြင်ရမလဲလို့ ။
မမအိုင်အိုရာ
1. Candy you are so pretty
2. wow your sister is a medical doctor ( doesn't mean that she is better than you, but I am glad that your parents have a doctor in the family. and her fiance is a doctor and good looking guy
3. their wedding is simple and without unnecessary extravaganza
4. you have the right name given by your teacher
you are sweeter than honey
W
Post a Comment