Monday, February 8, 2016

Vegan Breakfast Ideas

ကန်ဒီ သားသတ်လွတ်စ,စားကတည်းက ကန်ဒီဘာတွေစားလဲ၊ အာဟာရမှ ဖြစ်ရဲ့လားဆိုပြီး ချစ်လို့စိုးရိမ်စိတ်နဲ့ မေးတတ်တဲ့သူတွေအတွက် ကန်ဒီစားတတ်တာလေးတွေကို ပိုစ့်လေးတွေတင်မယ်လို့ ဆုံးဖြတ်ထားတယ်။ နောက်ထပ် အရေးကြီးတဲ့ရည်ရွယ်ချက်တစ်ခုက သားသတ်လွတ်စားတာကို ခက်တယ်လို့ ထင်နေတဲ့သူတွေအတွက် ဘာတွေစားနိုင်တယ်ဆိုတဲ့ Option လေးတွေကို သိစေချင်လို့ပါ။

(၂၀၁၅) သြဂုတ်လလောက်မှာ ကန်ဒီ "Pescatarian" စပြောင်းတော့ ပိုစ့်လေးတစ်ခါတင်တယ်။ အဲ့နောက်ပိုင်း အစားအသောက်နဲ့ပက်သက်ပြီး ပြောင်းလဲတာတွေကို ပိုစ့်သီးသန့်မတင်ဖြစ်တော့ဘူး။ အဲ့ကနေ တစ်လနေတော့ "Vegetarian" ဖြစ်တယ်။ နောက်ဆုံး (၂၀၁၅) အောက်တိုဘာလမှာ လုံးဝ "Vegan" အဖြစ်ပြောင်းလိုက်တယ်။ တိရိစ္ဆာန်ညှင်းဆဲမှုနဲ့ ပက်သက်တာတွေ အကုန်ရှောင်တယ်... အသား၊ ငါး အပြင် ကြက်ဥ၊ နွားနို့ပါ ရှောင်တယ်။ ကန်ဒီသားသတ်လွတ်စားတာကို တချို့တွေက ဘာသာရေးအရလို့ ထင်တယ်။ တကယ်က မဟုတ်ဘူး... တိရိစ္ဆာန်တွေအတွက် ကန်ဒီသားသတ်လွတ်စားတယ်။ သားသတ်ရုံတွေကို Support မလုပ်ဘူး။ အပြင်မှာဆိုရင် ကန်ဒီဒါတွေပြောဖြစ်မှာ မဟုတ်ပေမယ့် ကန်ဒီ့ဘလောဂ်လေးမှာတော့ ကန်ဒီရေးချင်တယ်။ Animal Cruelty နဲ့ပက်သက်ပြီး ကန်ဒီသိသလောက် ပြောပြချင်တယ်။ Open-minded ဖြစ်တဲ့ စာဖတ်သူတွေအတွက် စဉ်းစားစရာတွေ ပေးချင်တယ်။ ကန်ဒီရေးဖူးတဲ့ ဒီပိုစ့် လေး ဖတ်စေချင်တယ်။

ကန်ဒီကြားဖူးတာ မနက်စာကို ဘုရင်တစ်ပါးလို ၀၀လင်လင် စားရတယ်တဲ့။ အလုပ်မသွားခင် မနက်စာစားဖို့ကို အမြဲနာရီဝက်အချိန်ပေးတယ်။ မနက်စာကို အေးအေးဆေးဆေးစားပြီးမှ အလုပ်သွားတယ်။ အိပ်ယာထနောက်ကျပြီး မနက်စာစားဖို့အချိန်မရှိရင် လူကတနေ့လုံး စိတ်ကမကြည်တော့ဘူး။




အလုပ်သွားတဲ့နေ့တွေဆို ကန်ဒီအလွယ်စားဖြစ်တာက ပေါင်မုန့်။ ပေါင်မုန့်မီးကင်ကို Peanut Butter နဲ့ Jam သုတ်တယ်။ ပြီးတော့ ဆတ်လတ်ရွက်ရှိရင် အရွက်ထည့်တယ်။ ကော်ဖီကို ပဲနို့နဲ့ဖျော်တယ်။ နို့ဆီနေရာမှာ ပဲနို့အစားထိုးတယ်။ Peanut Butter နဲ့ ပဲနို့ကနေ Protein နဲ့ Calcium ရတယ်။ တွေ့ရာ ပေါင်မုန့်တိုင်းတော့ စားလို့မရဘူး။ တချို့ပေါင်မုန့်တွေက နို့ပါတယ်။ Ingredient List ကို ဖတ်ပြီးမှ ၀ယ်တယ်။ ဒါက ကန်ဒီစားလို့ရတဲ့ ပေါင်မုန့်...


တချိန်က ယုန်လူဆိုးနှစ်ကောင် Attack လုပ်ခံရတုန်းက ကန်ဒီ့ပေါင်မုန့်ဘ၀။ ပေါင်မုန့်မရှိရင် ကန်စွန်းဥကို Oven နဲ့ မီးဖုတ်ပြီး စားတယ်။ ပဲနို့ကုန်နေရင် Black Coffee ပေါ့။ Supermarket တွေမှာ Vegetarian Prata ရှိတယ်။ စားမယ်ဆို မီးဖိုပေါ်တင်လိုက်ရုံပဲ... အရမ်းလွယ်တယ်။ နောက်နေ့ ပလာတာစားမယ်ဆို အာလူးကို ကုလားလိုမဆလာလေးနဲ့ ကြော်ထားတယ်။ Curry Leave ရှိရင် ထည့်တယ်။ အဲ့ဒါနဲ့ ပလာတာနဲ့ အရမ်းလိုက်တယ်။



ပိတ်ရက်တွေဆို ဆီထမင်းလုပ်စားတယ်။ ဒါမှမဟုတ် ပဲပြုတ်နဲ့ ထမင်းကြော်စားတယ်။ ဟိုတလောက City Hall ရောက်တော့ သားသတ်လွတ်မုန့်ဟင်းခါးတွေ့တာနဲ့ မုန့်ဟင်းခါးချက်စားတယ်။ အရမ်းးးးစားကောင်းတယ်။ ကန်ဒီမုန့်ဟင်းခါးချက်ရင် ကုလားပဲပြုတ်ထားတာလေးကို ချေပြီးထည့်တတ်တယ်။ အနှစ်ပြစ်ပြစ်လေး ကြိုက်လို့လေ...



မျောက်အုန်းသီးရတဲ့ရုပ်...


Happy Holiday everyone!!!

4 comments:

နန်း ရွှေမှုံ said...

အားကျတယ်ကန်ဒီရေ... နန်းလဲ သားသတ်လွတ်စားချင်တယ်။ စားလဲစားနေပါတယ်။ ဘာလို့စားလဲဆိုတော့ စားချင်လို့စားတယ်လို့ပဲဖြေလိုက်တယ်။ ဒါပေမဲ့လဲလေ သမီးလေးက မသန်မစွမ်းလေးဆိုတော့ အာဟာရမပြည့်ပဲနေမလားဆိုပြီး ကြက်ဥတို့ နွားနို့တို့ ငါးတို့တော့ စားနေရတုန်းပဲ။း)

Anonymous said...

I HAVE NO WORDS TO DESCRIBE HOW TALENTED AND CREATIVE YOU ARE.
YOU ARE AN ANGEL.
W

Ma Tint said...

တီတင့်လည်း အလုပ်တွေများနေလို့ ပို့စ်ကြွေးလေးတွေ အခုမှဖတ်ဖြစ်တော့တယ် သကြားလုံးလေးရေ

Anonymous said...

ကန်ဒီလေးလုပ်စားထားတာလေးတွေကလည်းစားချင်စရာ။
မမအိုင်အိုရာ