စာမရေးတာကြာလို့ ဘလော့ဂ်ကိုလာလည်တဲ့ ဧည့်သည်တွေတောင် နည်းသွားပြီထင်တယ်။ ဒီလကတော့ တော်တော်ရှုပ်တဲ့လဆိုတော့ ဒီဘက်ကို မလှည့်နိုင်ဘူး။ တနင်္ဂနွေပိတ်ရက်တွေဆိုလည်း ရတဲ့အချိန်လေးမှာ အိမ်သန့်ရှင်းရေးနည်းနည်းစီ လုပ်နေတယ်။ ပြောင်းမယ့်သူတွေနဲ့ ပြောင်းလာမယ့်သူအတွက်လေ။ လကုန်မှ အားလုံးပေါင်းလုပ်ဆို လူအရမ်းပင်ပန်းမှာ။ ဒီကြားထဲ သင်္ကြန်နီးပြီဆိုတော့ ထုံးစံအတိုင်း က,ဖို့ခေါ်ပြီလေ။ နှစ်တိုင်းလိုလိုက,တာ ဒီနှစ်တော့ မက,တော့ဘူး... အိမ်ကိစ္စနဲ့ ဘာနဲ့ဆိုတော့ သွားပြီးလည်း အကမတိုက်နိုင်ဘူးဆိုပြီး ပြောထားတာ ဆရာမက ကိစ္စမရှိဘူး.. တနင်္ဂနွေတစ်ရက်ပဲ စာသင်ပြီးရင် အကတိုက်။ က,ရင်ပြီးတာပဲတဲ့ >.<
Thingyan 2015...
ဆရာမခေါ်တာရော၊ သင်္ကြန်ပိုးက မသေးတာရောနဲ့ အလုပ်ရှုပ်တဲ့ကြားက က,ဖြစ်သွားပြန်ရော။ စင်္ကာပူသင်္ကြန်က ဧပြီ(၁၀)ရက်နေ့ အခုမှတစ်ရက်ပဲ အကတိုက်ရသေးတယ်။ ကန်ဒီတို့အိမ်နားမှာ ယုဇနပန်းရုံလေးတွေ ရှိတယ်။ အရမ်းမွှေးတာပဲ။ ယုဇနပန်းနံ့ကို အရမ်းကြိုက်တယ်။
ဒီရက်ပိုင်း စာတွေပြန်ဖတ်တယ်။ အမှန်က ဘာမှမဟုတ်ဘူး။ ကိုယ်က Trainer ဆိုတော့ သူများကို စာတွေ အသားကုန်မေးတယ်။ ကိုယ်မေးပြီးရင် ကိုယ်ကိုယ်တိုင်လည်း ဂဃနဏ သိအောင်ပြန်ဖတ်တယ်။ ကိုယ်လိုချင်တဲ့အဖြေ မရမချင်းလည်း မေးတယ် ဟဟဟ(xD)။ ကိုယ်မေးတာ မသိရင် "Find out and get back to me tomorrow, ok?" xD ကန်ဒီ Train လုပ်တဲ့သူလည်း တော်တော်စိတ်ညစ်နေလောက်ပြီ။ အဖြေကို ပြောပြတာက လွယ်လွယ်လေး။ ဒါပေမယ့် အဲ့လိုပြောပြရင် ပြောတုန်းခဏပဲ မှတ်မိတာ.. ပြီးရင် မေ့သွားရော။ ဆိုတော့ သူတို့ဟာသူတို့စာဖတ်ပြီး အဖြေသိတာမျိုးက ပိုကောင်းတယ်။
အိပ်တော့မယ်နော်...
ဘုန်းကြီးကျောင်းမသွားခင်ပုံ...
နှင်းဆီပန်းတွေ့တော့လည်း မနေနိုင်ဘူး။ ဘုရားပန်းကပ်ဖို့ ၀ယ်ခဲ့တယ်။
ဒီရက်ပိုင်း စာတွေပြန်ဖတ်တယ်။ အမှန်က ဘာမှမဟုတ်ဘူး။ ကိုယ်က Trainer ဆိုတော့ သူများကို စာတွေ အသားကုန်မေးတယ်။ ကိုယ်မေးပြီးရင် ကိုယ်ကိုယ်တိုင်လည်း ဂဃနဏ သိအောင်ပြန်ဖတ်တယ်။ ကိုယ်လိုချင်တဲ့အဖြေ မရမချင်းလည်း မေးတယ် ဟဟဟ(xD)။ ကိုယ်မေးတာ မသိရင် "Find out and get back to me tomorrow, ok?" xD ကန်ဒီ Train လုပ်တဲ့သူလည်း တော်တော်စိတ်ညစ်နေလောက်ပြီ။ အဖြေကို ပြောပြတာက လွယ်လွယ်လေး။ ဒါပေမယ့် အဲ့လိုပြောပြရင် ပြောတုန်းခဏပဲ မှတ်မိတာ.. ပြီးရင် မေ့သွားရော။ ဆိုတော့ သူတို့ဟာသူတို့စာဖတ်ပြီး အဖြေသိတာမျိုးက ပိုကောင်းတယ်။
အိပ်တော့မယ်နော်...
3 comments:
ဟုတ်တယ် သကြားလုံးလေး မရေးတာကြာပြီ ဒီလမှာ တစ်ပုဒ်ထဲဖတ်လိုက်ရသေးတယ် ^_^
သင်္ကြန်ပိုးရှိတာဝမ်းသာပါတယ် ဒါကြောင့်အခုပို့စ်လေးဖတ်ခွင့်ရတာပေါ့ :)
သတိယလျှက်
တီတင့် ^_^
ဟုတ်ပါ့ ကန်ဒီရေ။
ဒီနေ့ ကိုယ်လည်းသင်တန်းတစ်ခုတက်ရတယ်။
အဖြေပြောပြတော့ အဲတုန်းက ဟုတ်သလိုလိုပဲ နောက်ပြန်ဖတ်တော့
မမှတ်မိတော့ဘူး။
ဒါပေမဲ့ ကိုယ်တို့ ကတော့ အသက်ကြီးပြီဆိုတော့ စာတွေအရမ်းပြန်မဖတ်ချင်တော့ဘူးနော်။
မမအို်င်အိုရာ
your training method is correct
let them read and think first
then you clarify and guide them
Candy , you always impress me
W
Post a Comment