Saturday, April 30, 2016

Dancing Videos!!

သင်္ကြန်နေ့က ကန်ဒီတို့ က,ထားတာကို YouTube မှာ သူများတင်ထားတာလေး အမှတ်တရ ပြန်ရှယ်ပါရစေနော်... အမှားပါတာလေးတွေ တွေ့ရင်လည်း မသိချင်ယောင်ဆောင်ပြီး ကြည့်ပေးပါလို့ xD

ကိုကိုသင်္ကြန်ချစ်ဦး..

 ပန်းပေါင်းဝေဆာ...

မန်းတောင်ရိပ်ခို အပိတ်သီချင်း...

မန်းတောင်ရိပ်ခိုသီချင်းက ကြိုတိုက်ထားတာမဟုတ်ဘူး။ အပိတ်ဆိုတော့ အားလုံးနဲ့တူတူ တက်က,ကြတာ။ ဆရာမက,သလို လိုက်က,ကြတာ။ အားလုံးတူတူက,ကြတော့ ပျော်ဖို့ကောင်းတယ်။

ဗွီဒီယိုလေးကြည့်ပြီး အားပေးတယ်ဆို ကျေးဇူးတင်ပါတယ်နော်...

Sunday, April 17, 2016

Topayoh Thingyan 2016

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ပါနော်။ နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ မနက်စောစော ဈေးသွားပြီး ဘုရားပန်းနဲ့ သစ်သီးဝယ်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့မှ ဆိုင်ကပန်းတွေက အရင်ကနဲ့မတူ လန်းလို့...


ကန်ဒီမအားတာ အားလုံးသိပြီးသားဆိုတော့ စာမရေးရခြင်းအကြောင်းလည်း ရှင်းပြဖို့မလိုတော့ပါဘူး ဟဟ(xD)။ ဒီနေ့တော့ သင်္ကြန်တုန်းက ပုံလေးတွေတင်မယ်နော်။ ကန်ဒီက,တဲ့ တိုပါးရိုးသင်္ကြန်က (၁၀)ရက်နေ့... မနက်(၇)နာရီခွဲလောက် ဘုန်းကြီးကျောင်းရောက်သွားတယ်။ ကန်ဒီတို့က,တဲ့ မြူမှုန်ဝေကင်းနဲ့ ဖွင့်မှာဆိုတော့ စောစောရောက်အောင် သွားရတယ်။ မိတ်ကပ်ရော၊ ဆံပင်ရော ကိုယ့်ဟာကိုယ် အိမ်ကပဲလုပ်သွားတယ်။


အဖွင့်မြူမှုန်ဝေကင်းကို ချိတ်နဲ့က,တယ်။ အဲ့ဒါက,ပြီးတာနဲ့ တခြားသီချင်းတွေအတွက် အကျီလဲလိုက်တာဆိုတော့ ချိတ်နဲ့ဓာတ်ပုံသိပ်မရိုက်လိုက်ရဘူး။ ဒီနှစ်သင်္ကြန်အရမ်းပျော်တယ်။ ကန်ဒီလာမယ်လို့ မထင်ထားတဲ့သူတွေလာပြီး ကန်ဒီ့ကိုအားပေးကြလို့။ ပထမဆုံးမပြောမဆို ရောက်လာတာက ကန်ဒီအရမ်းခင်တဲ့ အစ်ကိုတစ်ယောက်... သူ့ကိုလာခဲ့ဖို့ဖိတ်ချင်ပေမယ့် သူနောက်နေ့ရန်ကုန်ပြန်ဖို့ ပြင်ဆင်ရမှာဖြစ်နေတာရော... Night Shift က ထွက်လာမှာရောဖြစ်နေလို့ မဖိတ်ဖြစ်ခဲ့ဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူရောက်လာတဲ့အချိန်က ဘုန်းဘုန်းတရားပွဲမို့ နားတဲ့အချိန်။ အဲ့ဒါလည်း တစ်မျိုးတော့ ကောင်းပါတယ်။ ကန်ဒီထွက်တွေ့ပြီး စကားပြောလို့ရတယ်။ က,ရတော့မယ့်အချိန်ဆို ဧည့်သည်လည်း ဧည့်ခံနိုင်မှာမဟုတ်ဘူးလေ။ သူ့ကို မုန့်လုံးရေပေါ်ကျွေး၊ အအေးတိုက်နေတာနဲ့ ရေတောင်မလောင်းလိုက်ရဘူး။ သူလည်းမအားတဲ့ကြားက လာတာဆိုတော့ ခဏပဲနေပြီးပြန်သွားတယ်။

နောက်ရောက်လာတာက ကန်ဒီ့အလုပ်က Colleague နှစ်ယောက်။ သူတို့လာမယ်ပြောတော့ နောက်နေတယ်ပဲထင်တာ။ တကယ်ကြီးရောက်ချလာတယ်။




အမှန်အတိုင်းပြောရရင် ကန်ဒီနဲ့တူတူက,တဲ့သူတွေထဲမှာဆို ကန်ဒီက ဒုတိယအကြီးဆုံး။ ဆရာမတောင် ကန်ဒီ့ထက် (၁)နှစ်ငယ်တယ်(>.<)။ ကန်ဒီ့ဘေးက အ၀ါလေးဆို ကန်ဒီ့ထက်(၁၀)နှစ်ငယ်တယ် OMG!!! ဘာလိုလိုနဲ့ အသက်တွေကြီးလာပြီး >.<


ဆရာမနဲ့...


ကန်ဒီတို့အကျီလေးတွေကို ဆရာမပဲအပ်ပေးတာ။ Designer မပုံ့ဆီမှာ။ အကုန်ကွက်တိပဲ။ ဘာမှပြန်မပြင်ရဘူး။ ချစ်ဖို့လည်းကောင်းတယ်။ ခါးနောက်ကကြိုးလေးကို အရမ်းကြိုက်တယ်။ လက်အဖျား အကျလေးကလည်း က,ရင်ကြည့်လို့ကောင်းတယ်။ ကန်ဒီက,တဲ့သီချင်း(၃)ပုဒ်မှာ နှစ်ပုဒ်က အဲ့ဒီအပြာလေးနဲ့ က,တယ်။



က,တဲ့သူတွေကတော့ ထုံးစံအတိုင်းပွဲသာပြီးသွားတယ်... ဘာမှမစားရဘူးလေ။ သူများတွေလို အထဲဝင်တိုးလို့လဲ မရ။ ရေစိုမှာလည်း ကြောက်ရသေး။ သူများတွေ သွားတိုးပေးပြီး ယူလာကျွေးမှ စားရတဲ့ဘ၀။ အဲ့လိုနဲ့ရထားတဲ့ မုန့်လုံးရေပေါ်နဲ့ အအေးလေးကို ကန်ဒီ့အသိအစ်ကိုလာတော့ သူ့ကိုကျွေးလိုက်တာ ကန်ဒီငတ်တာပေါ့နော့ ဟဟ(xD)။ နောက်တာပါ... နောက်တစ်ထုပ်လာပေးသွားလို့ နည်းနည်းစားလိုက်ရပါသေးတယ်။ အဲ့မှာလည်း ကန်ဒီစားလို့ရတာ မုန့်လုံးရေပေါ်ပဲ ရှိတယ်လေ။ တခြားဘာတွေသားသတ်လွတ်ရှိသေးလဲ ကိုယ်လည်းမကြည့်မိပါဘူး။


ပွဲအပြီး ပဲပေး xD

Happy Myanmar New Year!!