Sunday, May 29, 2016

Big Update

Hello...
စာမရေးဖြစ်ဘူး။ ၀မ်းနည်းတာလိုလို ၀မ်းသာတာလိုလို... စိတ်တွေ မူမမှန်ဖြစ်နေလို့ ဟဟ(xD)။ ပုံမှန်လုပ်တာတွေကတော့ လုပ်နေတာပါပဲ။ အလုပ်မှာလည်း Stress များတယ်။ Annual Flu vaccination ကိစ္စတွေနဲ့ ရှုပ်နေတယ်။ မနှစ်က ဆရာကန်တော့ပွဲတုန်းက ဆရာမတွေအတွက် ကလေးမိဘတွေ ကန်တော့တဲ့ပိုက်ဆံတွေကို ဆရာ၊ဆရာမတွေက ဘုန်းကြီးကျောင်းပဲပြန်လှူပြီး နေ့ဆွမ်းကပ်တဲ့ပွဲလေး လွန်ခဲ့တဲ့တနင်္ဂနွေတစ်ရက်က တိုပါးရိုးဘုန်းကြီးကျောင်းမှာ လုပ်တယ်။





ဆရာမတွေနဲ့ ကလေးတွေနဲ့ မိဘတွေနဲ့ ပျော်ပျော်ပါးပါးပေါ့။ နေ့ဆွမ်းကပ်ပြီး ညနေကျတော့လည်း အတန်းကရှိသေးတော့ အိမ်မပြန်တော့ဘဲ သူငယ်ချင်းအိမ်လိုက်သွားတယ်။ ညနေမှ ဘုန်းကြီးကျောင်းပြန်လာပြီး စာသင်တယ်။ Vesak Day နေ့က မနက်စောစောဘုရားပန်းသွားဝယ်တယ်။ ဘုရားပန်းကပ်ပြီး ညနေကြတော့ Kallang ဘုန်းကြီးကျောင်းသွားတယ်။ အဲ့မှာဘုရားရှိခိုး၊ ပန်းကပ်တယ်။


Update အကြီးကြီး လုပ်စရာတစ်ခုရှိတယ်။ ကန်ဒီ့ Relationship status (xD)။ ကန်ဒီတစ်ယောက်တည်းနေလာတာ (၄)နှစ်၊ (၅)နှစ်လောက် ရှိပြီထင်တယ်။ ခုကန်ဒီလူတစ်ယောက်ကို လက်ခံလိုက်တယ်။ In a relationship ဖြစ်မှာကို ကြောက်နေတာနဲ့တင် တစ်ယောက်တည်းနေနေခဲ့တာ။ သူကတော့ ကန်ဒီ့ကို တော်တော်လေးချစ်ပုံရလို့ လက်ခံလိုက်တယ်။ ကန်ဒီကရောချစ်လားလို့မေးရင် စ,စလက်ခံလိုက်တဲ့အချိန်တုန်းကတော့ အဲ့လောက်ကြီးမဟုတ်ဘူး။ အခုသူနဲ့စကားပိုပြောကြည့်တော့ သူ့အကြောင်းနည်းနည်းပိုသိခွင့်ရတယ်။ ကန်ဒီလိုချင်တဲ့အချက်တော်တော်များများ သူ့မှာရှိတယ်။ ဘုရား တရားသိတာမျိုး၊ ပရဟိတစိတ်ရှိတာမျိုး။ ဒါပေမယ့် အရမ်းကြီးလည်း မချစ်ရဲပါဘူး။ အများကြီးလည်း မမျှော်လင့်ထားဘူး။ ကလေးလည်း မဟုတ်တော့ဘူး။ အရင်လို ထပ်ခံရမှာစိုးလို့ ဟဟ(xD)။



သူငယ်ချင်းတစ်ယောက်က ဘာမပြော၊ ညာမပြောနဲ့ အိမ်မှာရှိလား။ အဲ့ဘက်လာစရာရှိတယ်။ ထမင်းလာစားမယ်ဆိုတာနဲ့ ရှိတာလေးနဲ့ သူ့အတွက် ချက်ကျွေးရတယ်။ ပဲပင်ပေါက်ကြော်ကို ဆလတ်ရွက်နဲ့ မန်းကျည်းရည်နဲ့ ထုတ်စား၊ ကန်စွန်းရွက်ကြော်က သူကြော်တာ၊ နောက်ပဲပြားအစာသွပ်။ ကောင်းမှကောင်းပဲ ^_^

Have a nice weekend...

Sunday, May 15, 2016

May 9: My Little Prince

မေလ(၉)ရက်နေ့ မနက်စောစော အလုပ်သွားနေတုန်း ရန်ကုန်ကအမေက Message လှမ်းပို့တယ်။ သမီးညီမလေး ဗိုက်နာလာလို့ ဆေးရုံတင်လိုက်ပြီ... မကြာခင် ကလေးမွေးတော့မယ်တဲ့။ အဖေကလည်း Messenger ကနေ Video Call စမ်းတယ်။ ကလေးမွေးပြီးရင် Video နဲ့ ပြရအောင်တဲ့လေ။ တမိသားစုလုံး ၀မ်းသာနေကြတယ်။ ကန်ဒီ့ Monday Blue တောင် ဘယ်ရောက်သွားလဲမသိဘူး။ လူက အလုပ်ကပြန်ရောက်တာနဲ့ အိမ်ကိုဖုန်းခေါ်ဖို့ပဲ စိတ်ရောက်နေတယ်။ ညကျအမေ့ဖုန်းခေါ်တော့ အမေက ပင်ပန်းပြီး အိပ်နေပြီ။ ညီမလေး အမျိုးသားက ဖုန်းကိုင်တယ်။ အားလုံးအဆင်ပြေတယ်ဆိုတော့ ပျော်ရတာပေါ့။ နောက်ဆုံးတော့ တူလေးတစ်ယောက်ရပြီ။


ကန်ဒီတို့ မောင်နှမတွေအားလုံး (၀မ်းကွဲတွေအပါအ၀င်) ဘယ်သူမှ ကလေးမရှိကြသေးဘူး။ ဒီကလေးက ပထမဆုံးလေးဆိုတော့ အားလုံးက သဲသဲလှုပ်နေကြတယ်။ အဖေနဲ့ အမေကလည်း အဖိုး၊ အဘွားရာထူးတက်သွားလို့ ပျော်နေတယ်။ အမေ့ကို "မြေးလေးတစ်ယောက်ရတာ မျောက်အုန်းသီးရတာကြနေတာပဲ"လို့ စတော့ အမေက "အုန်းသီးရတာ မဟုတ်ဘူး၊ မျောက်ကလေးရတာ၊ မကျေနပ်ရင် နောက်မြေးတွေ ထပ်ရအောင် ကြိုးစားကြပေါ့"တဲ့။ နောက်မိတဲ့လူတောင် နင်သွားတယ် ဟဟဟဟ xD

 
ပန်းလှိုင်ဆေးရုံမှာ မွေးတယ်။ (၇)ပေါင် (၂)အောင်စ။ အခုနာမည်ပေးဖို့ ဦးနှောက်ခြောက်နေကြလေရဲ့။ ညီမလေးလည်း နေကောင်းတယ်။ လောလောဆယ်တော့ ကလေးက အမေနဲ့တူတယ်။ မွေးကင်းစလေးဆိုတော့ နောက်နည်းနည်းကြီးလာရင် ရုပ်ပြောင်းရင် ပြောင်းဦးမှာထင်တယ်။ အသားလေးလည်း ဖြူတယ်။

သူ့အဖေ၊ အမေနဲ့...

 အဖိုးနဲ့...

အဖေနဲ့ ညီမလေးအမျိုးသား...



ခုတော့ ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်နေကြပြီ။ US မှာနေတဲ့ ညီမလေးအမျိုးသားရဲ့ အဖေ၊ အမေကလည်း သဲသဲလှုပ်။ မွေးမွေးပြီးချင်း ပို့ပေးလိုက်တဲ့ ဓာတ်ပုံကို ချက်ချင်း Print out ထုတ်ပြီး နံရံပေါ်ကပ်ထားတယ်တဲ့။ စင်္ကာပူက အဒေါ်နှစ်ယောက်ကလည်း သဲသဲလှုပ်။ ကံကောင်းလိုက်တဲ့ ကလေး ဟဟဟ xD



မျက်ဆံလေးက အကြီးကြီးပဲ။ ဇွန်လ(၁၇)ရက်နေ့ ကန်ဒီ့ညီမအလတ်မင်္ဂလာဆောင်အတွက် ရန်ကုန်ကို (၃)ရက်ပြန်မယ်။ အဲ့ကျမှပဲ ကလေးချီရတော့မယ်။

Happy Sunday :D

Sunday, May 8, 2016

2nd May

HaPpY BiRtHdAy to ME!!!!
အသက်(၂၈)နှစ် ပြည့်ပြီ။ (၃၀)ပြည့်ဖို့ နှစ်နှစ်ပဲလိုတော့တယ်။ အချိန်တွေကုန်တာ မြန်လိုက်တာ။ ကိုယ့်ကိုကိုယ် အသက်အဲ့လောက်ကြီးပြီလို့ကို မထင်သေးတာ ဟဟဟ(xD)။  ဒါပေမယ့် အမှန်တရားဆိုတော့လည်း လက်မခံလို့မရဘူး(:P)။ မွေးနေ့မတိုင်ခင် (၁)ရက်နေ့ တနင်္ဂနွေနေ့က စာပေဟောပြောပွဲသွားတယ်။ အဲ့ကပြန်တော့ ဘဘရန်ကုန်က ရောက်လာလို့ ဘဘက မောင်နှမတွေအားလုံးကို ညစာလိုက်ကျွေးတယ်။ 

 ဘဘတို့မရောက်ခင် ညီမလေးနဲ့...

ကိုကြီး၊ ဘဘ၊ ကန်ဒီနဲ့ ညီမလေး


Bali Thai မှာ စားကြတယ်။ ညစာကျွေးမယ်ဆိုလို့ သွားသာသွားရတာ ကန်ဒီစားဖို့ မရှိလောက်ဘူးပဲ ထင်ထားတာ... ကိုယ့်အတွက်နဲ့ Vegetarian ဆိုင်ရွေးပါဆိုပြီးလည်း မပြောချင်ဘူးလေ။ စားဖို့ထက် Family Gathering အတွက်ပဲ သွားတာ။ ဟိုရောက်မှ သိလိုက်တာ သူတို့မှာ သားသတ်လွတ် Menu သက်သက်ရှိတယ်။ အဲ့ဒါနဲ့ ၀မ်းသာအားရ မှာတော့တာပေါ့ xD xD



ညစာစားပြီး အိမ်ပြန်ရောက်... အိပ်မယ်ကြံတော့ ည(၁၂)နာရီလောက်ကြီး သူငယ်ချင်းကဖုန်းဆက်တယ်။ မအိပ်နဲ့ လာနေပြီတဲ့... Happy Birthday လာလုပ်တာ။ သူနဲ့ညသန်းခေါင်ကြီး စကားထိုင်ပြော (၁)နာရီကျော် (၂)နာရီလောက်မှ အိပ်ဖြစ်တယ်။ မေလ(၁)ရက်နေ့ အလုပ်သမားနေ့က တနင်္ဂနွေနေ့ကျတော့ ကန်ဒီ့မွေးနေ့(၂)ရက်နေ့က အစားပိတ်ပေးတဲ့ Public Holiday... အလုပ်မသွားရဘူး။ ပထမ Plan ကတော့ မွေးနေ့ကို မနက်စောစောဘုန်းကြီးကျောင်းသွားမယ်ပေါ့။ ညနက်မှအိပ်တော့ မနက်မထနိုင်ဘူးလေ။ (၁၀)နာရီမှ နိုးတယ်။ နိုးပြီး သွားတောင်မတိုက်ရသေးဘူး... Delivery man ရောက်လာတယ်။ ပန်းစည်းလာပို့တာ။ ဘယ်သူ့ဆီကဆိုတာလည်း မရေးထားဘူး။

ပန်းစည်းနဲ့ ရေမွှေး...



မိန်းကလေး ပန်းကြိုက်တာတော့ မဆန်းပါဘူးနော့... ညနေကျတော့မှ ဘုန်းကြီးကျောင်းသွားတယ်။ ဘုရားရှိခိုး၊ ပုတီးစိပ်၊ တရားထိုင်ပြီးတော့မှ အိမ်ပြန်တယ်။ အမေ့မွေးနေ့နဲ့ ကန်ဒီ့မွေးနေ့အတွက် ပေါင်းပြီး မနှစ်ကလိုပဲ ဘုန်းကြီးကျောင်း မြေနေရာအတွက် SGD 108 လှူတယ်။

အားလုံးပဲ Enjoy your weekend နော်...