HaPpY BiRtHdAy to ME!!!!
အသက်(၂၈)နှစ် ပြည့်ပြီ။ (၃၀)ပြည့်ဖို့ နှစ်နှစ်ပဲလိုတော့တယ်။ အချိန်တွေကုန်တာ မြန်လိုက်တာ။ ကိုယ့်ကိုကိုယ် အသက်အဲ့လောက်ကြီးပြီလို့ကို မထင်သေးတာ ဟဟဟ(xD)။ ဒါပေမယ့် အမှန်တရားဆိုတော့လည်း လက်မခံလို့မရဘူး(:P)။ မွေးနေ့မတိုင်ခင် (၁)ရက်နေ့ တနင်္ဂနွေနေ့က စာပေဟောပြောပွဲသွားတယ်။ အဲ့ကပြန်တော့ ဘဘရန်ကုန်က ရောက်လာလို့ ဘဘက မောင်နှမတွေအားလုံးကို ညစာလိုက်ကျွေးတယ်။
ဘဘတို့မရောက်ခင် ညီမလေးနဲ့...
ကိုကြီး၊ ဘဘ၊ ကန်ဒီနဲ့ ညီမလေး
Bali Thai မှာ စားကြတယ်။ ညစာကျွေးမယ်ဆိုလို့ သွားသာသွားရတာ ကန်ဒီစားဖို့ မရှိလောက်ဘူးပဲ ထင်ထားတာ... ကိုယ့်အတွက်နဲ့ Vegetarian ဆိုင်ရွေးပါဆိုပြီးလည်း မပြောချင်ဘူးလေ။ စားဖို့ထက် Family Gathering အတွက်ပဲ သွားတာ။ ဟိုရောက်မှ သိလိုက်တာ သူတို့မှာ သားသတ်လွတ် Menu သက်သက်ရှိတယ်။ အဲ့ဒါနဲ့ ၀မ်းသာအားရ မှာတော့တာပေါ့ xD xD
ညစာစားပြီး အိမ်ပြန်ရောက်... အိပ်မယ်ကြံတော့ ည(၁၂)နာရီလောက်ကြီး သူငယ်ချင်းကဖုန်းဆက်တယ်။ မအိပ်နဲ့ လာနေပြီတဲ့... Happy Birthday လာလုပ်တာ။ သူနဲ့ညသန်းခေါင်ကြီး စကားထိုင်ပြော (၁)နာရီကျော် (၂)နာရီလောက်မှ အိပ်ဖြစ်တယ်။ မေလ(၁)ရက်နေ့ အလုပ်သမားနေ့က တနင်္ဂနွေနေ့ကျတော့ ကန်ဒီ့မွေးနေ့(၂)ရက်နေ့က အစားပိတ်ပေးတဲ့ Public Holiday... အလုပ်မသွားရဘူး။ ပထမ Plan ကတော့ မွေးနေ့ကို မနက်စောစောဘုန်းကြီးကျောင်းသွားမယ်ပေါ့။ ညနက်မှအိပ်တော့ မနက်မထနိုင်ဘူးလေ။ (၁၀)နာရီမှ နိုးတယ်။ နိုးပြီး သွားတောင်မတိုက်ရသေးဘူး... Delivery man ရောက်လာတယ်။ ပန်းစည်းလာပို့တာ။ ဘယ်သူ့ဆီကဆိုတာလည်း မရေးထားဘူး။
ပန်းစည်းနဲ့ ရေမွှေး...
မိန်းကလေး ပန်းကြိုက်တာတော့ မဆန်းပါဘူးနော့... ညနေကျတော့မှ ဘုန်းကြီးကျောင်းသွားတယ်။ ဘုရားရှိခိုး၊ ပုတီးစိပ်၊ တရားထိုင်ပြီးတော့မှ အိမ်ပြန်တယ်။ အမေ့မွေးနေ့နဲ့ ကန်ဒီ့မွေးနေ့အတွက် ပေါင်းပြီး မနှစ်ကလိုပဲ ဘုန်းကြီးကျောင်း မြေနေရာအတွက် SGD 108 လှူတယ်။
အားလုံးပဲ Enjoy your weekend နော်...
3 comments:
Happy belated birthday Candy!!
Ma Ma Iora
Birthday ka twe lite tal naw........ :(
Happy belated birthday, Candy!
Sar Du.. Sar Du.. Sar Du for your donation on special day.
Post a Comment