မေလ(၉)ရက်နေ့ မနက်စောစော အလုပ်သွားနေတုန်း
ရန်ကုန်ကအမေက Message လှမ်းပို့တယ်။ သမီးညီမလေး ဗိုက်နာလာလို့
ဆေးရုံတင်လိုက်ပြီ... မကြာခင် ကလေးမွေးတော့မယ်တဲ့။ အဖေကလည်း Messenger ကနေ
Video Call စမ်းတယ်။ ကလေးမွေးပြီးရင် Video နဲ့ ပြရအောင်တဲ့လေ။
တမိသားစုလုံး ၀မ်းသာနေကြတယ်။ ကန်ဒီ့ Monday Blue တောင်
ဘယ်ရောက်သွားလဲမသိဘူး။ လူက အလုပ်ကပြန်ရောက်တာနဲ့ အိမ်ကိုဖုန်းခေါ်ဖို့ပဲ
စိတ်ရောက်နေတယ်။ ညကျအမေ့ဖုန်းခေါ်တော့ အမေက ပင်ပန်းပြီး အိပ်နေပြီ။ ညီမလေး
အမျိုးသားက ဖုန်းကိုင်တယ်။ အားလုံးအဆင်ပြေတယ်ဆိုတော့ ပျော်ရတာပေါ့။
နောက်ဆုံးတော့ တူလေးတစ်ယောက်ရပြီ။
ကန်ဒီတို့
မောင်နှမတွေအားလုံး (၀မ်းကွဲတွေအပါအ၀င်) ဘယ်သူမှ ကလေးမရှိကြသေးဘူး။
ဒီကလေးက ပထမဆုံးလေးဆိုတော့ အားလုံးက သဲသဲလှုပ်နေကြတယ်။ အဖေနဲ့ အမေကလည်း
အဖိုး၊ အဘွားရာထူးတက်သွားလို့ ပျော်နေတယ်။ အမေ့ကို "မြေးလေးတစ်ယောက်ရတာ
မျောက်အုန်းသီးရတာကြနေတာပဲ"လို့ စတော့ အမေက "အုန်းသီးရတာ မဟုတ်ဘူး၊
မျောက်ကလေးရတာ၊ မကျေနပ်ရင် နောက်မြေးတွေ ထပ်ရအောင် ကြိုးစားကြပေါ့"တဲ့။
နောက်မိတဲ့လူတောင် နင်သွားတယ် ဟဟဟဟ xD
ပန်းလှိုင်ဆေးရုံမှာ
မွေးတယ်။ (၇)ပေါင် (၂)အောင်စ။ အခုနာမည်ပေးဖို့ ဦးနှောက်ခြောက်နေကြလေရဲ့။
ညီမလေးလည်း နေကောင်းတယ်။ လောလောဆယ်တော့ ကလေးက အမေနဲ့တူတယ်။
မွေးကင်းစလေးဆိုတော့ နောက်နည်းနည်းကြီးလာရင် ရုပ်ပြောင်းရင်
ပြောင်းဦးမှာထင်တယ်။ အသားလေးလည်း ဖြူတယ်။
သူ့အဖေ၊ အမေနဲ့...
အဖိုးနဲ့...
အဖေနဲ့ ညီမလေးအမျိုးသား...
ခုတော့
ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်နေကြပြီ။ US မှာနေတဲ့ ညီမလေးအမျိုးသားရဲ့
အဖေ၊ အမေကလည်း သဲသဲလှုပ်။ မွေးမွေးပြီးချင်း ပို့ပေးလိုက်တဲ့ ဓာတ်ပုံကို
ချက်ချင်း Print out ထုတ်ပြီး နံရံပေါ်ကပ်ထားတယ်တဲ့။ စင်္ကာပူက
အဒေါ်နှစ်ယောက်ကလည်း သဲသဲလှုပ်။ ကံကောင်းလိုက်တဲ့ ကလေး ဟဟဟ xD
မျက်ဆံလေးက အကြီးကြီးပဲ။ ဇွန်လ(၁၇)ရက်နေ့ ကန်ဒီ့ညီမအလတ်မင်္ဂလာဆောင်အတွက် ရန်ကုန်ကို (၃)ရက်ပြန်မယ်။ အဲ့ကျမှပဲ ကလေးချီရတော့မယ်။
Happy Sunday :D
4 comments:
ချစ်စရာလေးကွယ်။
ဂျီးဒေါ်အပျိုကြီးတွေအသည်းစွဲလေးဖြစ်လာတော့မှာ။း)
အိုင်အိုရာ
ညီမလေးတွေစွံကုန်ပြီနော် ကန်ဒီ...
တကယ်က တစ်ယောက်တည်းကမှပိုကောင်းတာနော်
စိတ်ကြိုက်လုပ်ချင်တာလုပ်လို့ရတယ်..
ကန်ဒီက common wealth , Sheng Siong မှာဈေးဝယ်ဖြစ်လားဟင် ကန်ဒီနဲ့တူတဲ့တစ်ယောက်ခဏခဏတွေ့မိသလိုပဲ... ခြောက်နာရီလောက်ဆုမြတ်ရုံးဆင်းတဲ့အချိန်ဆိုရင် Sheng Siong အဝနားမှာတွေ့မိသလိုပဲ မသေချာလို့နှုတ်မဆက်မိဘူး
ကန်ဒီ commonwealth မှာ နေတယ် ဆုမြတ်... လမ်းတွေ့ရင် ခေါ်ပါနော် :D
really? I am also common wealth resident :D sure thing, i will greet u next time.
Post a Comment