Sunday, July 24, 2016

ဝါဆို

ဝါဆို ၀ါခေါင် ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်...
ခရာဆူးချုံ ဟိုအထဲက မျော့နက်မည်းကြီး တွယ်တတ်တယ်...
မျော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်..
တို့လည်းလိုက်မယ် ချန်မထားနဲ့... အုန်းလက်နွားလေး ထားခဲ့ကွယ်..
လိုက်မယ် လိုက်မယ်...

ဒီရက်ပိုင်း မိုးတွေအရမ်းရွာတယ်။ မနက်ဆို မိုးအေးအေးနဲ့ မထချင်ဘူး။ ကန်ဒီ့အလုပ် အခုနေရာအသစ်ကို ပြောင်းသွားပြီ။ နေရာအသစ်ဆိုတော့ Workflow တွေကအစ လိုအပ်တာတွေ အများကြီးရှိတယ်။ စိတ်ဖိစီးမှု များတယ်။ နည်းနည်းနေသားကျသွားရင်တော့ အဆင်ပြေသွားမှာပါ။ ပြီးခဲ့တဲ့အပတ်က အလုပ်က စာမေးပွဲလည်း ဖြေရသေးတယ်။ ဒီတခေါက်လည်း အမှတ်ပြည့်ရတယ် Yayyy.... နောက်ဆုံးတစ်ခုပဲ ကျန်တော့တယ်။ 



ပြီးခဲ့တဲ့အပတ် တိုပါးရိုးကျောင်း ၀ါဆိုသင်္ကန်းကပ်ပွဲမှာ အစီအစဉ်ဖတ်ကြားသူလုပ်ရတယ်။ ဘုန်းဘုန်းက လုပ်ပေးဖို့ အကူအညီတောင်းတာနဲ့... တပည့်တော်တစ်ခါမှ မလုပ်ဖူးဘူးဆိုတာလည်း မရဘူး။ ဖတ်ရုံပဲတဲ့။ အဲ့ဒါနဲ့ ပထမဆုံးလုပ်ဖြစ်သွားတယ်။ မြန်မာလို ဘာအစီအစဉ်ပြီး ဘာလာမယ်ပေါ့။ အားလုံးချောချောမွေ့မွေ့ပါပဲ ပြီးသွားတယ်။ ပြီးတော့ စတုဒီသာထဲက ကိုယ်စားလို့ရတဲ့ အီကြာကွေးနဲ့ ပဲပြုတ်မနက်စာစားပြီး ပြန်လာတယ်။


အဲ့နေ့က ၀ါဆိုသင်္ကန်းမကပ်ဖြစ်လိုက်ဘူး... လူတွေကလည်းများ၊ ကိုယ်တိုင်ကလည်း Stress များနေတော့။ မနေ့ကမှ ဘုန်းကြီးကျောင်းသွားပြီး ၀ါဆိုသင်္ကန်းကပ်တယ်။ ရန်ကုန်ပြန်တုန်းက ဆံပင်ညှပ်တာ ဆံပင်ညှပ်ဆရာလက်လွန်ပြီး အဲ့လောက်ပဲ ကျန်တော့တယ် ဟဟ(xD)။ Tarzan သွားကြည့်လိုက်သေးတယ်။ အဲ့လိုတိရိစ္ဆာန်တွေနဲ့ကားဆို မကြည့်ဘဲမနေနိုင်လို့။ ရုပ်ရှင်မကြည့်ခင် ကော်ဖီဆိုင်ထိုင် Mocha with Soy milk... ကော်ဖီဆိုလို့ Mr. Bean က ကော်ဖီလည်း ကန်ဒီသောက်လို့ရတယ် Soy Milk နဲ့... Food court မှာဆိုရင်တော့ Kopi O (Coffee without milk) ပဲသောက်ရတာပေါ့... Soy milk Option မရှိတော့။



စာမရေးတာကြာလို့ နည်းနည်းပါးပါးရေးချင်ယောင်ဆောင်ပြီး လာနှုတ်ဆက်တာ ဟဟ...
Good Night^^