Hello Hello....
တနင်္လာနေ့ကို ထူးထူးခြားခြား Monday မဘလူးဘဲ စာရေးဖို့ အင်အားတွေ ရှိနေသေးတယ်။ ဒီနေ့ဟင်းမချက်ဘူး။ မနေ့ကချက်ထားတာနဲ့ စားပြီး တပတ်စာလျှော်ထားတဲ့အ၀တ်တွေ မီးပူထိုင်တိုက်တယ်။ မီးပူတိုက်ပြီးအခု(၉)နာရီခွဲကျော်ကျော်ပဲ ရှိသေးတာဆိုတော့ စာလေးရောက်တတ်ရာရာ ရေးလိုက်ပါဦးမယ်ဆိုပြီး မဖွင့်တာအလွန်ကြာပြီဖြစ်တဲ့ ယဲ့ယဲ့ပဲကျန်တော့တဲ့ ကန်ဒီ့ Laptop လေး ဖွင့်လိုက်တယ်ဆိုပါတော့။ ကြိုပြောထားတယ်နော်... ဒီ Laptop လေး မတော်တဆအလုပ်မလုပ်တော့ရင် တော်ရုံနဲ့ ပေါ်လာမှာမဟုတ်တော့ဘူး ဟဟ xD
အပတ်တိုင်းလိုလို ကျောင်းမှာမွေးနေ့ရှိနေတော့ ကိတ်မုန့်တွေ့ရင်ကို ကလေးတွေက ပျော်နေတာ... ကြည့်ပါဦး... ကန်ဒီ့တပည့်တွေ ဘယ်လောက်ချစ်ဖို့ကောင်းလဲ။ သူတို့ကို အော်ရတာလည်း အာပေါက်တယ်။ အရင်ကအတန်းမှာ ဆရာမနှစ်ယောက်ရှိတယ်။ အခု ကန်ဒီနဲ့တူတူသင်တဲ့ဆရာမက သူ့ကလေးစာမေးပွဲရှိလို့ ခွင့်ယူထားတာနဲ့ ကန်ဒီတစ်ယောက်တည်း မနိုင်မနင်းတွေ ဖြစ်နေတာ။ မိဘတွေကတော့ ကန်ဒီ့ကိုကူပြီး ကလေးတွေကို လိုက်ကြည့်ပေးပါတယ်။ တစ်နာရီအတွင်းမှာ Attendance က လည်း ခေါ်ရ၊ စာဆိုရနဲ့ သူတို့ကို ရေးခိုင်းထားတာတွေ အမှတ်မခြစ်အားဘူး။ "စာလာမပြကြနဲ့ဦးနော်... Attendance အရင် ခေါ်မယ်နော်..." ပြောလွန်းလို့ မနေ့က ကလေးလေးတစ်ယောက်က "ရေးထားတာတွေ အများကြီးရှိနေပြီနော်... အမှတ်လည်းမခြစ်ပေးဘူး"ဆိုပြီး စာလာပြတယ် ဟဟဟဟ xD
များသောအားဖြင့် စာသင်ပြီးရင် ပြန်တာများတယ်။ ဘုန်ကြီးကျောင်းမှာ ညစာစားလေ့မရှိဘူး။ သားသတ်လွတ်ဆိုတော့ စားလို့မရတာလည်း ပါတယ်။ တရက်ဘုန်းဘုန်းက ဒီနေ့လက်ဖက်ထမင်းကျွေးတယ် စားသွား ဆိုတာနဲ့ သားသတ်လွတ်ဖြစ်မလားဆိုပြီး မီးဖိုချောင်သွားကြည့်တော့ ပုဇွန်ခြောက်ပါတယ်တဲ့။ အဲ့ဒါနဲ့စားလို့မရတော့ လက်ဖက်ထမင်းလှူတဲ့ဆရာမက ကန်ဒီ့ကိုပြောင်ဖူးပြုတ်နဲ့ ထမင်းနယ်စားဆိုပြီး ပြောတော့ အဲ့ဒါထိုင်စားနေတုန်း ကန်ဒီနဲ့လည်း မသိတဲ့ဦးလေးကြီး တစ်ယောက်က ကန်ဒီ့ကို တရားလာဟောတယ်။ တကယ်တော့ သားသတ်လွတ်စားရမယ်လို့ ဗုဒ္ဓဘုရားက မဟောထားပါဘူး။ တဏှာနဲ့ မစားရင်ရပြီ။ သားသတ်လွတ်စားတိုင်းသာ နိဗ္ဗာန်ရောက်မယ်ဆို နွားတွေဆို မြက်ပဲစားတာ နွားတွေအကုန် နိဗ္ဗာန်ရောက်ကုန်မှာပေါ့တဲ့။ ဘာမှ ပြန်မပြောဖြစ်ပါဘူး... စိတ်ထဲတော့ ခုသွားတာပေါ့။ သူနဲ့လည်း မသိဘဲ အဲ့ဒါတွေ လာပြောနေတယ်။
အဲ့လိုမျိုးလာပြောတဲ့လူတွေဆို အမြင်ကတ်တယ်။ ကန်ဒီ ဘာသာရေးအရ သားသတ်လွတ်စားတာမဟုတ်ဘူးဆိုတာ အားလုံးအသိပါ။ နိဗ္ဗာန်ရောက်အောင် စားတာလည်းမဟုတ်ဘူး။ တိရိစ္ဆာန်တွေအတွက် သားသတ်လွတ်စားတယ်။ အဲ့ဒါကန်ဒီ့ရဲ့ ကြီးမားတဲ့ယုံကြည်မှု။ ကန်ဒီသူများခံယူချက်ကို Respect ပေးသလို ကန်ဒီ့ခံယူချက်နဲ့ ယုံကြည်မှုကိုလည်း Respect ပေးစေချင်တယ်။ အဲ့လိုလာပြောလို့ အပြင်မှာ သူတို့နဲ့ ပြိုင်ငြင်းနေမှာ မဟုတ်ဘူး။ ကြားရလွန်းလို့လည်း ရိုးနေပြီ။
Mustafa မှာ အလုပ်ကသူငယ်ချင်းတွေနဲ့ တိုရှည်သွားစားတယ်။ အုန်းရည်သောက်တယ်။ သူတို့ဆို ကန်ဒီ့လို သားသတ်လွတ်သမားတွေ မဟုတ်ဘူး။ ကန်ဒီနဲ့ သားသတ်လွတ်ဆိုင်မှာ လိုက်စားတယ်။ ကန်ဒီ့ Opinion ကို ဘယ်တော့မှ Negative comment မပေးဘူး။
ဘယ်တုန်းကမှ မတွေးခဲ့ဖူးတဲ့ အတွေးတွေ ဒီရက်ပိုင်းတွေးမိတယ်။ ဘာလဲဆိုတော့ မြန်မာပြည်ပြန်ဖို့။ အဖေနဲ့အမေ အသက်တွေကြီးလာတာမြင်တော့ ပြန်ဖို့တွေးမိတယ်။ မိဘဆိုတာ ရှိတုန်းပြုစုရတာ... မရှိတော့တဲ့အချိန်ကျမှာ နောင်တဆိုတာကြီး မရချင်ဘူး။ ချက်ချင်းကြီးပြန်ဖြစ်ဦးမှာ မဟုတ်ပေမယ့် ပြန်ရင် ရန်ကုန်မှာ ဘာလုပ်မယ်ဆိုတာ စ,စဉ်းစားတော့မယ်။ ရန်ကုန်မှာ သေချာတာတစ်ခုခုလုပ်ဖို့ရှိပြီဆို ပြန်တော့မယ်။ နောက် နှစ်အနည်းငယ်အတွင်းပေါ့။ အဲ့ဒီပြန်ဖို့ကိစ္စစဉ်းစားပြီး သိပ်မကြာခင်မှာဘဲ ကန်ဒီ့ယုန်လေးတွေကို လိုချင်တဲ့ Singaporean မိသားစုကို ပေးလိုက်ပြီ။ ညတိုင်းလိုလို ငိုလိုက်ရတာ... ကန်ဒီအရမ်းချစ်တာလေ။ သူတို့ကို မွေးနေ့လက်ဆောင်အဖြစ် ကန်ဒီစ,ရကတည်းက ဒီလိုတနေ့ပေးလိုက်ရမယ်ဆိုတာ သိပြီးသားပါ။ မတော်တဆ ကန်ဒီရုတ်တရက်ကြီး အကြောင်းအမျိုးမျိုးကြောင့်ပြန်ရမယ်ဆို သူတို့ကိုစောင့်ရှောက်မယ့်လူ မရှိဘူးလေ။ အဲ့ဒါတွေကို အစကတည်းက အမြဲတွေးတယ်။ ပြီးပြီးရော တွေ့တဲ့လူကိုလည်း မပေးခဲ့ချင်ဘူး။ သူတို့ကို ဂရုတစိုက် သေချာမွေးနိုင်မယ်ထင်တဲ့မိသားစုကို သေချာရွေးပြီးတော့ ပေးလိုက်တယ်။ သူတို့ ကံကောင်းပါစေ။ နောက် ဘယ်တော့မှ အကောင်လေးတွေ မမွေးတော့ဘူး... ကိုယ်က သံယောဇဉ်တွယ်တတ်တဲ့သူ :(
အိပ်တော့မယ်နော်...
Good Night^^