Thursday, September 29, 2016

Vegan: ယနေ့ စားဖွယ် #1

ဒီရက်ပိုင်း အင်တာနက်လိုင်း သိပ်မကောင်းဘူး။ အစက ကန်ဒီ့ကွန်ပျူတာကြောင့် ဖြစ်တယ်ပဲထင်နေတာ။ အိမ်မှာတူတူနေတဲ့ တခြားအစ်မတွေလည်း ပြောတယ်။ လိုင်းမကောင်းဘူးတဲ့။ SingTel က ဖြစ်တာထင်တယ်။ ဒီရက်ပိုင်း စောင့်ကြည့်လိုက်ဦးမယ်။ မရရင်တော့ ဖုန်းခေါ်ရမယ်။ စာရေးမယ်လုပ်ပြီး ကွန်ပျူတာဖွင့်လိုက် လိုင်းမကောင်းတာနဲ့ မရေးရနဲ့ ဖြစ်နေတာ...

ဒီနေ့ပိုစ့်ကတော့ ဘာမှထူးထူးခြားခြားကြီး မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးပဲ ကန်ဒီအလုပ်လုပ်တဲ့ Week Day တစ်ရက် ဘာတွေစားတယ်ဆိုတာ ပြောပြတဲ့ပိုစ့်ပါ။ သားသတ်လွတ်စားတယ်ဆို လူတော်တော်များများက ဟိုဟာလည်း မစားဘူး ဒီဟာလည်း မစားဘူး... ကန်ဒီဆိုပိုဆိုး Vegan ဆိုတော့ နို့နဲ့ ကြက်ဥလည်း မစားတော့ တနေ့တနေ့ ဘာတွေများစားလဲဆိုပြီး စိတ်ဝင်စားတဲ့သူတွေအတွက်ပါ။ နောက်ပြီး သားသတ်လွတ်စားဖို့ စိတ်ဝင်စားတဲ့သူတွေအတွက်လည်း အသားငါးမပါဘဲ ဘာတွေစားလို့ရလဲဆိုတာ သိစေချင်လို့ပါ။


ဒီရက်ပိုင်း အိပ်ယာစောစောမထနိုင်တော့ မနက်စာကို အပြင်မှာပဲ စားဖြစ်တယ်။ မနက်နိုးတာနဲ့ ရေကို သောက်နိုင်သလောက် ပမာဏအထိ ၀,အောင်သောက်လိုက်တယ်။ အိမ်မှာ အမြဲငှက်ပျောသီးဝယ်ထားတယ်။ မနက်စာအတွက် ငှက်ပျောသီးကြီးရင် တစ်လုံးပဲ ယူသွားတယ်။ သေးရင် နှစ်လုံးယူသွားတယ်။ အဲ့နေ့က ငှက်ပျောသီးက အရမ်းကြီးပြီး ကန်ဒီ့ Lunch box နဲ့တောင် မဆန့်လို့ နှစ်ပိုင်းပိုင်းလိုက်ရတဲ့အဖြစ်။ သနားစရာ ဟဟ။ ရထားစီးပြီး အလုပ်နားမှာ Mr. Bean ပဲနို့ဆိုင်ရှိတယ်။ ပဲနို့နဲ့ဆိုင်တာတွေပဲ သီးသန့်ရောင်းတဲ့ဆိုင်ပေါ့။ ပဲနို့ကြီးပဲသီးသန့်ဆို သိပ်မကြိုက်လို့ ကန်ဒီသောက်နေကြက Watermelon Soy Milk... အိမ်ကယူလာတဲ့ ငှက်ပျောသီးနဲ့ အဲ့ဒါနဲ့သောက်တယ်။ 


နေ့လည်စာမစားခင် Coffee Break မှာလည်း ငှက်ပျောသီးနောက်တစ်လုံး။ အဲ့ဒီရေဗူး တနေ့နှစ်ဗူးကုန်အောင်တော့ ကြိုးစားသောက်ဖြစ်တယ်။ နေ့လည်စာ Lunch Box က မနေ့ကချက်ပြီး မနက်ကန်ဒီအိမ်ကထည့်သွားတဲ့ ခရမ်းချဉ်သီးနှပ်နဲ့ အရွက်ကြော်... စားပြီးအချိုတည်းဖို့က ဇီးသီး... နောက် အလုပ်နားက Indian ဆိုင်မှာ Tea သွားဝယ်လိုက်သေးတယ်။ သကြားနဲ့ Tea နဲ့ပဲ ဒီမှာ "တေအိုး"လို့ခေါ်တယ်။ Indian ဆိုင်တွေမှာ ရောင်းတဲ့ တေအိုးက တရုတ်ဆိုင်တွေက တေအိုးထက်ပိုကောင်းတယ်။ အဲ့ဒါ ကန်ဒီ့ Favorite... သိပ်မသောက်ဖြစ်အောင်တော့ ထိန်းနေတယ်။ နေ့တိုင်းမသောက်ဘူး။ 


အိမ်ပြန်ရောက်တော့ ရေအရင် ၀,အောင်သောက်တယ်။ ပြီးတော့ အသီးတစ်ခုခုစားတယ်။ ဒီနေ့အိမ်မှာရှိတာ သင်္ဘောသီးဆိုတော့ သင်္ဘောသီးစားတယ်။ အိမ်ရောက်တာနဲ့ ဗိုက်ကဆာတယ်လေ။ ညစာက မလုပ်ရသေးဘူးဆိုတော့ တစ်ခုခုစားထားမှ အဆာခံတယ်။ နောက် အသီးတွေဘာတွေက ဗိုက်ထဲမှာ ဘာမှမရှိတဲ့အချိန်စားတာ ပိုကောင်းတယ်။ နို့မို့ဆို လေတွေဘာတွေ ထတတ်တယ်။ အထူးသဖြင့် သင်္ဘောသီးတို့ ဖရဲသီးတို့ဆို အစာမရှိတဲ့အချိန်စားတာ ပိုကောင်းတယ်။ 



သင်္ဘောသီးမလှီးခင် ထမင်းအိုးတည်တယ်။ ညစာကို ချက်တဲ့ဟင်းတွေထက်စာရင် အသီးအရွက်အစိမ်းတွေပါတဲ့ အသုပ်တွေစားရတာ ပိုကြိုက်တယ်။ အဲ့နေ့က ထမင်းသုပ်မှာဆိုတော့ ထမင်းသုပ်အတွက် ဂေါ်ဖီနဲ့ ခရမ်းချဉ်သီးလှီးထားတယ်။ ခဏနားပြီးတော့ရေမိုးချိုးတယ်။ ပြီးမှ ထမင်းသုပ်ပြီး ညစာစားတယ်။ ရေခဲသေတ္တာထဲမှာ ပိန္နဲသီးရှိနေတာနဲ့ အဲ့တာနဲ့ အချိုတည်းတယ်။ မရှိရင်တော့ ဘာမှမစားဘူးပေါ့နော် xD


ကဲ.. တနေ့တာ စားတာတွေ ပြီးပါပြီ။ ပြီးမှပဲ... ဒီအင်တာနက်လိုင်း နှေးတာနဲ့ ဒါလေးတင်တာ နှစ်နာရီကျော် ကြာသွားပြီ (>.<)။ အိပ်တော့မယ်နော်... (၁၁)နာရီထိုးပြီ။

Zzz...

Tuesday, September 20, 2016

Meet up with Sister

Hello...
ပြီးခဲ့တဲ့ Weekend က ညီမလေးနဲ့ တွေ့တယ်။ သူအိမ်ထောင်ကျပြီးကတည်းက သိပ်မတွေ့ဖြစ်တော့တာ ခုမှညီအစ်မနှစ်ယောက်တူတူ ညစာစားဖြစ်တယ် ဆိုပါတော့။ စနေနေ့ Bugis မှာ (၄)နာရီလောက်ချိန်း၊ ကန်ဒီ့လက်ကိုင်အိတ်လေး ကြိုးပြုတ်သွားတာလေး ပြင်ချင်တာနဲ့ Bag Repair ဆိုင် လိုက်ရှာ၊ တွေ့တော့လည်း SGD 20 တောင်ပေးရမယ်တဲ့။ မတန်တာနဲ့ မပြင်တော့ဘူး။ နိုဝင်ဘာရန်ကုန်ပြန်မှပဲ ပြင်တော့မယ်ဆိုပြီး Sim Lim Square ဆက်သွားတယ်။ ကန်ဒီလိုချင်တဲ့ CyberLink PowerDirector Video Editing Software ၀ယ်တယ်။ 

ပြီးခဲ့တဲ့ အပတ် IT show လုပ်တုန်းက ကန်ဒီ Laptop အသစ်ဝယ်လိုက်သေးတယ်။ ကန်ဒီ့ Laptop အဟောင်း မကောင်းတဲ့အကြောင်း ညည်းညည်းနေတာ ကြာပြီမလား။ မကောင်းတာလည်း သူ့အပြစ်မဟုတ်ပါဘူး။ သုံးနေတာ ကန်ဒီစင်္ကာပူမှာ ကျောင်းစတက်ကတည်းကဆိုတော့ အခုဆို(၆)နှစ်တောင် ရှိပြီလေ။ အဟောင်းက Sony... အခုအသစ်ကို Dell Inpiron ၀ယ်လိုက်တယ်။ ဈေးလည်းတော်တယ်လေ IT show မှာ ၀ယ်တာဆိုတော့။ Video Editing အတွက် အဆင်ပြေနိုင်မယ့် Laptop ကို သေချာ Research လုပ်ပြီးမှ ၀ယ်လိုက်တာ။ ကိုယ့်ဝါသနာက အဲ့ဒါဆိုတော့လည်း မတတ်နိုင်ဘူး xD

ဒီလ ပိုက်ဆံသုံးတာနည်းနည်းများသွားတယ်။ ဒါပေမယ့် လိုချင်တာရတော့လည်း တန်ပါတယ်။ တခါတလေသုံးတာပဲ နော့။ Laptop အသစ်ကြီးရပြီး မြန်မာစာ ရေးလို့ဖတ်လို့မရလို့ ခေါင်းခြောက်ရသေးတယ်။ ခုတော့ ရသွားပြီ။ အသိအစ်ကိုတစ်ယောက်ကို အကူအညီတောင်း၊ သူပေးတဲ့ စာတွေဟိုဖတ်ဒီဖတ်လုပ်ပြီး ကိုယ့်ဟာကိုယ်လျှောက်လုပ်လိုက်တာ။ မြန်မာစာမရရင် စာရေးလို့ မရဘူးလေ။ ကန်ဒီ့ ဘလော့ဂ် Domain ကလည်း ဒီလထဲ Expired ဖြစ်မှာဆိုတော့ အဲ့ဒါသက်တမ်းတိုးရသေးတယ်။ အဲ့ဒါတွေ ပူရတာလည်း တစ်ဒုက္ခ ဟဟဟ xD

ညီမလေးနဲ့တွေ့တဲ့ကိစ္စကို ဆက်ရရင် Sim Lim Square သွားပြီးတော့ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် Shopping ထွက်၊ ကန်ဒီက ခရီးသွားဖို့ ဖိနပ်ဝယ်။ နှစ်ရံဝယ်ရင် 20% Discount ဆိုတာနဲ့ ညီမလေးကို အဖော်ညှိ၊ တခါတလေကျ Shopping ထွက်တာ နှစ်ယောက်မှ ပိုတန်တယ်(xD)။ နောက်ဆုံးသူလည်း တစ်ရံဝယ်၊ ကိုယ်လည်း တစ်ရံဝယ်... ဟဟ ဘယ်လောက်မိုက်လဲ။


အဲ့ဒါပြီးတော့ သူ့အမျိုးသားလည်း ရောက်လာ၊ မိသားစုသုံးယောက် ညစာတူတူစားကြတယ်။ ကန်ဒီနဲ့ဆိုတော့ သားသတ်လွတ်ဆိုင် လိုက်စားပေးတယ်။ "Veggie Cottage" လို့ခေါ်တဲ့ သားသတ်လွတ်ဆိုင်လေး... Bugis ကနေ ကားစီးရင် တစ်မှတ်တိုင်ပဲ။ နို့၊ ကြက်ဥ မသုံးတဲ့ Vegan ဆိုင်ပေါ့။





ဈေးကလည်း အဲ့လောက်ကြီး ကြီးတဲ့အထဲမှာ မပါဘူး။ အိမ်ဆိုင်လိုလေး.... အေးအေးဆေးဆေးရှိတယ်။ ညီမလေးဆီက ကင်မရာငှားထားတယ်။ ကန်ဒီနောက်လထဲမှာ Bali သွားလည်မလို့လေ။ လေးညအိပ်ငါးရက်။သူ့ကင်မရာက ကန်ဒီ့ကင်မရာထက် နည်းနည်းပိုကောင်းတယ်။ လေယာဉ်လက်မှတ်က အစောကြီးကတည်းက ၀ယ်ထားတာ... Tiger Airline ဆိုတော့ SGD 160 လောက်ပဲရှိတယ်။ ဟိုမှာလည်ဖို့ကိုတော့ Package ၀ယ်ထားတယ်... SGD 450 လောက်ကျတယ် စားတာရော၊ ဟိုတယ်ခပါ အပါအ၀င်။ တူတူသွားမယ့်ထဲမှာပါတဲ့ အစ်မကြီးတစ်ယောက်က Travel and Tour လုပ်တာဆိုတော့ သူပဲအားလုံးစီစဉ်တာပေါ့။


ညဆို (၁၀)နာရီကျော်ကျော်လောက် အိပ်တာ အကောင်းဆုံးပဲလို့ ကြားဖူးတယ်။ ခုတောင် (၁၀)နာရီ ခွဲနေပြီ။ ဒီနေ့တော့ စောစောအိပ်ကြည့်မယ် တာ့တာနော် Zzzz...

Saturday, September 10, 2016

Where We Draw the Line?

မင်္ဂလာညချမ်းပါနော်...
တနေ့လုံးအလုပ်လုပ် အပြင်သွားပြီး ပင်ပန်းနေပေမယ့် မအိပ်သေးဘဲ ဒီနေ့တွေးဖြစ်တဲ့ အကြောင်းအရာလေးတစ်ခုကို စာလေးနည်းနည်းရေးချင်လို့ပါ။ အလုပ်မှာဆို တချို့လူနာတွေက သူတို့မသောက်ရတော့တဲ့ ပိုနေတဲ့ဆေးတွေကို ကန်ဒီတို့ဆီ ပြန်လာပေးတတ်တယ်။ အဲ့လိုလာပေးရင် အရင်အလုပ်မှာဆို ကန်ဒီတို့က လာပေးတဲ့ဆေးတွေကို အရင် Expiry Date တွေ ဘာတွေစစ်တယ်။ Expiry Date မကျော်သေးတဲ့ဆေးမျိုးဆို သက်သက်ဖယ်ထားပြီး Nursing Home ကို ပေးတယ်။ Expiry Date ကျော်သွားတဲ့ဆေးတွေဆို ရေနဲ့ဖျောပြီး ဖျက်ဆီးပစ်တယ်ပေါ့။ အခုနေရာပြောင်းလိုက်တဲ့ အလုပ်မှာကြတော့ လူနာမလိုတော့လို့ လာပေးတဲ့ဆေးတွေအကုန် ရေနဲ့ဖျောပြီး ဖျက်ဆီးပစ်တယ်ပေါ့။ အရင်အလုပ် အခုအလုပ်ပြောနေပေမယ့် Organization က အတူတူပါပဲ။ ကန်ဒီ Branch Tranfer လုပ်လိုက်တဲ့နေရာကို ပြောချင်တာ။

အဲ့ဒါ ဒီနေ့ဆေးတွေကို ရေနဲ့ဖျောရင်း အလုပ်က Senior ကို ပြောဖြစ်တယ်။ အရင်ကဆို ကန်ဒီတို့ Expiry မဖြစ်သေးတဲ့ဆေးတွေဆို Nursing Home ကို ပေးတယ်လို့... ဆေးတွေ Waste မဖြစ်တော့ဘူးပေါ့လို့ ပြောပြတော့ သူကလည်း သူ့အတွေးကို ပြောပြတယ်။ "ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် လူနာဆီက မလိုတော့လို့ ပြန်ရတဲ့ဆေးကို Storage Condition တွေဘာတွေ မတူနိုင်လို့ အာနိသင်မတူမှာစိုးလို့ ကိုယ့်ဆီလာတဲ့ တခြားလူနာတွေကိုတောင် ပြန်မပေးတာ Nursing Home က လူနာတွေကိုကြပေးတယ်ဆို ဒါ Ethic နဲ့ မညီဘူးထင်တယ်။ ကိုယ့်လူနာတွေကျတော့ တန်ဖိုးထားပြီး Nursing Home က လူနာတွေကျတော့ တန်ဖိုးမထားရာရောက်တယ်"တဲ့။ သူအဲ့လိုပြောလိုက်တော့ ကန်ဒီ့စိတ်ထဲ နည်းနည်းတွေဝေသွားတယ်။ သူပြောတာကို ကန်ဒီနည်းနည်းလက်ခံတယ်။ ကိုယ်ဆိုလည်း သူများကျန်လို့ရတာထက်စာရင် အသစ်ပဲလိုချင်မှာပေါ့...

ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်ရင် Nursing Home တို့ဘာတို့ဆိုတာ Budget နည်းနည်းလေးနဲ့ Run နေရတာမျိုးလေ။ ကန်ဒီတို့ဆီလာနေတဲ့ လူနာတွေက ဒီဆေးတွေကို ပိုက်ဆံပေးပြီး ၀ယ်နေနိုင်ပေမယ့် မ၀ယ်နိုင်လို့ မသောက်ရတဲ့လူတွေလည်း အများကြီးရှိတယ်။ ကန်ဒီတို့ Nursing Home ကို အလကားပေးတဲ့ဆေးတွေကလည်း Expiry Date ကျော်နေတဲ့ မကောင်းတော့တဲ့ ဆေးတွေမဟုတ်သလို၊ ဖွင့်ထားပြီးသား Loose Tablet တွေလည်း မဟုတ်ဘူး။ သူ့ Packaging နဲ့သူ မသိရင် အသစ်အတိုင်းပဲ။ အဲ့လို လိုအပ်တဲ့နေရာကို ပေးလိုက်တဲ့အခါ သူတို့အတွက် အကျိုးရှိသလို ဆေးတွေလည်း Waste မဖြစ်တော့ဘူးပေါ့။

ဆေးမှမဟုတ်ပါဘူး၊ ဘယ်ပစ္စည်းမဆို ကိုယ်ကအသုံးမလိုတော့ပေမယ့် သူများအတွက်တော့ လိုအပ်ချက်ကွက်လပ်လေးတစ်ခု ဖြစ်နေနိုင်တယ်။ အဲ့လိုမျိုးဆို ဒီပစ္စည်းကို ငါသုံးထားတဲ့ပစ္စည်းကြီး သူများပေးလို့မကောင်းပါဘူး Ethic နဲ့မညီဘူးဆိုပြီး ပစ်လိုက်မှာလား?? လိုအပ်တဲ့သူဆီ ပေးလိုက်မှာလား?? 

ဒီနေ့တွေးမိတဲ့အတွေးလေးသက်သက်ပါ...
Good Night နော်...