Saturday, September 10, 2016

Where We Draw the Line?

မင်္ဂလာညချမ်းပါနော်...
တနေ့လုံးအလုပ်လုပ် အပြင်သွားပြီး ပင်ပန်းနေပေမယ့် မအိပ်သေးဘဲ ဒီနေ့တွေးဖြစ်တဲ့ အကြောင်းအရာလေးတစ်ခုကို စာလေးနည်းနည်းရေးချင်လို့ပါ။ အလုပ်မှာဆို တချို့လူနာတွေက သူတို့မသောက်ရတော့တဲ့ ပိုနေတဲ့ဆေးတွေကို ကန်ဒီတို့ဆီ ပြန်လာပေးတတ်တယ်။ အဲ့လိုလာပေးရင် အရင်အလုပ်မှာဆို ကန်ဒီတို့က လာပေးတဲ့ဆေးတွေကို အရင် Expiry Date တွေ ဘာတွေစစ်တယ်။ Expiry Date မကျော်သေးတဲ့ဆေးမျိုးဆို သက်သက်ဖယ်ထားပြီး Nursing Home ကို ပေးတယ်။ Expiry Date ကျော်သွားတဲ့ဆေးတွေဆို ရေနဲ့ဖျောပြီး ဖျက်ဆီးပစ်တယ်ပေါ့။ အခုနေရာပြောင်းလိုက်တဲ့ အလုပ်မှာကြတော့ လူနာမလိုတော့လို့ လာပေးတဲ့ဆေးတွေအကုန် ရေနဲ့ဖျောပြီး ဖျက်ဆီးပစ်တယ်ပေါ့။ အရင်အလုပ် အခုအလုပ်ပြောနေပေမယ့် Organization က အတူတူပါပဲ။ ကန်ဒီ Branch Tranfer လုပ်လိုက်တဲ့နေရာကို ပြောချင်တာ။

အဲ့ဒါ ဒီနေ့ဆေးတွေကို ရေနဲ့ဖျောရင်း အလုပ်က Senior ကို ပြောဖြစ်တယ်။ အရင်ကဆို ကန်ဒီတို့ Expiry မဖြစ်သေးတဲ့ဆေးတွေဆို Nursing Home ကို ပေးတယ်လို့... ဆေးတွေ Waste မဖြစ်တော့ဘူးပေါ့လို့ ပြောပြတော့ သူကလည်း သူ့အတွေးကို ပြောပြတယ်။ "ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် လူနာဆီက မလိုတော့လို့ ပြန်ရတဲ့ဆေးကို Storage Condition တွေဘာတွေ မတူနိုင်လို့ အာနိသင်မတူမှာစိုးလို့ ကိုယ့်ဆီလာတဲ့ တခြားလူနာတွေကိုတောင် ပြန်မပေးတာ Nursing Home က လူနာတွေကိုကြပေးတယ်ဆို ဒါ Ethic နဲ့ မညီဘူးထင်တယ်။ ကိုယ့်လူနာတွေကျတော့ တန်ဖိုးထားပြီး Nursing Home က လူနာတွေကျတော့ တန်ဖိုးမထားရာရောက်တယ်"တဲ့။ သူအဲ့လိုပြောလိုက်တော့ ကန်ဒီ့စိတ်ထဲ နည်းနည်းတွေဝေသွားတယ်။ သူပြောတာကို ကန်ဒီနည်းနည်းလက်ခံတယ်။ ကိုယ်ဆိုလည်း သူများကျန်လို့ရတာထက်စာရင် အသစ်ပဲလိုချင်မှာပေါ့...

ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်ရင် Nursing Home တို့ဘာတို့ဆိုတာ Budget နည်းနည်းလေးနဲ့ Run နေရတာမျိုးလေ။ ကန်ဒီတို့ဆီလာနေတဲ့ လူနာတွေက ဒီဆေးတွေကို ပိုက်ဆံပေးပြီး ၀ယ်နေနိုင်ပေမယ့် မ၀ယ်နိုင်လို့ မသောက်ရတဲ့လူတွေလည်း အများကြီးရှိတယ်။ ကန်ဒီတို့ Nursing Home ကို အလကားပေးတဲ့ဆေးတွေကလည်း Expiry Date ကျော်နေတဲ့ မကောင်းတော့တဲ့ ဆေးတွေမဟုတ်သလို၊ ဖွင့်ထားပြီးသား Loose Tablet တွေလည်း မဟုတ်ဘူး။ သူ့ Packaging နဲ့သူ မသိရင် အသစ်အတိုင်းပဲ။ အဲ့လို လိုအပ်တဲ့နေရာကို ပေးလိုက်တဲ့အခါ သူတို့အတွက် အကျိုးရှိသလို ဆေးတွေလည်း Waste မဖြစ်တော့ဘူးပေါ့။

ဆေးမှမဟုတ်ပါဘူး၊ ဘယ်ပစ္စည်းမဆို ကိုယ်ကအသုံးမလိုတော့ပေမယ့် သူများအတွက်တော့ လိုအပ်ချက်ကွက်လပ်လေးတစ်ခု ဖြစ်နေနိုင်တယ်။ အဲ့လိုမျိုးဆို ဒီပစ္စည်းကို ငါသုံးထားတဲ့ပစ္စည်းကြီး သူများပေးလို့မကောင်းပါဘူး Ethic နဲ့မညီဘူးဆိုပြီး ပစ်လိုက်မှာလား?? လိုအပ်တဲ့သူဆီ ပေးလိုက်မှာလား?? 

ဒီနေ့တွေးမိတဲ့အတွေးလေးသက်သက်ပါ...
Good Night နော်...

3 comments:

ငြိမ်းမိန်းကလေး said...

organization က ကြီးလာလေ သူတို့အတွက် လိုက်နာရတဲ့ ethic က တိတိကျကျ ဖြစ်မှရလေ ဆိုတာမျိုးပေါ့။ ဒီနိုင်ငံလို ဥပဒေတင်းကျပ်တဲ့ နိုင်ငံမှာတော့ ethic က ပိုအရေးကြီးမယ်ထင်တယ်။ အသိရုံးမှာ ၀န်ထမ်းတစ်ယောက် အမှိုက်လွှင့်ပစ်ထားတဲ့နေရာက ပစ္စည်းသေးသေးလေး တစ်ခု ကောက်ပြီး အိမ်ယူသွားတာ အတိုင်ခံရလို့ မနည်းပြန်ဖြေရှင်းပြီး ခံဝန်ကတိတွေ ပေးရတယ်။သူ့စိတ်ထဲတော့ မလိုတော့လို့ပဲ အမှိုက်ပုံးထဲ လွှင့်ပစ်ပြီးပြီ၊ သူက လိုတော့ ယူသွားမိတယ်။ လူမှုရေးအမြင်အရဆို အဆင်ပိုပြေသလားလို့။ အလဟသ မဖြစ်တော့ဘူးလေ။ ဒါပေမယ့် ရှုထောင့်တွေ မတူတော့ ကိုယ်က ကောင်းတယ်ထင်မိပေမယ့် company policy ကို awareness ရှိထားတာ ပိုကောင်းမယ်ထင်တယ် ကန်ဒီရေ။

Anonymous said...

I don't know how the nursing home budget run in SG. I would think that most of the medicines they receive are all accounted for in their annual budget. Whatever they receive from a pharmacy would be very insignificant to their budget anyway. If that's the case, I think it makes more sense to destroy the medicine as, like your senior said, there'd be a high chance that these medicines were stored differently and not according to their required guideline.

Candy said...

Thanks for the comments :D